Thai Celebrity

Weir နဲ့ Bella တို့ရဲ့ (၉) နှစ်ကြာအချစ်ရေးဟာ လုံးဝအဆုံးသတ်ကာ ဇာတ်သိမ်းသွားပြီဖြစ်

ထိုင်းနိုင်ငံရဲ့ သက်တမ်းကြာစုံတွဲတတွဲဖြစ်သလို ထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်တဲ့ Weir Sukollawat နဲ့ Bella Ranee တို့ဟာ (၉) နှစ်ကြာ တွဲခဲ့ပြီးနောက် နိုဝင်ဘာ (၂၆) ရက်နေ့မှာပဲ လမ်းခွဲပြတ်စဲလိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဒီစုံတွဲကတော့ လပ်ထပ်ဖို့ နှစ်ဖက်မိဘတွေအထိ တိုင်ပင်ပြီးသားအတွဲဖြစ်ပေမဲ့ ပြတ်သွားပြီဖြစ်ကြောင်း အစောပိုင်းကတည်းက သတင်းထွက်လာခဲ့ပါတယ်။

နိုဝင်ဘာ (၂၆) ရက်နေ့မှာတော့ နှစ်ဦးသားလမ်းခွဲတဲ့အကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။ ဖော်ပြချက်အရ “Weir နဲ့ Bella တို့က အချစ်ရေးကိုအဆုံးသတ်ပြီး လမ်းခွဲပြတ်စဲခဲ့ကြပါပြီ။ နှစ်အတော်ကြာ တစ်ယောက်နဲ့တစ်‌ယောက် နားလည်းနိုင်အောင် ကြိုးစားခဲ့ကြသလို မတိုက်ဆိုင်မှာတွေအတွက်လည်း အဖြေရှာခဲ့ကြပါသေးတယ်။

ဒါပေမဲ့လည်း အဆင်မပြေခဲ့ပုံပါပဲ။ ရလဒ်အနေနဲ့ နှစ်ဦးနှစ်ဖက် ဆုံးဖြတ်ချက်အရ ဒီအချစ်ရေးကို ကောင်းမွန်စွာပဲ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ကြဖို့ အပြန်အလှန်ညှိနှိုင်းကြပေမဲ့လည်း အေးစက်လာတဲ့ ဆက်ဆံရေးနဲ့ တွေ့ဆုံချိန်မရအောင် မအားလပ်တဲ့အခြေအနေတို့ကြောင့် အခုလိုမျိုးလမ်းခွဲရတာဖြစ်နိုင်ပါတယ်။

အားလုံးသံသယဝင်နေကြတဲ့ တတိယလူရှိလို့ ဆိုတာက မဟုတ်ပါဘူး။ နှစ်ဦးသားဆုံးဖြတ်ချက်နဲ့ပဲ (၉) နှစ်ကြာအချစ်ပုံပြင်ကို အခင်အမင်မပျက် အေးဆေးစွာအဆုံးသတ်ခဲ့တာပါ” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ သတင်းထဲမှာ ဖော်ပြချက်အရ Weir တစ်‌ယောက် ဟောလီးဝုဒ်ရုပ်ရှင် “Thirteen Lives” ရိုက်ကူးရေးပြီးစီးပြီး ပြန်လာတဲ့နောက် ပြတ်သွားတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။

Weir Sukollawat ဩစတြေးလျကိုသွားတုန်းကတောင် Bella ဟာ လေဆိပ်ထိလိုက်ပို့ခဲ့ပြီး ‌နှစ်‌ယောက်အတူရိုက်ထားတဲ့ ဓာတ်ပုံကို IG မှာ တင်ခဲ့ပါသေးတယ်။ March လမှာတင်ခဲ့တဲ့ ထိုပုံကတော့ ဒီစုံတွဲရဲ့နောက်ဆုံးဓာတ်ပုံပဲ ဖြစ်ခဲ့ပါတယ်။

ထိပ်တန်းအနုပညာရှင်တွေဖြစ်လို့ ရိုက်ကူးရေးတွေ ဆက်တိုက်ဖြစ်နေကြပေမဲ့ စိတ်သဘောထား၊ အကြိုက်တွေကမှအစ တူညီခဲ့တာကြောင့် လိုက်ဖက်တယ်ဆိုပြီး အားလုံးက သဘောကျနေကြတာပါ။ ယခုလိုမျိုး ရှေ့ဆက်ဖို့အဆင်မပြေနိုင်တော့လို့ လမ်းခွဲခဲ့ကြ‌တာဟာ (၉) နှစ်တာ သံယောဇဉ်အတွက်တော့ နှမြောစရာ‌ကောင်းလွန်းလှပါတယ်။

Source: Oneentertainment
Photos: Instagram
Translated by Ivy