Thai Celebrity

လူမျိုးတစ်မျိုးမကဘဲ သွေးစပ်ထားတာကြောင့် နာမည်ကြီးကြတဲ့ ထိုင်းကြယ်ပွင့်များ (အပိုင်း ၂)

အပိုင်း (၁) ထဲကမင်းသားချောတွေရဲ့ လူမျိုးစပ်ပုံကို သေချာသိပြီးပြီဆိုရင်တော့ အပိုင်း (၂) ထဲက နာမည်ကြီးထိုင်းမင်းသားတွေကလည်း ဘယ်နိုင်ငံသားတွေနဲ့သွေးရောထားသလဲဆိုတာ စိတ်ဝင်စားမိကြမှာပါ။

Mik Thongraya
ထိုင်း – ဒိန်းမတ်သွေးနှော သရုပ်ဆောင် Mick Thongraya ကတော့ အနောက်တိုင်းရုပ်ရည်သွင်ပြင် တော်တော်သိသာတဲ့ ထိုင်းမင်းသားပါ။ တောင့်ဖြောင့်နေတဲ့ရူပကာကတော့ တကယ့်အနောက်တိုင်းဆန်ဆန်ပါပဲ။

James Ma
James Ma က ထိုင်းမှာမွေးပေမဲ့ အမေက ဟောင်ကောင်သူဖြစ်ပြီး အဖေကတော့ ထိုင်း – တရုတ်စပ်ပါ။ တရုတ်သွေးများများရောတာကြောင့် James Ma ကို ကြည့်လိုက်ရင် မျက်လုံးမှေးမှေးလေးနဲ့ အသားကဖြူစွတ်နေပါတော့တယ်။

လူမျိုးတစ်မျိုးမကဘဲ သွေးစပ်ထားတာကြောင့် နာမည်ကြီးကြတဲ့ ထိုင်းကြယ်ပွင့်များ (အပိုင်း ၁)

Mew Suppasit
ထိုင်းဖျော်ဖြေရေးလောကရဲ့ နာမည်ကြီးမင်းသား Mew Suppasit ကတော့ ထိုင်း – တရုတ်စပ်ပါ။ ကြွယ်ဝချမ်းသာတဲ့မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းကတိုင် အရည်အချင်းပိုင်းမှာ ထိပ်တန်းကိုရောက်နေပါတယ်။

Bie KPN
Bie KPN ကတော့ ထိုင်း – ထိုင်ဝမ်စပ်မင်းသားဖြစ်ပါတယ်။ ငြို့ငင်အားကောင်းပြီး အေးစက်တဲ့အသွင်အပြင်ဟာ တမူထူးခြားနေတာလည်းဖြစ်ပါတယ်။ ချိုင်းနားမှာလည်းအောင်မြင်တဲ့ မင်းသားတစ်လက်အဖြစ် ရှေ့ဆက်နေပါတယ်။

Win Metawin
ချစ်စဖွယ်အပြုံးလေးနဲ့ ကိုလူချော Win Metawin ကတော့ ထိုင်း-တရုတ်စပ်ပါ။ အဖေဖက်က အဖိုးအဖွားက တရုတ်လူမျိုးဖြစ်ပြီး အမေဖက်က ဘိုးဘွားတွေကလည်း ထိုင်း-တရုတ်တွေဖြစ်တာကြောင့် Win က တရုတ်သွေး တော်တော်ပါတဲ့ မင်းသားချောဖြစ်နေပါတယ်။

Sunny Suwanmethanont
တကိုယ်တော် လူပျိုကြီး Sunny Suwanmethenon ကတော့ ထိုင်း – ပြင်သစ် – စင်ကာပူ (၃) မျိုးစပ်တဲ့ မင်းသားဖြစ်ပါတယ်။ အရပ်ရှည်ရှည်၊ ‌မေးရိုးထင်းထင်း‌ရှိပြီး ပျော်ရွှင်တတ်တဲ့စရိုက်လည်း ရှိပါတယ်။

Drake Laedeke
Drake Laedeke ကတော့ သွေးစပ်မှုကိုကြည့်လိုက်ရင် (၅) မျိုးအထိ ရောနှောနေတဲ့ မင်းသားပါပဲ။ ထိုင်း – စကော့တလန် – အမေရိကန် – ဂျာမနီ – တရုတ် ဆိုပြီး လူမျိုး (၅) မျိုးတိတိ ရောစပ်ထားတာဖြစ်တာကြောင့် တကိုယ်လုံးက ဆွဲဆောင်မှုအပြည့်ဖြစ်နေပါတယ်။ အရည်အချင်းလည်းရှိတာကြောင့် နာမည်ရလာတဲ့ မင်းသားတစ်လက်ပါ။

 

Source: ThaiToday
Photos: ThaiToday
Translated by Ivy