Thai Celebrity

အသက် (၄၀) ကျော်မင်းသမီးတွေနဲ့အတူ မနဲ့မောင် ဇာတ်လမ်းသစ်တွေ ရိုက်ကူးထားတဲ့မင်းသားများ

ထိုင်းထုတ်လုပ်သူတွေဟာ ဇာတ်လမ်းသစ်ရိုက်ကူးရင် သက်တူရွယ်တူ၊ အသက်သိပ်မကွာတဲ့သရုပ်ဆောင်တွေကို တွဲဖက်ရိုက်ကူးလေ့ရှိကြပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြားအနေနဲ့ မနဲ့မောင်ဇာတ်လမ်းတွေရိုက်ကူးတဲ့အခါ တော်တော်လေးအသက်ကွာတဲ့ တွဲဖက်တွေကို ပေါင်းစည်းစေခဲ့ပြန်ပါတယ်။ အသစ်ထွက်လာမယ့်ဇာတ်လမ်းတွေထဲမှာ အသက် (၄၀) ကျော် မင်းသမီးတွေနဲ့အတူ အသက် (၂၀) ကျော် မင်းသားတွေရဲ့ စုံဆည်းမှုကို ကြည့်ရှုရမှာပါ။

Karat Ruk

အသက် (၂၈) နှစ်အရွယ် မင်းသားချော James Jirayu ကတော့ ဝါရင့်မင်းသမီးကြီး Anne Thongprasom နဲ့အတူ “Karat Ruk” ကို ရိုက်ကူးထားပါတယ်။ Anne က အသက် (၄၅) နှစ်ရှိပြီဖြစ်တာကြောင့် အသက်ကွာခြားမှုက ၁၇ နှစ်လောက်ရှိပါတယ်။ သရုပ်ဆောင်ကောင်းသူ ၂ ဦးဖြစ်တာကြောင့် စိတ်ဝင်စားမှု များစွာရရှိနေတဲ့ဇာတ်လမ်းတွဲပါ။

Kem Sorn Plai

အသက် (၄၁) နှစ်အရွယ် Nune Woranuch ဟာ မင်းသားငယ်လေး Kao Jirayu နဲ့ remake ဇာတ်လမ်းဖြစ်တဲ့ “Kem Sorn Plai” မှာ ထပ်မံတွဲဖက်ရိုက်ကူးခဲ့ပါတယ်။ Kao က အသက် ၂၆ ပြည့်ပြီးဖြစ်လို့ အသက်ကွာခြားမှု (၁၅) နှစ်လောက်ရှိတဲ့ မနဲ့မောင် ရိုဆန်ဆန်ကားကို ကြည့်ရမှာပါ။ ဓာတ်ပုံတွေထဲမှာတောင် လွန်စွာလိုက်ဖက်နေတာကြောင့် ဇာတ်လမ်းကတော့ ကြည့်ကောင်းမှာ သေချာပါတယ်။

First Look U R My Makeup

၂ နှစ်လောက်အနားယူထားတဲ့ အသက် (၄၀) အရွယ်မင်းသမီး Janie Thienphosuwan ဟာ “First Look U R My Makeup” ဇာတ်လမ်းသစ်နဲ့ Comeback လုပ်တော့မှာဖြစ်ပါတယ်။ တွဲဖက်မင်းသားကတော့ အားလုံးရဲ့အချစ်တော်မင်းသားလေး အသက် (၂၃) နှစ်အရွယ် Gulf Kanawut ပါပဲ။

မနဲ့မောင် အပီအပြင် ရိုဆန်တာတွေကို ချပြချင်လို့ အသက်ကွာခြားမှု (၁၇) နှစ်လောက် ကွာအောင် တမင်ရွေးချယ်တွဲဖက်စေခဲ့ကြောင်း ဒါရိုက်တာက ပြောပြခဲ့ဖူးပါတယ်။ Gulf အတွက် ပထမဆုံးရိုက်ကူးတဲ့ Normal ဇာတ်လမ်းကိုမှ ဝါရင့်မင်းသမီးကြီးနဲ့တွဲဖက်ရတာဖြစ်လို့ အကောင်းဆုံးသရုပ်‌ဆောင်နိုင်မယ်လို့ ပရိသတ်တွေက ယုံကြည်ထားကြပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy