Korean Celebrity

LA concert ဒုတိယ​မြောက်​နေ့မှာ Megan Thee Stallion နဲ့အတူ ပရိသတ်​တွေကို အထူးလက်​ဆောင်တစ်ခု​ပေးခဲ့တဲ့ BTS

BTS အဖွဲ့ဟာ သူတို့ရဲ့ ကမ္ဘာ​​ကျော်သီချင်း “Butter” ကို ၂၀၂၁ ခုနှစ် ​မေလ ၂၁ ရက်​နေ့မှာ ထုတ်​ဝေဖြန့်ချီခဲ့ပြီး သြဂုတ်လ ၂၇ ရက်​နေ့မှာ​တော့ အ​မေရိကန် အဆို​တော် Megan Thee Stallion နဲ့ ပူး​ပေါင်းကာ remix version ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ဒီ version ၂ ခုလုံးဟာ နိုင်ငံတကာမှာ ​အောင်မြင်မှုရရှိခဲ့ပြီး BTS နဲ့ Megan Thee Stallion တို့ရဲ့ live ​ဖျော်​ဖြေမှုကို မြင်​တွေ့ရဖို့ ပရိသတ်​တွေက အရမ်းကို ​​မျှော်လင့်​တောင့်တ​နေခဲ့ကြပါတယ်။

သူတို့ဟာ မကြာ​သေးခင်က ကျင်းပပြုလုပ်ခဲ့တဲ့ American Music Awards ပွဲမှာ ဒီသီချင်းကို အတူ​ဖျော်​ဖြေဖို့ စီစဉ်ထားခဲ့​ပေမဲ့ Megan Thee Stallion ရဲ့ ပုဂ္ဂိုလ်​ရေးကိစ္စ​ကြောင့် အစီအစဉ်က ပျက်သွားခဲ့ရပါတယ်​။ ဒါ​ကြောင့် BTS နဲ့ Megan Thee Stallion တို့ စင်မြင့်​ပေါ်မှာ “Butter” remix ကို အတူတကွ​ ​ဖျော်​ဖြေမယ့် အခွင့်အ​ရေးကို ပရိသတ်​တွေက ဆက်ပြီး ​စောင့်​မျှော်​နေခဲ့ကြပါတယ်။

ကံ​ကောင်းစွာပဲ ဆု​ပေးပွဲနဲ့ ရက်သိပ်မကွာတဲ့ နိုဝင်ဘာလ ၂၈ ရက်​နေ့မှာဆိုရင် ပရိသတ်​တွေရဲ့ ဆန္ဒက ပြည့်ဝသွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီ​နေ့မှာ BTS အဖွဲ့ဟာ ကယ်လိုဖိုးနီးယားက SoFi Stadium မှာ “Permission to Dance On Stage LA tour” ရဲ့ ဒုတိယ​မြောက်​​ concert ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲဟာ BTS အဖွဲ့ရဲ့ ၂ နှစ်ကြာမှ ပထမဆုံး ပြန်လည်ပြုလုပ်တဲ့ tour ဖြစ်တာ​ကြောင့် အစတည်းက LA တစ်မြို့လုံး အုံးအုံးကြွက်ကြွက်ဖြစ်​နေတာလည်း ဖြစ်ပါတယ်။

ဒီ concert မှာ BTS ဟာ သီချင်းအပုဒ်​ရေ ၂၀ ​ကျော်ကို ​ဖျော်​ဖြေခဲ့ပြီး ပွဲချိန်တစ်ဝက်​​လောက်အ​ရောက် “Butter” သီချင်းကို ​ဖျော်​ဖြေတဲ့အချိန်မှာ​တော့ Megan Thee Stallion က BTS နဲ့အတူ စင်မြင့်​ထက်မှာ ​ပေါ်ထွက်လာခဲ့ပြီး ပရိသတ်​တွေကို အံ့အားသင့်​စေခဲ့ပါတယ်။ သူမ ထွက်​ပေါ်လာတဲ့အချိန်မှာ နဂိုတည်းက ကျယ်​လောင်​နေတဲ့ အား​ပေးသံ​တွေက မိုးထိညံ​အောင် ပိုကျယ်​လောင်လာခဲ့ပြီး ဒီ​ performance နဲ့ သက်ဆိုင်တဲ့ clip ​တွေကို ပရိသတ်​တွေက Twitter မှာ ပြန်လည်မျှ​ဝေခဲ့ကြပါတယ်။

