Thai Celebrity

ထိုင်းအစိုးရကပေးအပ်တဲ့ ဂုဏ်ပြုလက်မှတ်ကို သမီးလေးကိုယ်စား လက်ခံရယူခဲ့တဲ့ Lisa ရဲ့ မေမေ

ထိုင်းနိုင်ငံသူလေး Lisa ရဲ့ ကျော်ကြားမှုကြောင့် မွေးရပ်မြေ‌ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အလယ် မျက်နှာပန်းပွင့်နေခဲ့ပါတယ်။ Lisa ကတော့ နိုဝင်ဘာလ (၁၅) ရက်နေ့မှာပဲ Buriram ပြည်နယ်ရဲ့ ထိုင်းအစိုးရဟာ ဂုဏ်ထူးဆောင် အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Lisa ဟာ ကလေးသူငယ်များ စာပေလေ့လာရေးနဲ့ လူငယ်ထုအတွက် စံပြပုဂ္ဂိုလ်အဖြစ် ရှေ့ဆောင်လမ်းပြနေခဲ့ပြီး တဖက်တလမ်းကနေ ငွေကြေးလှူဒါန်းနေခဲ့တာကြောင့် ယခုလို ဂုဏ်ပြုလက်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ Lisa ကိုယ်တိုင်က လာရောက်တက်ယူနိုင်ခြင်းမရှိတာကြောင့် သမီးလေးကိုယ်စား မိခင်ဖြစ်သူ Jitthip Breuchweiler က လက်ခံရယူခဲ့ပါတယ်။

ဒီဂုဏ်ထူးဆောင်လက်မှတ်ဟာ “ပညာရေးအတွက် အထောက်အပံ့ပေးနေပြီး ရှေ့ဆောင်လမ်းပြအဖြစ် လမ်းညွှန်ပြသနိုင်သူများအား ချီးမြှင့်တဲ့လက်မှတ်” လည်းဖြစ်ပါတယ်။ Buriram ပြည်နယ်ရဲ့ လူငယ်ထုအတွက် စံပြပုဂ္ဂိုလ်ဖြစ်လာတဲ့ Lisa အတွက် မိခင်ဖြစ်သူကတော့ ဂုဏ်ပြုလက်မှတ်ကိုကြည့်ရင်း ပီတိဖြစ်နေခဲ့ပါတော့တယ်။

Buriram Province ပြည်နယ်မှာရှိတဲ့ Non Suwan Pittayakhom School ကျောင်းဟာ နိုင်ငံတကာယဉ်ကျေးမှု ဖလှယ်ခြင်းအတွက် တောင်ကိုရီးယားရဲ့ ဖောင်‌ဒေးရှင်းနဲ့ လက်တွဲလုပ်ဆောင်နေတာပါ။ ဒီဖောင်ဒေးရှင်းကလည်း Lisa မှတဆင့် “YG Entertainment” နဲ့ ထပ်မံလက်တွဲထားတာလည်းဖြစ်ပါတယ်။ ပြောရရင်တော့ Lisa ကြောင့်ပဲ ပညာရေးအခွင့်အလမ်းတွေ ပိုမိုပွင့်လင်းချိတ်ဆက်နိုင်လာတာဖြစ်ပြီး ယခုချိန်မှာ တိုးတက်ခေတ်မီတဲ့ လူငယ်ထုတွေကို မွေးထုတ်ပေးနိုင်နေပြီဖြစ်ပါတယ်။

Source: DailyNews
Photos: DailyNews
Translated by Ivy