Celebrity News

Entertainment တူ အနုပညာမောင်နှမ Kai နဲ့ Wendy တို့ရဲ့ relationship ကို သဘောကျနေတဲ့ K netizen များ

EXO အဖွဲ့ဝင် Kai နဲ့ Red Velvet အဖွဲ့ဝင် Wendy တို့ဟာ 1994 born များ ဖြစ်ကြပါတယ်။ အနုပညာသက်တမ်းအရတော့ Kai က ပိုစီနီယာကျပါတယ်။ သူတို့နှစ်ယောက်ဟာ SM entertainment ထွက်တွေဆိုပေမဲ့ တခါမှ 10 second ပြည့်အောင် စကားမပြောဖူးကြပါဘူး။

ဒါပေမဲ့ မနေ့က Kai ဟာ သူ့ရဲ့ 2nd solo album ကို promote လုပ်ဖို့အတွက် Wendy ရဲ့ DJ radio အစီအစဉ် “Wendy’s Young Street” အစီအစဉ်ကို သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တွေ့တွေ့ချင်း အပြန်အလှန်ဦးညွှတ်နှုတ်ဆက်ခဲ့ကြပြီး ကြမ်းပြင်ကို ခေါင်းနဲ့ထိမတတ်ပါဘဲ။ ထို အဖြစ်အပျက်လေးကြောင့် ပရိတ်သတ်တွေရီပွဲကျခဲ့ရပါတယ်။

တခါမှ သေချာမတွေ့ဖူးကြလို့ စကားပြောဆိုရတာ ရှိုးတို့ရှန့်တန့်ဖြစ်နေမယ် ထင်ရပေမဲ့ social ကောင်းတဲ့ Kai နဲ့ ရီစရာပြောတတ်တဲ့ wendy ကြောင့် သူတို့ရဲ့စကားဝိုင်းလေးဟာ နွေးထွေးခဲ့ပါတယ်။ ပြီးတော့ Kai က သူ့ရဲ့ album ကို wendy အတွက် လက်ဆောင်ပေးခဲ့တဲ့အပြင် “Peaches” အကပါ သင်ပေးပြီး အတူတူ က ခဲ့ပါတယ်။

Kai က သူ့ရဲ့ MV နှစ်ရက်အတွင်း 10M views ပြည့်သွားပြီဖြစ်ကြောင်း ကြွားခဲ့ပြီး Wendy က ထို viewers တွေထဲမှာ သူလည်း ပါကြောင်း၊ လှပတဲ့ MV လေးထွက်လာလို့ ဂုဏ်ယူမိကြောင်း ဆိုခဲ့ပါတယ်။ ခုလို အနုပညာမောင်နှမရဲ့ ခင်မင်ရင်းနှီးတဲ့ relationship လေးကို K netizen တွေက သဘောကျနေကြပြီး ခုလို မှတ်ချက်တွေပေးနေကြပါတယ်။

“သူတို့နှစ်ယောက်က တွေ့တွေ့ချင်း Bow လုပ်ကြတာ အရမ်းရီရတယ်”
“kai က သူတို့ဟာ company တူတဲ့ idol တွေလို့ ပြောပေမဲ့ ဝမ်းကွဲမောင်နှမတွေကျနေတာဘဲ… Red Velvet နဲ့ EXO အဖွဲ့ ပူးပေါင်းဆက်ဆံမှုက amazing ဘဲ”
“Kai က Seulgi နဲ့ကျ အရမ်းရင်းနှီးတယ်နော်။ Wendy က company ကို နောက်ကျမှ ဝင်လို့ သိပ်မရင်းနှီးတာ ဖြစ်မယ်။ ဒါပေမဲ့ဒီနေ့ bowing battle က တကယ်ရီရတယ် lol”

“နှစ်ယောက်စလုံး အရမ်းချစ်ဖို့ကောင်းတယ်”
“Red velvet နဲ့ EXO combo က ငါ့ကိုရင်ခုန်မြန်စေတယ်။ I love it”
“သူတို့နှစ်ယောက်လုံး တော်တော်ရုပ်ပြောင်တတ်တာဘဲ”
“Wendy က Canada က လာတဲ့သူမို့ အနောက်တိုင်းဆန်မယ်ထင်တာ… ဒါပေမဲ့ Sunbae Sunbae ဆိုပြီး ယဉ်ကျေးနေလိုက်တာ… သိပ်ချစ်ဖို့ကောင်း”

Source: Allkpop
Written: Violet