အဲ့ဒီ​နေ့ အ​စောပိုင်းတုန်းက Megan Thee Stallion တစ်​ယောက် ကဇာတ်ရုံအတွင်းမှာ ရှိ​နေတဲ့ ဓါတ်ပုံတစ်ပုံထွက်​ပေါ်လာပြီး​နောက် ပရိသတ်​တွေက သူမ ​ပါဝင်လာမယ်ဆိုတာကို ကြိုတင်ခန့်မှန်းထားကြ​ပေမဲ့ အမှန်တကယ်ဖြစ်လာတဲ့အချိန်မှာလည်း အံ့အားသင့်စရာ ​ကောင်း​နေတုန်းပါပဲ။ ဒီ​ဖျော်​ဖြေမှုဟာ ထို​နေ့ညက အ​ကောင်းဆုံး highlight များစွာထဲက တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

RM နဲ့ Megan Thee Stallion တို့ရဲ့ ဒီရိုက်ချက်ဟာဆိုရင် concert မှာရှိ​နေတဲ့သူ​တွေကို​ရော အွန်လိုင်းက​နေ clip ​တွေကို ကြည့်​နေတဲ့သူ​တွေကို​ရော ပြုံး​ရယ်စေခဲ့ပါတယ်။ BTS အဖွဲ့ဝင်​တွေဟာ သီချင်းဆုံးခါနီးမှာ သူမကို စတိတ်စင်ရဲ့ အလယ်ကို ​ခေါ်​ဆောင်ပြီး တစ်​ကိုယ်​တော် ​တောက်ပဖို့ အခိုက်အတန့်ကိုလည်း ​ပေးခဲ့ပါ​​သေးတယ်။ ဒီ​ဖျော်​ဖြေမှုကို ဘယ်ရှု​ထောင့်ကပဲ ကြည့်ကြည့် သူတို့​တွေ အရမ်း ​ပျော်​ရွှင်​နေတယ်ဆိုတာကို မြင်​တွေ့နိုင်ပါတယ်။

​ဖျော်​ဖြေမှုပြီးဆုံးသွားတဲ့ အချိန်မှာ​တော့ Jungkook က သူမကို လက်မ​​​ထောင်ပြကာ ချီးကျူးခဲ့ပြီး Megan Thee Stallion ကလည်း သူမကို ​နွေး​ထွေးစွာ ကြိုဆိုပေးတဲ့ ARMY ​တွေနဲ့ BTS ​တွေကို ​ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အဲ့ဒီ​နောက် RM က သူမရဲ့ ခံစားချက်ကို ​မေးမြန်းတဲ့အခါမှာ​တော့ Megan က “အချိန်ရာသီတိုင်းမှာ hot girl တစ်​ယောက်အဖြစ် ခံစားရ​တယ်” လို့ ပြန်လည်​ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး RM က AMA အတွက် ယခင်က စီစဉ်ထားခဲ့တဲ့ သူတို့ရဲ့ ​​ဖျော်​ဖြေမှုအ​ကြောင်းကို ​ပြောပြခဲ့ပြီး အစီအစဉ်ပျက်သွားတဲ့အတွက် သူတို့အားလုံး အလွန်ဝမ်းနည်းခဲ့ရ​ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါ​ပေမဲ့ ​နောက်ဆုံးမှာ သူတို့ အ​ကောင်အထည်​ဖော်နိုင်ခဲ့ပြီး ဂီတ၊ ​ဖျော်​ဖြေမှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ chemistry ကိုလည်း ပြသနိုင်ခဲ့ပါပြီ။ BTS နဲ့ Megan Thee Stallion တို့ရဲ့ friendship ​လေးကို နောက်ထပ်​ အများကြီး ပို​တွေ့နိုင်ဖို့လည်း မျှော်လင့်​ပါတယ်။

Source : Koreaboo
Photo : Twitter
Written : ZL