Thai Celebrity

‘2021 Asia Artist Awards’ မှာ ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်သွားမယ့် BrightWin စုံတွဲ

‘2021 Asia Artist Awards’ ဟာ လာမယ့် ဒီဇင်ဘာလ (၂) ရက်နေ့မှာ ခမ်းနားစွာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ တောင်ကိုရီးယားအနုပညာရှင်တွေအပြင် အာရှနိုင်ငံတွေက နာမည်ကြီးအနုပညာရှင်တွေပါ တက်ရောက်သွားလာမယ့် ဆုချီးမြှင့်ပွဲကြီးဖြစ်ပါတယ်။

၂၀၂၁ အတွက် ထိုင်းနိုင်ငံရဲ့ ကိုယ်စားပြုအနုပညာရှင်‌တွေအဖြစ် အားလုံးရဲ့အချစ်‌ရဆုံးစုံတွဲ Bright Vachirawit နဲ့ Win Metawin တို့က တက်ရောက်မယ့်အကြောင်း နိုဝင်ဘာ (၁၁) ရက်နေ့ကပဲ အတည်ပြုကြေညာခဲ့ပါတယ်။ ပြည်ပကအနုပညာရှင်တွေအနေနဲ့ ကိုဗစ်စည်းမျဉ်းသတ်မှတ်ချက်တွေကြောင့် အွန်လိုင်းကနေတဆင့် တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

‘2021 Asia Artist Awards’ မှာ ကိုယ်စားပြုဖြစ်တဲ့ BrightWin အကြောင်းကိုတော့… ‘2gether: The Series’ နဲ့ ‘Still 2gether’ တို့ကြောင့် ကမ္ဘာ့ပရိသတ်အများအပြားပိုင်ဆိုင်ထားတဲ့ မင်းသားနှစ်ယောက်ဖြစ်တဲ့ပြီး နှစ်ယောက်တွဲအနေနဲ့ ‘Thailand Social Awards 2021’, ‘Tokyo Drama Awards 2021’ စတဲ့ ကြီးကျယ်ခမ်းနားတဲ့ဆုတွေအပြင် အခြားသော ဆုပေါင်းများစွာကိုလည်း နှစ်ကိုယ်တူ စွမ်း‌ဆောင်နိုင်ခဲ့တဲ့ လူငယ်မျိုးဆက်သစ် သရုပ်ဆောင် (၂) ဦးအဖြစ် ချီးကျူးရေးသားထားပါတယ်။

အခြားသောအာရှတိုက်ရဲ့ အနုပညာရှင်ပေါင်းများစွာနဲ့အတူ ထိုင်းနိုင်ငံအနုပညာလောကတစ်ခုလုံးရဲ့ ကိုယ်စားပြုအဖြစ် ပွဲတက်တော့မယ့် BrightWin စုံတွဲက‌တော့ ‘2021 Asia Artist Awards’ ဆုပေးပွဲမှာ ဘယ်ဆုတွေကို ဆွတ်ခူးရရှိသွားဦးမလဲဆိုတာကတော့ ရင်ခုန်စရာပါပဲနော်။ ကောင်လေး ၂ ယောက်ရဲ့အောင်မြင်ကျော်ကြားမှုအတွက်လည်း ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်။

Source: Newsen
Photos: Newsen
Translated by Ivy