Thai Celebrity

အသက် (၃၀) ပြည့်ပြီးသား တောင့်တောင့်ဖြောင့်ဖြောင့် BL မင်းသားချောများ

BL မင်းသားတွေထဲကိုတော့ မိန်းကလေးပရိသတ်တွေက တစ်ယောက်တမျိုးစီကြိုက်ကြတာပါ။ တောင့်တောင့်ဖြောင့်ဖြောင့် BL မင်းသားလေးတွေကို ကြိုက်ရသလို နူးနူးညံ့ညံ့ကောင်ချောလေးတွေကိုလည်း အလွတ်မပေးနိုင်ကြပြန်ပါဘူး။ BL မင်းသား‌တွေထဲမှာတော့ အသက် (၃၀) ပြည့်ပြီးသွားတဲ့ သက်တူရွယ်တူ မင်းသားကတော့ (၃) ယောက်ပဲ ရှိပါတယ်။

Off Jumpol

၁၉၉၁ ခုနှစ် January 20 မှာမွေးခဲ့တဲ့ Off Jumpol ကတော့ အသက် (၃၀) ပြည့်ပြီးသား မင်းသားတစ်ဦးပါ။ “46 Days” ဇာတ်လမ်းထဲမှာ ပရိသတ်တွေအာရုံကို ဖမ်းစားနိုင်ခဲ့သလို OffGun အတွဲရယ်ဆိုပြီး BL နယ်ပယ်ထဲမှာ ထင်ရှားလှပါတယ်။ GMM TV ရဲ့ နာမည်ကျော်မင်းသားလေးကတော့ အသက် (၃၀) လို့မထင်ရအောင် နုပျိုနေသူပါပဲ။

Mew Suppasit

အဆိုတော်/သရုပ်ဆောင် နာမည်ကြီးအနုပညာရှင် Mew Suppasit ကိုတော့ ၁၉၉၁ ခုနှစ် February 21 ရက်မှာ မွေးဖွားခဲ့ပါတယ်။ ခေတ်မီတဲ့အသွင်အပြင်နဲ့ ‌တနေ့တခြားခန့်ညားချောမောလာတဲ့ Mew ကိုတော့ တခါကြည့်ဖူးရင် တသက်လုံးစွဲလန်းသွားမှာပါ။ အသက် (၃၀) အရွယ်လို့မထင်ရအောင် နုဖတ်ဥအက်ပြီး ဆွဲဆောင်မှုရှိလွန်းလှပါတယ်။ ပရိသတ်တွေကတော့ Gulf နဲ့အတူ တွဲဖက်ပြီး MewGulf စုံတွဲလေးကို မြင်ရဖို့ တောင့်တနေရတာ အမောပါပဲ။

Tay Tawan

ပျော်ပျော်နေတတ်တဲ့ BL မင်းသားချော Tay Tawan ကလည်းပဲ ၁၉၉၁ ခုနှစ်ဖွားဖြစ်ပါတယ်။ July 20 ရက်နေ့မှာ မွေးခဲ့တာဖြစ်လို့ အသက် (၃၀) ပြည့်ပြီးတာ သိပ်မကြာသေးပါဘူး။ နုပျိုလန်းဆန်းပြီး အားအင်အပြည့်နဲ့ တက်ကြွနေတတ်တဲ့ Tay ကိုတော့ ၂၀ ကျော်လောက်ပဲ ထင်ကြမှာပါနော်။ TayNew စုံတွဲကလည်း BL လောကကြီးရဲ့ နာမည်ကြီးအတွဲဖြစ်လို့ နောက်ထပ်စီးရီးသစ်တွေထွက်လာဖို့ စောင့်နေကြပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy