Celebrity News

Anti Fan အချို့ရဲ့ တိုက်ခိုက်မှုကြောင့် ထုတ်လွှင့်ပြသမှု နှောင့်နှေးခဲ့ရတဲ့ FengQi Luoyang ဇာတ်လမ်းတွဲ

အချိန်အတော်ကြာ စောင့်စားခဲ့ရတဲ့ Huang Xuan၊ Wang Yibo နဲ့ Song Qian တို့ ပါဝင်တဲ့ iQIYI ရဲ့Costume Drama ဇာတ်လမ်းတွဲ “Fengqi Luoyang” ဟာ ဒီဇင်ဘာ (၁) ရက်က စတင်ထုတ်လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကို ဒေသစံတော်ချိန် ည (၈) နာရီမှာ ထုတ်လွှင့်ပြသချိန်အဖြစ် သတ်မှတ်ထားပါတယ်။

သို့ပေမယ့် အပိုင်း (၃) ပြသမယ့်ရက်မှာ ပြသချိန်ဟာ ရုတ်တရက် နှောင့်နှေးသွားခဲ့ပြီး တစ်နာရီနီးပါး ကြာတဲ့အထိ မတုံ့ပြန်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ အင်တာနက် သုံးစွဲသူအချို့ဟာ သရုပ်ဆောင် အချို့နဲ့ပတ်သတ်ပြီး အလိုမကျမှုတွေ ဖြစ်ခဲ့ရာက Douban Review မှာ 1 Star ပေးမှု များပြားခဲ့ရာကနေ ထုတ်လွှင့်မှုတွေ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

“သရုပ်ဆောင်တချို့ရဲ့ စကားပြောတာတွေက မရှင်းလင်းဘူး၊ အိုဗာအိုက်တင်နဲ့ သရုပ်ဆောင် စွမ်းရည်ကလည်း အရမ်း စိတ်ပျက်စရာ ကောင်းတယ်”၊ “ဇာတ်ညွှန်းရေးဆရာနဲ့ သရုပ်ဆောင်တွေက အရည်အချင်း မမှီသေးဘူး”၊ “အထူးသဖြင့် အမျိုးသမီးဇာတ်ဆောင်နဲ့ ဒုတိယ အမျိုးသား ဇာတ်ဆောင်တွေက အရမ်းဆိုးတယ်။ အမူအရာတွေနဲ့ သရုပ်ဆောင်မှုတွေက အရမ်းဆိုးတယ်။ 1 Star က Huang Xuan အတွက်ပဲ” စသည်ဖြင့် အလွန်အကြူး တိုက်ခိုက်ဝေဖန် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဇာတ်လမ်းတွဲ နှောင့်နှေးမှုများကြောင့် ထုတ်လွှင့်ခြင်း မပြုသေးတဲ့ အချိန်မှာ အဆိုပါ သုံးသပ်ချက်များ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် အနည်းငယ်သော ထောက်ပြမှုတွေကိုသာ ဝေဖန်မှုအဖြစ် သတ်မှတ်လို့ရပြီး ယခုကဲ့သို့ တရားလွန် ပြောဆိုမှုများကတော့ တမင်ရည်ရွယ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။

ယင်းကိစ္စမှာ သရုပ်ဆောင်များရဲ့ Anti Fan များဟာ အလုပ်ဖြစ်သွားပုံရပြီး တစ်ဖက်မှာလည်း 5 stars အဆင့်သတ်မှတ်ချက်များ၊ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်များနဲ့အတူ Anti fan များထက် ပိုမိုများပြားတဲ့ အရေအတွက်နဲ့ ပရိတ်သတ် အစစ်အမှန်များကပဲ ဇာတ်လမ်းတွဲကို ဟန်ချက်ညီစေဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : IQIYI