Thai Celebrity

October တစ်လတည်းနဲ့ ကမ္ဘာ့အဆင့်နာမည်ကြီးမှု အရှိန်မြင့်နေတဲ့ BL မင်းသားချောများ

ထိုင်း BL မင်းသားတွေရဲ့ နာမည်ကြီးမှုကတော့ တနေ့တခြား အရှိန်အဟုန်မြင့်လာပါတယ်။ BL ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်လောကထဲမှာ နေရာယူထားနိုင်တဲ့ ထိုင်းမင်းသားတွေဟာ အောက်တိုဘာတစ်လတည်းနဲ့တောင်မှာ ကျော်ကြားမှုအရှိန်က မသေးလှပါဘူး။ ၂၀၂၁ အောက်တိုဘာလအတွင်း ကမ္ဘာ့ကျော်ကြားမှုစာရင်းကို အပိုင်သိမ်းထားတဲ့ BL မင်းသားတွေကတော့ အောက်ပါအတိုင်းပါပဲ။

(1) Mew Suppasit

အဆင့် (၁) နေရာကို သိမ်းပိုက်ထားသူကတော့ ထိုင်း BL မင်းသားချော Mew Suppasit ပါပဲ။ သီချင်းအသစ်ဖြစ်တဲ့ “Spaceman” ကို ထွက်ရှိပေးထားတဲ့အပြင် ဒီသီချင်းက Billboard ရဲ့ Hot Trending Song စာရင်းမှာ အဆင့် (၇) အထိ ချိတ်ဆွဲနိုင်ပြီး ကျော်ကြားမှုစံချိန်တင်ထားပါတယ်။

(2) Bright Vachirawit

နာမည်ကြီးကျော်ကြားနေတဲ့ မင်းသား Bright Vachirawit ကတော့ အဆင့် (၂) နေရာမှာ ရောက်ရှိနေပါတယ်။ Bright ရဲ့ ဇာတ်လမ်းသစ်ဖြစ်တဲ့ “F4 Thailand: Boys Over Flowers” ကလည်း ထွက်လာတော့မှာဖြစ်လို့ Bright ရဲ့ အချေပုံစံကိုကြည့်ဖို့ ရင်ခုန်နေကြပါပြီ။

(3) Win Metawin

လက်ရှိ ကမ္ဘာ့အဆင့်ကျော်ကြားမှု အဆင့် (၃) ကတော့ Bright Vachirawit ရဲ့ အကောင်းဆုံးတွဲဖက် Win Metawin ပါပဲ။ Win ကလည်းပဲ “F4 Thailand: Boys Over Flowers” ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်အဖြစ် Bright နဲ့အတူ ထပ်မံတွဲဖက်ပြီးသရုပ်ဆောင်ထားတာဖြစ်လို့ စောင့်ကြည့်ဖို့ အားခဲနေကြပါပြီ။

(4) Saint Suppapong

မင်းသားချော Saint Suppapong ကတော့ အောက်တိုဘာလစာရင်းမှာ အဆင့် (၄) နေရာကိုရောက်ရှိနေပါတယ်။ မကြာခင်မှာ “Sing Again” ဆိုတဲ့ Remake ကိုလည်း ရိုက်ကူးနေတာဖြစ်လို့ အားပေးသူတွေ စောင့်နေကြတာပါ။ ကျန်ရှိနေတဲ့ Top (10) စာရင်းဝင်တွေကတော့…

(5) Gulf Kanawut

(6) Tay Tawan

(7) Krist Perawat & Singto Prachaya

(8) Billkin Puttipong

(9) Earth Pirapat

(10) Atthaphan Poonsawat တို့ပဲ ဖြစ်ကြပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy