Thai Celebrity

Taew Natapohn နှင့် သူမ၏အကောင်းဆုံး Thai TV3 တွဲဖက်မင်းသား (၆) ဦး

Thai TV3 နဲ့ (၁၀)နှစ်ကျော်ကြာ လက်တွဲအလုပ်လုပ်နေတဲ့ မင်းသမီး Taew Natapohn ကတော့ တကယ့်ထိပ်တန်းမင်းသားတွေနဲ့ချည်း အတူတူသရုပ်ထားဖူးတဲ့ မင်းသမီးတစ်ဦးပါ။ Thai TV3 ရဲ့ မင်းသားတွေကလည်း Taew ရဲ့ အနုပညာခရီးလမ်းမှာ အောင်မြင်မှုတွေ အတူရယူခဲ့ကြပါတယ်။ Taew အတွက် အကောင်းဆုံး Thai TV3 မင်းသား (၆) ဦးကတော့..

Boy Pakorn

Taew Natapohn ကတော့ ခန့်ချောမင်းသား Boy Pakorn နဲ့ ၂၀၁၂ ဇာတ်လမ်းတွဲဖြစ်တဲ့ “Tawan Chai Nai Marn Mak” မှာ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အေဂျင်စီတူ သရုပ်‌ဆောင် ၂ ဦးရဲ့ လိုက်ဖက်မှုကတော့ ချီးကျူးမှုတွေ အများကြီးရခဲ့ပါတယ်။

Nadech Kugimiya

ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ Nadech Kugimiya ကတော့ Taew Natapohn နဲ့အတူ “Lom Sorn Ruk” ဇာတ်လမ်းကို ၂၀၁၅ တုန်းက ရိုက်ကူးဖူးပါတယ်။ ထိပ်တန်းသရုပ်ဆောင် ၂ ဦးရဲ့ ပေါင်းစည်းမှုဖြစ်တာကြောင့် ဇာတ်လမ်းအရည်အသွေးကတော့ ရှယ်ပါပဲ။ Nadech နဲ့ Taew ရဲ့ ဇာတ်လမ်းသစ်လေးကလည်းရှိနေတော့ သတင်းစွင့်နေကြပါဦးနော်။

Mario Maurer

မင်းသားချော Mario Maurer ဟာ Taew ရဲ့ အကောင်းဆုံး co-star တွေထဲက တစ်ဦးပါ။“Plerng Torranong” နဲ့ “Roy Ruk Hak Liam Tawan” ဇာတ်လမ်း (၂) ခု တွဲဖက်ရိုက်ကူးခဲ့တဲ့အထိ လွန်စွာ လိုက်ဖက်ညီနေခဲ့တာပါ။

Ken Phupoom

၂၀၁၆ တုန်းကထွက်ခဲ့တဲ့ “Nakee” ဇာတ်လမ်းကိုတော့ ထိုင်းပရိသတ်ကြီးတိုင်း စိတ်ဝင်တစားကြည့်ဖူးကြပါလိမ့်မယ်။ Taew နဲ့ မင်းသား Ken Phupoom တို့ရဲ့ အကောင်းစားပေါင်းစည်းရိုက်ကူးမှု လက်ရာအဖြစ် နာမည်ကြီးပါတယ်။

Mark Prin

၂၀၁၇ တုန်းက Taew ဟာ Mark Prin နဲ့အတူ “Rak Nakara” ကို တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့အတွဲညီမှုကြောင့် ထပ်မံတွဲဖက်ရိုက်ကူးစေချင်တဲ့ဆန္ဒဟာ ၂၀၂၁ မှာ ပြည့်သွားခဲ့ပါတယ်။ Taew ဟာ Mark နဲ့အတူ “Game of Outlaws” ဆိုတဲ့ အက်ရှင်အချစ်ကားကို ရိုက်ကူးထားပြီးပါပြီ။

James Jirayu

ပရိသတ်တွေ အတွဲစေချင်ဆုံးစုံတွဲကတော့ James နဲ့ Taew အတွဲပါ။ “Nueng Dao Fah Diew”, “Game Sanaeha” နဲ့ “Leh Bunpakarn” ဇာတ်လမ်း (၃) ခုတိတိ တွဲဖက်ရိုက်ကူးနိုင်တဲ့အထိ လိုက်ဖက်နေခဲ့တာပါ။ လက်တွေ့မှာလည်း ဒီအတွဲကို တွဲဖက်စေ‌ချင်ကြောင်း ဆန္ဒတွေရှိခဲ့ကြဖူးပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy