ကစားကွင်းသွားရင်း ​တွေ့ခဲ့တဲ့ ARMY တစ်​ယောက်ရဲ့ ​မေးခွန်း​ကြောင့် ဆွံ့အသွားခဲ့ရတဲ့ Jin

နိုဝင်ဘာလ ၃၀ ရက်​နေ့တုန်းက BTS အဖွဲ့ဝင် Jin ဟာ “Six Flags” ဆိုတဲ့ caption နဲ့အတူ အဖွဲ့ရဲ့ Twitter အ​ကောင့်က​နေ ဓါတ်ပုံတစ်ချို့ကို မျှ​ဝေခဲ့ပါတယ်။ ဓါတ်ပုံ​တွေထဲမှာ Jin ဟာ အဖြူ​ရောင်တီရှပ်​ပေါ်မှာမှ jean jumpsuit ကို ထပ်ဝတ်ထားပြီး ဦးထုပ်အဖြူ​ရောင်​လေးကို ​ဆောင်းထားပါတယ်။

ပထမ post ထဲက ဓါတ်ပုံ ၂ ပုံမှာ​တော့ သူဟာ ကစားကွင်းက ဝယ်ထားတဲ့ Superman ဝတ်ရုံနဲ့အတူ ပို့စ်​ပေး​နေတာကို ​တွေ့ရပါတယ်။ ​နောက်ထပ်တစ်ပုံမှာ​တော့ သူဟာ ​ရေခဲမုန့်ပန်းကန်ကို ကိုင်ထားပြီး “Six Flags မှာ ခင်သွားတဲ့ သူငယ်ချင်းက ​ရေခဲမုန့်လက်​ဆောင်​ပေးသွားတယ်” လို့ ​ရေးသားထားပါတယ်။ ကြည့်ရတာ​တော့ Jin တစ်​ယောက်​ Six Flags မှာ ​ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ပုံပါပဲ။

အဲ့ဒီ​နေ့မှာပဲ Jin ဟာ fan community platform တစ်ခုဖြစ်တဲ့ Weverse က​နေ သူကြုံ​တွေ့ခဲ့ရတဲ့ ရယ်စရာအဖြစ်အပျက်တစ်ခုကိုလည်း ပြန်​ပြောပြခဲ့ပါတယ်။ သူက “ဒီ​နေ့ ကစားကွင်းမှာ လည်ပတ်ကစား​နေတုန်း ARMY တစ်​​ယောက်က ‘မင်းက Jin လား?’ လို့​မေးရမယ့်အစား ‘မင်းက worldwide handsome?’ လားဆိုပြီး ​မေးလို့ ​ကြောင်​တောင်​တောင်ဖြစ်သွား​သေးတယ်” ဆိုပြီး ​ရေးသားခဲ့ပါတယ်။

Jin ဟာ အတည်​ပေါက်တစ်​ဝက် ​နောက်​ပြောင်မှုတစ်ဝက်နဲ့ သူ့ကိုယ်သူ ‘worldwide handsome’ လို့ ​ပြော​လေ့ရှိပါတယ်။ ဒါ​ကြောင့် အဲ့ဒီ ARMY ဟာလည်း ကမ္ဘာ​ကျော်စတား Jin ကို ​မ​မျှော်လင့်ပဲ တွေ့လိုက်ရ​တော့ စိတ်လှုပ်ရှားပြီး ​နာမည်​ပြောင်ကို ရုတ်တရက် ပြောထွက်မိသွားပုံရပါတယ်​။ Jin ရဲ့ ဒီ post ဟာ ကမ္ဘာတစ်ဝှမ်းက ARMY ​တွေကို ပွဲကျ​စေခဲ့ပြီး Twitter လို ဆိုရှယ်မီဒီယာ​တွေမှာ​တောင် ပြန်လည်မျှ​ဝေခဲ့ကြပါတယ်။

ဒါ့အပြင် Jin ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း ဒီကစားကွင်းကို သွား​ရောက်လည်ပတ်ခဲ့ဖူးတာ​ကြောင့် ဒီတစ်​​ခေါက်ကိစ္စဟာ ARMY ​တွေအတွက် ထိုအချိန်ကို ပြန်လည်အမှတ်ရစရာဖြစ်​စေခဲ့ပါတယ်။ တစ်ဖက်မှာ BTS အဖွဲ့ဟာ သူတို့ရဲ့ ကျန်ရှိတဲ့ LA concert ကို ဒီဇင်ဘာလ ၁ ရက်​နေ့နဲ့ ၂ ရက်​နေ့​တွေမှာ ဆက်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : SBS Star
Photo : BTS_twt, Weverse
Written : ZL