Thai Celebrity

Siam Series Awards 2021 အတွက် ကျန်ရှိနေသေးတဲ့ ဆုရအနုပညာရှင်များ ပေါ်ထွက်လာ

Siam Series Awards 2021 အတွက် ပထမပိုင်း ဆုရအနုပညာရှင်များစာရင်းမှာ BL မင်းသားများနဲ့စုံတွဲတွေ အများအပြားပါဝင်လာပြီးနောက် ကျန်ရှိနေတဲ့ ဒုတိယပိုင်းမှာလည်း နာမည်ကြီးအနုပညာရှင်တွေနဲ့အတူ BL မင်းသားတွေက ဆက်လက်ပြီး ပါဝင်လာခဲ့ပြန်ပါတယ်။

Mark Prin
မင်းသား Mark Prin ကတော့ ဒီနှစ်အတွက် အကောင်းဆုံး ခေါင်းဆောင်မင်းသား ဆုကို “My Husband in Law” ဇာတ်လမ်းနဲ့ ရရှိသွားခဲ့ပါတယ်။

Bella Ranee
ထိပ်တန်းမင်းသမီး Bella Ranee ဟာ “Roy Leh Marnya” ဇာတ်လမ်းတွဲကြောင့်ပဲ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုကို ထိုက်တန်စွာ ရရှိထားခဲ့ပြန်ပါပြီ။

Chimon Wachirawit
“The Gifted: Graduation” ဇာတ်လမ်းနဲ့ နာမည်ကြီးလာတဲ့ မင်းသား Chimon Wachirawit ကတော့ ရေပန်းအစားဆုံးဇာတ်ပို့မင်းသားဆု ကို လက်ခံရယူထားခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ဆုရအနုပညာရှင်တွေကတော့…

Louis Scott (The Best Actor in Supporting Role from “Roy Leh Marnya”)

Mike Pattaradet & Mookda Narinrak (The Beloved Imaginary Couple of Thailand Headlines & Mangu)

Smile Parada (The Most Popular Supporting Actress from “I Told Sunset About You)

Wawa Nichari (The Best Actress in Supporting Role from “Roy Leh Marnya”)

Earth Pirapat (The Most Popular Leading Actor from “A Tale of Thousand Stars”)

Richy Oranate (The Most Popular Leading Actress from “Sorn Ngao Ruk”)

I Told Sunset About You (The Beloved Drama Series of Thailand Headlines & Mangu)

I Told Sunset About You (The Most Popular OST song) တို့ပဲ ဖြစ်ကြပါတယ်။

Siam Series Awards ကတော့ ဆုများကြားမှာ နာမည်ကျော်ကြားတဲ့ ဆုတစ်ခုဖြစ်ပြီး နှစ်စဉ် ထူးချွန်အနုပညာရှင်တွေကို ဆုပေးအပ်ချီးမြှင့်လေ့ရှိပါတယ်။ ဒီနှစ်အတွက် ဆုရအနုပညာရှင်တွေကတော့ ပရိသတ်တွေအတွက် အကောင်းဆုံး ဖန်တီးမှုတွေ ချပြထားခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

Source: Thaiupdate
Photos: Instagram
Translated by Ivy