Thai Celebrity

“2gether: The Movie” ရုပ်ရှင်နဲ့ တခဲနက်အားပေးမှုတွေ ထပ်မံရရှိခဲ့ပြန်တဲ့ Bright-Win စုံတွဲ

Bright-Win စုံတွဲရဲ့ အမာခံပရိသတ်ကြီးတို့ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့ရတဲ့ ‘2gether: The Movie’ ရုပ်ရှင်ကတော့ နိုဝင်ဘာလ (၁၁) ရက်နေ့မှာပဲ ထိုင်းနိုင်ငံမှာ စတင်ပြသခဲ့ပါပြီ။ ‘2gether: The Series’ နဲ့ ‘Still 2gether’ တို့ကို မှီငြမ်းပြီး ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ‘2gether: The Movie’ ဟာ ဂျပန်နိုင်ငံမှာတော့ ဇွန်လ (၄) ရက်နေ့ကတည်းကတိုင် ပြသခဲ့ပါတယ်။

Bright-Win အတွဲရဲ့ လူစိတ်ဝင်စားမှုအများဆုံးရုပ်ရှင်ဖြစ်တာကြောင့် တရားဝင်ထွက်ရှိလာမယ့်အ‌ချိန်ကိုစောင့်နေခဲ့ကြပေမဲ့ ကိုဗစ်ကြောင့်ပဲ ပြသမယ့်ရက်ကို နောက်ဆုတ်ထားရတာပါ။ ရုပ်ရှင်မထွက်ခင် တစ်ရက်အလို နိုဝင်ဘာလ (၁၀) ရက်နေ့ကတည်းကတိုင် ကမ္ဘာ့ပရိသတ်တွေက Twitter တခွင်မှာ Trending ဝင်အောင်ဖန်တီးရင်း ကြိုဆိုခဲ့ကြပါတယ်။

BrightWin စုံတွဲကလည်း ဒီကားလေးထွက်လာရင် သေချာသွားကြည့်ဖို့အထိ ပြောကာ တိုက်တွန်းထားတာဖြစ်လို့ ဒီရုပ်ရှင်ကို နှစ်ယောက်သား ဘယ်လောက်တောင် စိတ်နှစ်ထားသလဲဆိုတာ ပေါ်လွင်နေပါတယ်။ နိုဝင်ဘာ (၁၁) ရက်နေ့မှာတော့ ‘2gether: The Movie’ ဟာ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်ရုံအများအပြားမှာ တရားဝင် စတင်ရုံတင်ပြသခဲ့ပြီး မြောက်မြားလှစွာသော ကြည့်ရှုအားပေးသူတွေနဲ့အတူ ပရိသတ်တွေရဲ့ ကျေနပ်အားရမှုတွေကတော့ ညံညံဝေနေပါတာ့တယ်။

Series (၂) ခုကတည်းက BrightWin စုံတွဲရဲ့ ပရိသတ်တွေက အများကြီးရှိတာကြောင့် ရုပ်ရှင်ထွက်လာချိန်မှာတော့ ရသခံစားမှုအသစ်ကြောင့် ကြည့်ရှုသူတွေ နှစ်ထောင်းအားရဖြစ်ပြီး ကျေနပ်နေကြပါ‌တော့တယ်။ ‘2gether: The Movie’ ကတော့ တပိုင်းတည်းအပြီးနဲ့ လူသား ၂ ဦးကြားက အချစ်၊ ပျော်ရွှင်မှုတွေကို အနုပညာလက်ရာသစ်တွေ ဖန်တီးပြသနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Bright နဲ့ Win ကတော့ နိုဝင်ဘာ (၁၁) ရက်နေ့မှာ ထွက်တဲ့ ‘2gether: The Movie’ ရုပ်ရှင်အပြင် (၂၀) ရက်နေ့မှာထွက်လာတဲ့ ‘F4 Thailand: Boys Over Flowers’ နဲ့လည်း အပြတ်အသတ် နေရာယူရင်း ပရိသတ်တွေကို သိမ်းပိုက်ဦးမှာဖြစ်လို့ Bright-Win စုံတွဲကို တဝကြီးကြည့်ရင်း နှစ်သစ်ကူးနိုင်မှာပဲ ဖြစ်ပါတော့တယ်။

Source: ThaiToday
Photos: Twitter
Translated by Ivy