Thai Celebrity

ဖူးစာရေစက် ကုန်ဆုံးသွားပြီဖြစ်လို့ Hi-So Oat နဲ့ လမ်းခွဲလိုက်ကြောင်း Min Pechaya အတည်ပြု

မင်းသမီးချော Min Pechaya နဲ့ သူမရဲ့ ချစ်သူ‌ Hi-So Oat Pitak တို့ဟာ ၅ နှစ်ကျော်ကြာတွဲခဲ့တဲ့ ချစ်သူစုံတွဲပါ။ ဒီစုံတွဲလေးက တော်တော်လေး Ro ပြီး ကြည့်ရတာ အေးချမ်းတာကြောင့် မင်္ဂလာဆောင်တဲ့အထိ တွဲလက်တွေမြဲလိမ့်မယ်လို့ ထင်ခဲ့မိကြပါတယ်။ ဒါပေမဲ့လည်း Min ကတော့ Hi-So Oat နဲ့ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း လူကြိုက်များတဲ့အစီအစဉ်တစ်ခုမှာ ထုတ်ဖော်ပြောကြားရင်း အတည်ပြုခဲ့ပါတယ်။

November ၄ ရက်နေ့က မင်းသမီး Min Pechaya ဟာ လူသိများတဲ့ YouTube ရှိုး ‘The Driver’ ကို အထူးဧည့်သည်အဖြစ် လာရောက်ခဲ့ပါတယ်။ အကြောင်းမျိုးစုံပြောကြရင်းနဲ့ Min ဟာ သူမရဲ့ အချစ်ရေးအကြောင်းကို ထုတ်ပြောခဲ့ပါတော့တယ်။ “ကျွန်မက အခု Single ပါ။ single ဖြစ်နေတာ ၄ လကျော်ရှိနေပါပြီ။

အကြောင်းအရင်းထက် ဘဝကြီးက ဒီလိုပဲ ‌ရှေ့ဆက်ရမယ်မလား? အီစီကလီလုပ်နေတဲ့သူမျိုးလည်းမရှိသေးပါဘူး။ စိတ်နှလုံးသားတံခါးကိုတော့ အမြဲဖွင့်ထားပါတယ်။ တကိုယ်တည်း အချိန်သီးသန့်တစ်ခုတော့ လိုတာပေါ့။ ဘယ်လိုလူမျိုးကိုကြိုက်လဲဆိုရင်တော့ ရီစရာကောင်းပြီး ဟာသတွေပြောတတ်တဲ့ကောင်‌လေးတွေကိုတော့ သဘောတွေ့တယ်။

ရုပ်ရည်ပိုင်းက ကိစ္စမရှိပါဘူး။ ရုပ်ချောတာက ဘာမှလုပ်လို့မရဘူးလေ။ အဲ့တော့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး အာရုံမရှိပါဘူး” လို့ အနည်းအကျဉ်းပြောပြခဲ့ပါတယ်။ Min ကတော့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး သိပ်‌ထုတ်ပြောလေ့ မရှိပါဘူး။

အခုတစ်ခေါက်ပြောခဲ့တာက ပထမဆုံးအကြိမ်ဖြစ်ပြီး သူမရဲ့ လမ်းခွဲခြင်းအကြောင်းကို အတည်ပြုသွားခဲ့ပါတယ်။ Hi-So Oat Pitak နဲ့ Min Pechaya တို့ဟာ ၅ နှစ်ကျော်ကြာ‌တွဲခဲ့ကြတာပါ။ ၂၀၂၁ အတွင်းမှာ ရေစက်ကုန်သွားလို့ လမ်းခွဲပြတ်စဲပြီး ကိုယ့်လမ်းကိုယ်စီလျှောက်လှမ်းကြ‌တဲ့ နောက်ထပ် နာမည်ကြီးစုံတွဲပဲ ဖြစ်ပါတယ်။

Source: ThaiToday
Photos: Instagram
Translated by Ivy