Celebrity News

HYBE company ရဲ့ Share တချို့ကို Dollar သန်းချီ​​​တဲ့ ပေါက်​စျေးနဲ့ ပြန်လည်​ရောင်းချခဲ့တဲ့ Jin, RM နဲ့ J-Hope

ယခင်နှစ်က HYBE လုပ်ငန်းစုကြီးဟာ public company အဖြစ်​ပြောင်းလဲခဲ့ပြီး BTS အဖွဲ့ဝင်​တွေလည်း HYBE ရဲ့ ရှယ်ယာ ၆၈,၃၈၅ စီကို အသီးသီးရရှိခဲ့ကြပါတယ်။ ၁၀ လ​လောက်ကြာတဲ့အခါမှာ​​တော့ အဖွဲ့ဝင်​တွေရဲ့ ရှယ်ယာတန်ဖိုးစုစု​ပေါင်းဟာ ဝမ် ၂၀၁ ဘီလီယံ (​ဒေါ်လာ ၁၇၀ သန်း) အထိ မြင့်တက်သွားခဲ့ပါတယ်။

HYBE ရဲ့ ရှယ်ယာ​တွေဟာ အများပြည်သူကို ကနဦးထုတ်​ရောင်းစဉ်က စလို့ ဆက်လက်မြင့်တက်လာခဲ့ပြီး ယခုနှစ် ​အောက်တိုဘာလမှာ​ဆိုရင် HYBE ရဲ့ ​စျေးကွက်​ပေါက်​​​​စျေးဟာ ဝမ် ၁၅ ထရီလီယံ (​ဒေါ်လာ ၁၂.၆၇ ဘီလီယံ) အထိ ​ရောက်ရှိခဲ့ပါတယ်။ မကြာ​သေးခင်က BTS အဖွဲ့ဝင်တချို့ဟာ သူတို့ ပိုင်ဆိုင်တဲ့ ရှယ်ယာအချို့ကို ​ရောင်းချခဲ့တယ်လို့ သိရှိရပါတယ်။

အင်တာနက်သုံးစွဲသူတစ်​ယောက်နဲ့ HYBE ရဲ့ ရင်းနှီးမြှုပ်နှံသူ များ၏ ဆက်ဆံ​ရေး website မှာ ​​အသိ​ပေးဖော်ပြထားတဲ့ သတင်းအချက်အလက်​တွေအရ ရှယ်ယာ​တွေကို ပြန်လည်​ရောင်းချခဲ့တဲ့ BTS အဖွဲ့ဝင်​တွေဟာ Jin, RM နဲ့ J-Hope တို့ဖြစ်​ကြောင်းကို ​တွေ့ရှိရပါတယ်။  ဒီအဖွဲ့ဝင် ၃ ဦးဟာ ရှယ်ယာတစ်​စောင်ကို ဝမ် ၃၃၀,၀၀၀ (​၂၇၈ ​ဒေါ်လာ) ဝန်းကျင်နဲ့ ​အောက်တိုဘာလလယ်မှာ ​​ရောင်းချခဲ့တာဖြစ်ပါတယ်။

ဒါ​ကြောင့် ရှယ်ယာအ​စောင်​ရေ ၁၆,၀၀၀ ရောင်းချခဲ့တဲ့ Jin ဟာဆိုရင် ​ဒေါ်လာ ၄.၄၅ သန်းနီးပါးကို ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် RM က ရှယ်ယာအ​စောင်​ရေ ၁၀,၃၈၅ ကို ​ရောင်းချခဲ့တဲ့အတွက် ​ဒေါ်လာ ၂.၈၉ သန်းနီးပါးကို ရရှိခဲ့သလို J-Hope က ရှယ်ယာ ၅,၆၀၁ ​စောင်ကို ​ရောင်းချခဲ့တဲ့အတွက် ​ဒေါ်လာ ၁.၅၆ သန်းကို ရရှိခဲ့ပါတယ်။

ဒီလို ​ရောင်းချပြီး​နောက်မှာ​​တော့ Jin က HYBE ရဲ့ ရှယ်ယာ ၅၂,၃၈၅၊ RM က ရှယ်ယာ ၅၈,၀၀၀ နဲ့ J-Hope က ရှယ်ယာ ၆၂,၇၈၄ ကို အသီးသီး ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ ရှယ်ယာ​တွေကို မ​ရောင်းချရ​သေးတဲ့ Jungkook, Suga, V နဲ့ Jimin တို့က​တော့ နဂိုအတိုင်း ရှယ်ယာအ​စောင်​ရေ ၆၈,၃၈၅ စီ ကျန်ရှိ​​နေဆဲဖြစ်ပါတယ်။

Source : Allkpop
Photo : Twitter, Instagram
Written : ZL