Thai Celebrity

တိုးတက်လာတဲ့ခေတ်ကြီးမှာ စိတ်ငြိမ်းချမ်းမှုကိုရှာဖွေနည်းအား မျှဝေခဲ့တဲ့ Mew Suppasit

Mew Suppasit ကတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်သလို ကမ္ဘာ့ဂီတလောကထဲအထိ ထိုးဖောက်နိုင်တဲ့ ထိုင်းနိုင်ငံသာစအဆိုရှင်လည်းဖြစ်ပါတယ်။ မအားလပ်လောက်အောင် အချိန်တွေအပြည့်အလုပ်လုပ်နေရပေမဲ့ စိတ်ရဲ့အေးချမ်းရာကို ရှာဖွေတွေ့ရှိထားပုံပါပဲ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့အင်တာ‌ဗျူးမှာပဲ တိုးတက်လာတဲ့ခေတ်မှာ စိတ်ရှင်းရှင်းနဲ့နေထိုင်နိုင်မယ့် နည်းလမ်းတစ်ခုကို မျှဝေခဲ့ပါတယ်။

အနုပညာလမ်းမထက်မှာလျှောက်လှမ်းရင်း လက်ရှိအချိန်မှာ Mew ဆိုပြီး နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခြင်းအပေါ် ထားရှိသင့်တဲ့ခံယူချက်အား ပြောပြခဲ့ပါတယ်။ “ကျွန်တော်က လူငယ်တစ်‌ယောက်ဖြစ်တဲ့အတွက် စိတ်အခြေအနေက အမျိုးမျိုးဖြစ်တတ်တယ်။ အဓိကကတော့ ဘယ်အရာကိုမဆို အကောင်းမြင်တတ်အောင် စိတ်ကို မွေး‌မြူထားပါတယ်။

အကောင်းမြင်တတ်တဲ့စိတ်လေးရှိလာရင် အကြည်ဓာတ်ဆိုတာမျိုးရလာပါလိမ့်မယ်။ လူတိုင်းလည်း အလွယ်တကူ လိုက်လုပ်ကြည့်လို့ရပါတယ်။ ပြီးတော့လေ ဒီဖက်ခေတ်က လူမှုကွန်ရက်သုံးတာတွေ သိပ်ကိုများပြားလာပါတယ်။ Social Media မှာက ကောင်းတာကော၊ မကောင်းတာပါ အကြောင်းအရာ မျိုးစုံရှိတယ်။

ဒါကြောင့်မို့လို့ အသိကပ်ပြီးသုံးသင့်ပါတယ်။ ရှုပ်ထွေးလှတဲ့ လူမှုဘဝကြီးကနေ ငြိမ်းချမ်းမှုကိုရရှိချင်ရင်တော့ အရင်ဆုံးအနေနဲ့ Social Media တွေကို ဖွင့်မသုံးမိအောင် ကြိုးစားကြည့်ပါ။ ဒီလိုဆိုရင် ကိုယ့်အတွက် သီးသန့် space တစ်ခု ရလာပြီး တကယ့်လက်တွေ့ဘဝထဲကို ပြန်ရောက်သွားပြီး လိုအပ်နေသမျှကို ထိန်းညှိရင်း ရှေ့ဆက်သွားနိုင်ပါတယ်” ဆိုပြီး အကြံပြုပြောဆိုသွားခဲ့ပါတယ်။

Mew Suppasit ကတော့ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှကို ကိုယ်တွေ့ခံယူချက်နဲ့ ယှဉ်ကာ အကြံပြုသွားခဲ့တာပါ။ ဖန်သားပြင်ထက်က အကြောင်းအရာတွေကိုပဲ အာရုံစိုက်မနေဘဲ တကယ့်လက်တွေ့ဘဝကို မြင်အောင်ကြည့်တတ်ဖို့ပါ အသိပေးသွားခဲ့ပါတယ်နော်။

Source: TrueID
Photos: TrueID
Translated by Ivy