Thai Celebrity

လူမျိုးတစ်မျိုးမကဘဲ သွေးစပ်ထားတာကြောင့် နာမည်ကြီးကြတဲ့ ထိုင်းကြယ်ပွင့်များ (အပိုင်း ၁)

ထိုင်းနိုင်ငံရဲ့ အနုပညာရှင်တွေထဲမှာ ထိုင်းစစ်စစ်တွေတင်မကဘဲ အခြားသောနိုင်ငံခြားသွေးနဲ့ရောတဲ့ သရုပ်‌ဆောင်တွေက အများကြီးပါပဲ။ မငးသားတွေထဲမှာ ထင်ရှားတဲ့ရုပ်ရည်သွင်ပြင်နဲ့ လူမျိုးစပ်ပုံစံတွေကတော့ မိန်းကလေးပရိသတ်တွေ အကြိုက်ပဲဖြစ်ပါတယ်။ ထိုင်းမင်းသားတွေထဲမှာ တမျိုးထက်ပိုတဲ့သွေးစပ်ကြယ်ပွင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Mario Maurer
ပြောင်မြောက်တဲ့အနုပညာအရည်အချင်းရှိသူ Mario Maurer ကတော့ ထိုင်းရဲ့ နာမည်ကြီး ထိပ်တန်းကြယ်ပွင့်တစ်ဦးပါ။ အင်္ဂလိပ် – ထိုင်း – တရုတ် (၃) မျိုးစပ်မင်းသားအဖြစ်လည်း နာမည်ကြီးပါတယ်။

Bright Vachirawit
Bright Vachirawit ကတော့ လက်ရှိလူငယ်မိန်းမချောလေးတွေရဲ့ စိတ်ကူးအိပ်မက်ထဲက မင်းသားချောဖြစ်ပါတယ်။ Bright ကလည်းပဲ ထိုင်း – တရုတ် – အမေရိကန် (၃) မျိုးသွေးနှောတဲ့ မင်းသားဖြစ်တာကြောင့် အသားအရည်၊ မျက်လုံးမျက်ခုံးက လွန်စွာဆွဲဆောင်မှုရှိပါတယ်။

လူမျိုးတစ်မျိုးမကဘဲ သွေးစပ်ထားတာကြောင့် နာမည်ကြီးကြတဲ့ ထိုင်းကြယ်ပွင့်များ (အပိုင်း ၂)

Nadech Kugimiya
ထိပ်တန်းနာမည်ကြီးမင်းသား Nadech Kugimiya ဟာ ထိုင်း – ဩစတြေးလျ သွေးနှောမင်းသားဖြစ်ပါတယ်။ အပြုံးချိုချို ပါးချိုင့်လေးနဲ့ Body တောင့်တောင့်မင်းသားချောဖြစ်တာကြောင့် မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားပါတယ်။

Patrick Nattawat
ထိုင်း – ဂျာမန်စပ်တဲ့ Patrick Nattawat ကတော့ ဆွဲဆောင်မှုရှိတဲ့ အနောက်တိုင်းအသွင်အပြင်နဲ့ ဖြူစင်တဲ့ မျက်နှာ၊ ချောမွေ့နူးညံ့တဲ့အသားအရည်ကြောင့် မိန်းကလေးတွေကတောင် မနာလိုရတဲ့ အနုပညာရှင်တစ်ဦးပါ။ 2021 မှာပဲ တရုတ်အဆိုတော်အဖွဲ့ဖြစ်တဲ့ INTO1 မှာ Idol အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

Mike Angelo
ထိုင်း – တရုတ်စပ်ဖြစ်တဲ့ Mike Angelo ကတော့ ပြည်တွင်းပြည်ပ နာမည်ကြီးသူဖြစ်ပါတယ်။ အင်္ဂလိပ်စကားလည်း ကျွမ်းကျင်စွာပြောတတ်တဲ့အပြင် အေးစက်တည်ငြိမ်ပြီး ဆွဲ‌ဆောင်မှုရှိတဲ့အသွင်အပြင်ကြောင့် ကြွေကြပါတယ်။

Nanon Korapat
တောက်ပတဲ့ အပြုံးချိုချိုလေးပိုင်ဆိုင်ထားတဲ့ Nanon Korapat ကတော့ ဗီယက်နမ်သွေးစပ်ပါတယ်။ အဖွားဖြစ်သူက ဗီယက်နမ်စစ်စစ်ဖြစ်တာကြောင့် Nanon ဟာ ဗီယက်နမ်သွေးရောတဲ့ ထိုင်းမင်းသားဖြစ်နေပါတယ်။

Source: ThaiToday
Photos: ThaiToday
Translated by Ivy