Thai Celebrity

အမြဲတမ်းစောင့်ကြည့်အား‌ပေးနေကြတဲ့ Fan တွေကို စာရေးတင်ကာ ကျေးဇူးတင်ခဲ့တဲ့ Win Metawin

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရေပန်းအစားဆုံး မင်းသားတစ်လက်ဖြစ်တဲ့ Win Metawin ကတော့ နွေးထွပျူငှာပြီး ဂရုစိုက်တတ်တဲ့အကျင့်လေးကြောင့် ပရိသတ်တွေက အချစ်ပိုရ‌ပါတယ်။ အသက် (၂၂) နှစ်ပဲရှိသေးပေမဲ့ အနုပညာလမ်းမထက်မှာ အောင်မြင်စွာလျှောက်လှမ်းနိုင်နေသလို သန်းပေါင်းများစွာသော ပရိသတ်တွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အမြင်သာဆုံးပရိသတ်အင်အားကို‌တော့ Win ရဲ့ Instagram Followers အရေအတွက်ကို ပြသရပါလိမ့်မယ်။ Win ရဲ့ Instagram မှာဆိုရင် နိုဝင်ဘာလမကုန်ခင်မှာပဲ Follower ပေါင်း ၇ သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၀ မတ်လ (၃၀) တုန်းက ပထမ‌ဆုံးအနေနဲ့ ၁ သန်းပြည့်ခဲ့ပြီး ၂၀၂၁ ဩဂုတ်လ (၂၃) ရက်နေ့မှာတော့ ၆ သန်းအထိ ရောက်ရှိခဲ့ပါတယ်။

၃ လကြာပြီးတဲ့အချိန်မှာပဲ Win ရဲ့ Instagram Followers အရေအတွက်ဟာ ၇ သန်းကျော်သွားပြီဖြစ်လို့ အမြဲမပြတ်စောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တွေအတွက် ကျေးဇူးတင်ကြောင်း စာလေးတစ်စောင် ရေးတင်ခဲ့ပါတယ်။ “ပထမဆုံး ခြေလှမ်းစတင်ခဲ့တဲ့နေ့ကစပြီး ယနေ့အချိန်အထိ အမြဲတမ်း ချစ်ခင်အားပေးပံ့ပိုးခဲ့သူတိုင်းအားလုံးကို ကျေးဇူးတင်ပါတယ်။

အချိန်အကြာကြီးအထိ ကျွန်တော်နဲ့အတူရှိနေပေးပြီး အားအင်တွေဖြစ်ပေးကြမယ်လို့ ယုံကြည်ထားပါတယ်။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပြီး ကျန်းမာအောင် နေထိုင်ကြပါနော်။ အားလုံးကိုလည်း သိပ်ကိုလွမ်းပြီး ချစ်ပါတယ်” လို့ ၇ သန်းပြည့်အမှတ်တရ ကျေးဇူးတင်စာလေး ရေးတင်ခဲ့ပါတော့တယ်။

လက်ရှိမှာလည်း ဇာတ်လမ်းသစ်တွေနဲ့ ကမ္ဘာအနှံ့မှာ နာမည်ကြီးနေတာဖြစ်လို့ မကြာခင် ၈ သန်းပြည့်မှာ ကျိန်းသေပါပဲ။ ရှေ့ဆက်ပြီး ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ အောင်မြင်မှုတွေ အများအပြား ရရှိပိုင်ဆိုင်နိုင်တဲ့ မင်းသားတစ်ဦးဖြစ်လာဖို့ Win အတွက် ဆုတောင်းပေးလိုက်ပါတယ်။

Source: Thaidaily
Photos: Instagram
Translated by Ivy