Thai Celebrity

Bow အပေါ်မှာ သာမန်ထက်ပိုတဲ့ခံစားချက်တွေရှိနေကြောင်းပြောရင်း ရှေ့တလှမ်းတိုးလိုက်တဲ့ Alek

November 18 ရက်နေ့တုန်းက မင်းသားချော Alek Teeradetch ဟာ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး သတင်းထောက်တွေနဲ့အတူ အင်တာဗျူးလည်း ဖြေဆိုခဲ့ပါတယ်။ လတ်တလော Alek နဲ့ Bow တို့ရဲ့ သာမန်ထက်ပိုတဲ့ အပြုအမူလေးတွေကြောင့် မီဒီယာသမားတွေနဲ့ ပရိသတ်တွေက စိတ်ဝင်စားကြပြီး သူတို့ (၂) ယောက် တွဲကြတော့မယ့်အကြောင်းလည်း ခန့်မှန်းနေကြပါတယ်။

Alek က ပွဲနေ့တုန်းကပဲ Bow Maylada နဲ့ ပတ်သက်သမျှကို ဖွင့်ပြောခဲ့ပြီး ရှေ့ဆက်ဖို့ အချက်ပြခဲ့ပါပြီ။ Alek က “Bow နဲ့ စကားတွေပြောဖြစ်ပြီး ရင်းနှီးကျွမ်းဝင်နေခဲ့တာ ၁လ – ၂ လလောက်တော့ရှိပါပြီ။ Show မရိုက်ခင်ကတည်းကတိုင် Bow နဲ့ စကားတွေ နေ့တိုင်းလောက်ပြောဖြစ်ပါတယ်။ ဒါပေမဲ့ “R U Ok?” သီချင်းရိုက်ကူးတုန်းက စကားပြောဖြစ်တာမျိုးမရှိပါဘူး။

အခုတော့ အီစကလီအဆင့်လို့ ပြောရင်လည်းရပါတယ်။ ကျွန်တော်ကတော့ တစ်ယောက်ယောက်ကို အရင်ဆုံးစကားစပြောရမှာကို မလုပ်ရဲတဲ့သူပါ။ Bow နဲ့ကျတော့ အရင်ကလည်း အလုပ်တွဲလုပ်ဖူးတယ်ဆိုတော့ ရင်းနှီးနေပြီး စကားပြောရတာ အဆင်ချောပါတယ်။ show ကို အတူတူရိုက်တော့လည်း Bow က တအားကိုချစ်စရာကောင်းပါတယ်။

Bow က ချစ်စရာကောင်းတယ်၊ ပျော်တတ်တယ်၊ ရီစရာတွေလုပ်တတ်တယ်၊ ပွင့်လင်းပြီး ရိုးသားတယ်၊ ပြီးတော့ အားနွဲ့တဲ့မိန်းမသားမဟုတ်ဘူး။ ကျွန်တော်ကတော့ Bow နဲ့ ရှိနေတဲ့အချိန်တိုင်း ပျော်တယ်။ ဒါကြောင့်ပဲ သူ့ကို စကားသွားပြောမိတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေ့လာသင့်တယ်လို့လည်း ထင်ပါတယ်။

ကျွန်တော်ကတော့ စိတ်ကျေနပ်နေတာမို့လို့ single လည်း မဖြစ်ချင်တော့ပါဘူး” ဆိုပြီး ဖွင့်ပြောချခဲ့ပါတယ်။ Alek နဲ့ Bow က အီစီကလီလုပ်နေတာကတော့ သေချာသလောက်ရှိပါတယ်။ Bow ကလည်းပဲ အင်တာဗျူးမှာ Alek နဲ့ပတ်သက်မှုအကြောင်းကိုမေးတော့ ရှက်နေခဲ့ပြန်ပါသေးတယ်။

အချစ်ရေးအကြောင်းကိုပြောရရင် Alek ကတော့ ၃ နှစ်ကြာတွဲခဲ့တဲ့ မင်းသမီး Toey Jarinporn နဲ့ ၂၀၂၀ တုန်းက လမ်းခွဲထားခဲ့တာဖြစ်ပြီး Bow ကလည်း Mik နဲ့ ၂၀၂၁ ဩဂုတ်လတုန်းကမှ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ နှစ်ဦးစလုံးက လူလွတ်တွေဖြစ်တာကြောင့် တကယ်လို့ တွဲကြမယ်ဆိုရင်လည်း ပရိသတ်တွေကတော့ ကျေနပ်နေကြမယ်ထင်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy