Thai Celebrity

2022 ကို အပိုင်သိမ်းဖို့ ချီတက်လာကြတဲ့ TV3 က ထိပ်တန်းမင်းသမီး (၆) ဦးရဲ့ ဇာတ်လမ်းသစ်များ

၂၀၂၂ ကတော့ Thai TV3 က ထိပ်တန်းမင်းသမီးတွေရဲ့ နှစ်ပါပဲ။ ဇာတ်လမ်းသစ်တွေ ဥထားတာကြောင့် ထွက်မယ့်အချိန်ကို စောင့်နေကြတာဖြစ်ပြီး ၂၀၂၂ မှာ သေချာပေါက်ထွက်လာတော့မှာဖြစ်လို့ ကြည့်ရှုအားပေးနိုင်တော့မှာပါ။

Anne Thongprasom

စီနီယာမင်းသမီးကြီး Anne Thongprasom ကတော့ “Sup Tar 2550” ဇာတ်လမ်းသစ်ကို သူမရဲ့အကောင်းဆုံးတွဲဖက်မင်းသားကြီးဖြစ်သူ Ken Theeradeth နဲ့ ရိုက်ကူးထားပါတယ်။ ထိပ်သီးနှစ်‌ယောက်ရဲ့ပြန်လည်ပေါင်းစည်းမှုဖြစ်လို့ အမျှော်ရဆုံးဇာတ်လမ်းလည်း ဖြစ်နေပါတယ်။

Bella Ranee

ထိပ်တန်းမင်းသမီးချော Bella Ranee ကတော့ “Love Destiny 2” ကို Pope Thanawat နဲ့ တွဲရိုက်ထားပါတယ်။ ဒီစုံတွဲကလည်း လိုက်ဖက်ညီတဲ့အတွဲဖြစ်တာကြောင့် Pope နဲ့ Bella ရဲ့ ဇာတ်လမ်းသစ်က ပရိသတ်တွေကြား နာမည်ကြီးပါပဲ။

Yaya Urassaya

၂ နှစ်ကျော်ကြာ ဇာတ်လမ်းသစ် မထွက်ခဲ့တာကြောင့် အကြာကြီးစောင့်နေခဲ့ရသူလေး Yaya Urassaya ကတော့ အသစ် ၂ ကားနဲ့ ပြန်လာတော့မှာပါ။ “Lai Kinaree” နဲ့ “Bad Romeo” ကတော့ ၂၀၂၂ ထဲမှာ ကျိန်းသေပေါက်ထွက်လာမှာမို့လို့ တဝကြီး ကြည့်ရှုအားပေးရပါတော့မယ်။

Kimmy Kimberley

သရုပ်ဆောင်ကောင်းသူလေး Kimmy Kimberley ကလည်းပဲ ဇာတ်လမ်းသစ် ၂ ခုထွက်လာမှာပါ။ “Mor Luang” အပြင် “Thong Aek: The Herbal Master” Season 2 ကိုလည်း Mario Maurer နဲ့ ထပ်မံတွဲဖက်‌ဖန်တီးထားတာဖြစ်လို့ သဘောကျနေလိမ့်မယ်လို့ထင်ပါတယ်။

Taew Natapohn

မင်းသမီး Taew Natapohn ကတော့ remake ဇာတ်လမ်းဖြစ်တဲ့ “Karn Kritsana” ကို Nadech Kugimiya နဲ့ ရိုက်ကူးထားပါသေးတယ်။ ပရိသတ်တွေအတောင့်တဆုံး ဇာတ်လမ်းစုံတွဲဖြစ်တာကြောင့် နောက်တကြိမ်ပေါင်းစည်းတဲ့ဇာတ်လမ်းက မကောင်းဘဲကို မနေပါဘူး။

Bow Maylada

‌တနေ့တခြားနာမည်ကြီးလာသူ Bow Maylada ဟာ “Tai Ngao Tawan” ဇာတ်လမ်းကို ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Mark Prin နဲ့ တွဲရိုက်ထားပါတယ်။ Bow ကတော့ တွဲရိုက်ရတဲ့မင်းသားကံ တော်တော်ကောင်းတယ်လို့တောင် ပရိသတ်တွေက လက်ခံထားကြတာပါ။ Anne Thongprasom ထုတ်လုပ်မယ့် ဇာတ်လမ်းသစ်ကိုလည်း ပါဝင်ရိုက်ကူးမယ့်အကြောင်း ပြောပြခဲ့တာကြောင့် ဘယ်သူနဲ့ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်နော်။

Source: Thaiupdate
Photos: Thaiupdate
Translated by Ivy