Thai Celebrity

စကာတင် (၁၀) ဦးထဲမှ Maya Entertain Awards 2022 ရဲ့ ဇာတ်‌ဆောင်ဆုရှင်က ဘယ်သူဖြစ်လာမလဲ

Maya Entertain Awards 2022 အတွက် ဆုစာရင်းစကာတင်တွေကို ထုတ်ပြန်ကြေညာပြီးတဲ့နောက် ခေါင်း‌ဆောင်မင်းသမီးဆုအတွက် ပရိသတ်တွေက ရနိုင်တဲ့သူတွေကို ထင်ကြေးပေးနေကြပါတယ်။ ဇာတ်လမ်းကောင်းတွေချည်း ထွက်ထားတာဖြစ်ပေမဲ့ ဆုရမယ့်သူကတော့ တစ်ဦးတည်းဖြစ်တာကြောင့် ကျန်ရစ်ခဲ့မယ့်သူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။

Now Tisanart
စာရင်းထိပ်ဆုံးကနေ ပါဝင်လာသူကတော့ မင်းသမီး Now Tisanart ပါ။ သူမကတော့ “Mae Bia” (အဆိပ်ပန်း) နဲ့ စကာတင်ဝင်လာခဲ့တာဖြစ်ပါတယ်။

Taew Natapohn
မင်းသမီး Taew Natapohn ကတော့ ၂၀၂၁ အောက်တိုဘာလအထိ ထူးထူးခြားခြားဇာတ်လမ်းသစ်မရှိပေမဲ့ စကာတင်စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။ Mark Prin နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ဇာတ်လမ်းကတော့ မကြာခင်ထွက်လာဖို့ ရှိပါတယ်။

Pancake Khemanit
ဝါရင့်မင်းသမီးကြီး Pancake Khemanit ကတော့ “I Need Romance” ဇာတ်လမ်းနဲ့ စကာတင်ဝင်လာခဲ့ပါတယ်။ New Thitipoom နဲ့အတူ မနဲ့မောင် အချစ်ဇာတ်‌လမ်းလေးကို ပုံဖော်နိုင်ခဲ့တာကြောင့် နာမည်စာရင်းဝင်လာခဲ့တာပါ။

Bow Maylada
Thai TV3 နဲ့ ပထမဆုံးအကြိမ် တွဲဖက်တဲ့ ဇာတ်လမ်းတွဲ “To Me, It’s Simply You” ကြောင့် မင်းသမီးလေး Bow Maylada က ဆုစာရင်းကို မျှော်မှန်းလို့ရခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်လမ်းလေးက လူကြိုက်များပါတယ်။

Nune Woranuch
မင်းသမီးကြီး Nune Woranuch ကတော့ “Krachao See Da” (နာယာမျဉ်းပြိုင်/ ပန်းနှစ်ပွင့်စီးချင်း) ဇာတ်လမ်းနဲ့ လက်ရှိ တော်တော်ရေပန်းစားနေသူပါ။ စကာတင်စာရင်းလည်း ပါဝင်နိုင်ခဲ့ပြီဖြစ်လို့ ဆုအတွက် ယှဉ်ပြိုင်ရပါ‌တော့မယ်။

Mew Nittha
မင်းသမီးချော Mew Nittha ကတော့ “Duang Tah Tee Sarm” (တတိယမြောက်အာရုံ) ‌ဇာတ်လမ်းနဲ့ ဖမ်းစားထားတာ မကြာသေးပါဘူး။ ဆုရခဲ့ရင်တော့ သမီးဖြစ်သူ Marin လေးအတွက် ပိုပျော်နေဦးမှာပါ။

Bua Nalinthip
“Praomook” (မာယာပုလဲ) ကတော့ မြန်မာနိုင်ငံမှာလည်း တော်တော်နာမည်ကြီးပါတယ်နော်။ မင်းသမီး Bua Nalinthip ကလည်း ဒီဇာတ်လမ်းနဲ့ ဇာတ်လိုက်မင်းသမီးဆုအတွက် စကာတင်ပါလာနိုင်ခဲ့ပါတယ်။

Aom Sushar
၂၀၂၁ ထဲမှာတော့ မင်းသမီး Aom Sushar က ဇာတ်လမ်း ၃ ခုနဲ့ကို စကာတင်ဝင်လာခဲ့တာပါ။ “Girl 2K”, “Mr. Lipstick” နဲ့ “Irresistible” တို့ကြောင့် ဆုရနိုင်ချေက တော်တော်လေးများနေပါတယ်။

Bella Ranee
အလှလေး Bella Ranee ကတော့ performance in “Dare to Love: Hai Ruk Pipaksa” (မင်းအတွက်ဆို ချစ်ရဲတယ်) ဇာတ်လမ်းမှာ ရှေ့နေမလေးအဖြစ် အကောင်းဆုံး သရုပ်‌ဆောင်နိုင်ခဲ့လို့ စကာတင်ဝင်လာခဲ့တာဖြစ်ပါတယ်။

Tubtim Anyarin
စကာတင်စာရင်းရဲ့ နောက်ဆုံးစာရင်းဝင်ကတော့ Tubtim Anyarin ပဲ ဖြစ်ပါတယ်။ “Lhong Klin Chan” ဇာတ်လမ်းထဲက သူမရဲ့ အဓိကဇာတ်လိုက်နေရာကြောင့် ဆုအတွက် ယှဉ်ပြိုင်တော့မှာပါ။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy