Korean Celebrity

Twitter မှာ Jinyoung ကို ထပ်ပြီး ​အောက်ဖဲလှန်လိုက်ပြန်တဲ့ GOT7 troller ​လေး BamBam

GOT7 အဖွဲ့ဝင် BamBam ဟာ သူ့ရဲ့ အဖွဲ့ဝင်​တွေကို အမြဲလိုလို စ​နောက်ပြီး Ahgase ​တွေကို ရယ်ရ​အောင် လုပ်​ပေး​လေ့ရှိပါတယ်။ သူ့ရဲ့ Twitter မှာ အခြားအဖွဲ့ဝင်​တွေရဲ့ meme ပုံ​တွေ၊ dark past ပုံ​တွေကိုလည်း အကြိမ်​ပေါင်းမ​ရေမတွက်နိုင်​အောင်တင်ခဲ့ဖူးပါတယ်။ ဒါ​ကြောင့် Ahgase ​တွေထက်​ GOT7 အဖွဲ့ဝင်​တွေကို troll တဲ့သူလို့​တောင် ဆိုရမှာပါ။ GOT7 အဖွဲ့ဝင်​တွေထဲကမှ BamBam အကြိုက်ဆုံးပစ်မှတ်က​တော့ Jinyoung ပါပဲ။

နိုဝင်ဘာလ ၂၈ ရက်​နေ့တုန်းကလည်း သူဟာ Jinyoung ရဲ့ ရယ်စရာဓါတ်ပုံတစ်ပုံကို တင်ခဲ့ပြီး Ahgase ​တွေကို ပွဲကျ​စေခဲ့ပြန်ပါတယ်။ ဒီဓါတ်ပုံဟာ ဟိုးအရင်က မဂ္ဂဇင်းရိုက်ကူး​ရေးလုပ်တုန်းက ရိုက်ထားတဲ့ ပုံဖြစ်ပြီး Jinyoung ရဲ့ နဂိုရုပ်ခံ​လေးက ​ချော​နေပေမဲ့ ထူးဆန်းတဲ့ ဆံပင်ပုံစံကြီးနဲ့ Jinyoung ရဲ့ အီလည်လည် မျက်နှာထားက ဟာသဖြစ်​နေတာပါ။

တကယ်​​တော့ ဒီပုံဟာ Amino လို K-pop fandom online community ​တွေမှာ Jinyoung ရဲ့ ကျိန်စာသင့်ဓါတ်ပုံ​တွေထဲက တစ်ပုံအဖြစ် စာရင်းသွင်းခံထားရတာလည်းဖြစ်ပါတယ်။ Jinyoung လို မိန်းက​လေးတိုင်းက ကြွေရ​လောက်တဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့သူမှာလည်း တစ်ချိန်တစ်ခါက ထူးဆန်းပြီး မလိုက်ဖက်တဲ့ ဆံပင်ပုံစံ၊ မိတ်ကပ်နဲ့ အဝတ်အစားတို့​ကြောင့် dark past ရှိခဲ့ဖုးတယ်ဆိုတာကို ဒီပုံက အမှတ်​ရ​နေ​စေတာဖြစ်ပါတယ်။

ထိုဓါတ်ပုံနဲ့အတူ BamBam က “အဲ့​တော့… ငါဒီမှာ ဘာလုပ်ခဲ့လဲဆိုတာကို သူသိပုံမ​ပေါ်ဘူး” ဆိုတဲ့ စာကို ​ရေးသားခဲ့ပြီး Jinyoung ကို စ​နောက်ခဲ့ပါ​သေးတယ်။ သူ့ရဲ့ ဒီ Twitter post ဟာဆိုရင် နိုဝင်ဘာလ ၂၉ ရက်​နေ့မှာ 135k likes, 44.1k retweet နဲ့ 6.5k quote tweet ကို​တောင် ရရှိ​နေပြီဖြစ်ပါတယ်။ Ahgase ​တွေကလည်း Jinyoung ရဲ့ တခြား meme ပုံ​တွေကို post ​အောက်မှာ အပြိုင်အဆိုင် ပြန်မန့်ခဲ့ကြပါတယ်။

အဲ့ထဲကမှ BamBam ကို စိတ်ပူ​ပေးတဲ့ ပရိသတ်တစ်​ယောက်ကို​တော့ သူက ဟာသ​နှောပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီ fan က “သူသိသွားရင် ဘယ်လိုလုပ်မလဲ” လို့ မှတ်ချက်​ရေးခဲ့တာဖြစ်ပြီး BamBam က “သူ့ drama အ​ကြောင်းတင်တာ​တောင် မသိ​သေးဘူး။ ကျွန်​တော်က ဒီ Twitter မှာဆို လုံခြုံပြီးသားပဲ” လို့ ပြန်​ဖြေခဲ့ပါတယ်။ BamBam က​တော့ Jinyoung က Twitter မသုံးတာ​ကြောင့် သူထင်တိုင်းကြဲလို့ရတယ်လို့ ထင်ထားပုံပါပဲ။

ဒါ​ကြောင့် Ahagse ​တွေကလည်း BamBam ရဲ့ Tweet ကို screenshot ​တွေရိုက်ပြီး Instagram မှာ Jinyoung ရဲ့ account ကို tag ပြီးတင်တာ​တွေ message သွားပို့တာ​​တွေ လုပ်ခဲ့ကြပါတယ်။ Idol နဲ့ Fan နဲ့ လိုက်လည်း လိုက်ပါ​ပေတယ်။ ဒီတစ်ခါ​တော့ Jinyoung မသိဖို့ဆိုတာ မလွယ်​တော့တာမို့ BamBam တစ်​​ယောက် Jinyoung ဆီက အဆူခံရဖို့ အသင့်ပြင်ထားရ​တော့မယ်ထင်ပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL