Thai Celebrity

Alek နဲ့ သာမန်ထက်ပိုတဲ့ရင်းနှီးမှုကိုမေးမြန်းတော့ ရှက်သွေးဖြာနေခဲ့တဲ့ Bow Maylada

Alek Teeradetch နဲ့ Bow Maylada တို့ကတော့ “R U OK?” MV ရိုက်ကူးပြီးတဲ့နောက် တတွဲတွဲဖြစ်လာခဲ့တာကြောင့် ပရိသတ်တွေက သူတို့နှစ်ယောက် တွဲနေကြပြီလို့တောင် ထင်နေကြပါတယ်။ သူငယ်ချင်းထက်ပိုတဲ့ နွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကြောင့် တကာ်လည်းတွဲဖြစ်ကြဖို့ကို ဆန္ဒရှိနေခဲ့ကြတာပါ။

Bow ဟာ Mik Thongraya နဲ့ လမ်းခွဲပြတ်စဲပြီးတဲ့နောက် လွတ်လပ်ပျော်ရွှင်နေခဲ့ပြီး အခုချိန်မှာ Alek နဲ့ ပတ်သက်မှုရှိမယ်ဆိုပြီး ထင်ကြေးပေးသတင်းထွက်လာခဲ့တာပါ။ မကြာသေးခင်က Bow Maylada ဟာ အင်တာဗျူးတစ်ခုဖြေခဲ့ရင်း မေးမြန်းသူက Alek အကြောင်း အမေးအဖြေတွေလုပ်တော့ Bow တစ်‌ယောက် ရှက်ရမ်း, ရမ်းနေခဲ့ပါတော့တယ်။

Bow ဖြေခဲ့သမျှကို စုစည်းပြီးဖော်ပြရရင် “ဘာလို့ရှက်နေမိလဲဆိုတာ မသိတော့ပါဘူး။ MV ရိုက်ကူးတုန်းက တော်တော်လေး ပျော်ခဲ့ပါတယ်။ Alek နဲ့ပတ်သက်မှုကိုပြောရရင် ကျွန်မအတွက် ချစ်စရာကောင်းတဲ့ အကိုတစ်ယောက်လိုပါပဲ။ ဒါပေမဲ့ ဘာလို့ ရှက်သွေးဖြာနေရလဲဆိုတာ မသိတော့ပါဘူး။ တကယ်လို့ ကျွန်မတို့ရဲ့ပတ်သက်မှုကိုသိချင်ရင် P’ ကိုပဲ မေးလိုက်ပါနော်။

ကျွန်မက မိန်းမသားဆိုတော့ ဒီလိုမေးခွန်းတွေကို P’ ဖြေတာ ပိုသင့်တော်ပါတယ်။ (ဒါပေမဲ့ Alek အကြောင်း ဆက်ပြောဖြစ်ရင်း) သူက ကျွန်မကို အများကြီးကူညီစောင့်ရှောက်ပါတယ်။ အကျိုးသင့် အကြောင်းသင့်ရှိပြီး အမြဲလိုလို စိတ်က တသတ်မတ်တည်းရှိတယ်။ ကျွန်မပေါ်တင်မကဘူး လူတိုင်းအပေါ်မှာ သဘောကောင်းတဲ့သူပါ။

ကျွန်မတို့နှစ်ယောက် အတူတူဆိုင်ထိုင်ကြပြီး အလုပ်အကြောင်း ဆွေးနွေး‌ဖြစ်ကြတယ်။ ကျွန်မကအခုချိန်ထိ single ပါပဲ (ရယ်လျက်)။ စိတ်ရောကိုယ်ပါ နှလုံးသားလေးကော အကုန်ကျန်းမာချမ်းသာပါတယ်။ Alek ကြောင့် လှလာတယ် ဆိုတာထက် ကျွန်မကိုယ်တိုင်ပိုလှအောင် ပြုပြင်နေထိုင်လို့ပါ” ဆိုပြီး ဖြေဆိုပေးခဲ့ပါတယ်။

Bow ပြောသွားတာက အများကြီးပဲမို့လို့ အကျဉ်းချုံ့ဖော်ပြထားတာပါ။ ခုရက်ပိုင်းတွေမှာ Bow နဲ့ Alek က တတွဲတွဲနဲ့ ပျော်ရွှင်နေကြတဲ့ပုံရိပ်ကတော့ Fan တွေကြားထဲ လူပြောများနေပါ‌တယ်။ Bow တစ်‌ယောက် Mik နဲ့ပြတ်သွားပြီး နောက်ထပ်အချစ်သစ်ရှာတွေ့နိုင်ဖို့ပါ အားပေးနေကြပါတယ်။

Source: Thaidaily
Photos: Instagram
Translated by Ivy