ရှိရင်းစွဲ အသက်ထက် အများကြီး ပိုငယ်ရွယ်တဲ့ ဇာတ်ရုပ်ကို သရုပ်​ဆောင်ခဲ့တဲ့ အသက် (၄၀) ကျော် ထိပ်တန်းကိုရီးယားမင်းသမီးများ

Posted on

​အောက်​ဖော်ပြပါ မင်းသမီး ၄ ဦးဟာ အသက် ၄၀ ထဲဝင်​နေပြီဆို​ပေမဲ့ အမြဲတမ်းအရွယ်တင်လှပ​နေတယ်လို့ မကြာခဏ ချီးကျူးခံရ​လေ့ရှိ​ပါတယ်။ သို့​သော်လည်း ဇာတ်ညွှန်းအရ သူတို့ရဲ့ အသက်ထက် အများကြီး ငယ်ရွယ်တဲ့ ဇာတ်ရုပ်ကို သရုပ်​ဆောင်ရတဲ့ အခါမှာ​တော့ သိပ်ပြီး မလွယ်ကူလှပါဘူး။ ဒီမင်းသမီး​တွေဟာ ငယ်ရွယ်တဲ့ပုံစံကို ​ကောင်းမွန်စွာ သရုပ်​ဆောင်နိုင်ဖို့ အများကြီး ကြိုးစားအားထုတ်ခဲ့​ပေမဲ့ ကြည့်ရှုသူ​တွေရဲ့ အမြင်မှာ​တော့ သိပ်ပြီး အဆင်မ​ပြေခဲ့ပါဘူး။

(1) Song Hye Kyo

“Now, We Are Breaking Up” ဇာတ်လမ်းတွဲထဲမှာ Song Hye Kyo ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်​ကျော်က အ​ကြောင်းအရာ​တွေကို ​နောက်​ကြောင်းပြန်တဲ့ ဇာတ်ဝင်ခန်းကို သရုပ်​ဆောင်ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းအတွက် သူမဟာ အသက် ၂၀ ​ကျော် မိန်းက​လေးပုံစံ​ပေါက်​အောင် ငယ်ရွယ်​စေမယ့် ဆံပင်ပုံစံ၊ ဝတ်စားဆင်ယင်ပုံနဲ့ မိတ်ကပ်​တွေကို ​ဝတ်စားပြင်ဆင်ခဲ့ရပါတယ်။  သူမအ​နေနဲ့ ငယ်ရွယ်တဲ့ပုံစံ​ပေါက်​အောင် ကြိုးစားပြင်ဆင်ခဲ့​ပေမဲ့လည်း ကြည့်ရှုသူ​တွေက​တော့ လက်ရှိပုံစံနဲ့ ​နောက်​ကြောင်းပြန်တဲ့ ဇာတ်ဝင်ခန်းနဲ့က ပုံစံဟာ သိပ်ပြီး မကွာခြားလှဘူးလို့ မြင်ခဲ့ကြပါတယ်။

(2) Kim Hee Sun

မင်းသမီး Kim Hee Sun ဟာလည်း ပွဲဦးထွက်စဉ်တည်းက အလှဘုရင်မတစ်ဦးအဖြစ် နာမည်ကြီးပြီး နှစ်​တွေ ကြာလွန်သွား​တာ​တောင် နုပျိုလှပ​နေဆဲဖြစ်​ကြောင်း မကြာခဏ ချီးကျူးခံရသူဖြစ်ပါတယ်​။ ဒါ​ပေမဲ့ သူမဟာ တစ်ခါက “Alice” ဇာတ်လမ်းတွဲထဲမှာ အသက် ၂၀ ​ကျော် တက္ကသိုလ်​ကျောင်းသူပုံစံကို သရုပ်​ဆောင်ခဲ့ပြီး ပရိသတ်​တွေကို ​​ရှော့ခ်ရ​​စေခဲ့ပါတယ်။

Kim Hee Sun ဟာ “Alice” ဇာတ်လမ်းတွဲကို ရိုက်ကူးစဉ်က အသက် ၄၃ နှစ်ရှိပြီဖြစ်တာ​ကြောင့် ဇာတ်ရုပ်နဲ့ အသက်ကွာဟမှု အများကြီးရှိခဲ့ပါတယ်။ ဒါ​ကြောင့် “Alice” ထဲက ထိုဇာတ်ဝင်ခန်းဟာ ကြည့်ရှုသူအများစုရဲ့ အမြင်မှာ တစ်မျိုးဖြစ်​နေခဲ့ပါတယ်။ သူမအ​နေနဲ့ မူလအသက်ထက် အများကြီးငယ်တဲ့ ဇာတ်ရုပ်​တွေနဲ့ သိပ်အဆင်​မ​​ပြေလှ​ပေမဲ့ အသက် ၃၀ ​ကျော်​ ဇာတ်ရုပ်​ကို​တော့ ​ကောင်း​ကောင်းသရုပ်​ဆောင်နိုင်လိမ့်မယ်ထင်ပါတယ်​။

(3) Choi Ji Woo

မင်းသမီးကြီး Choi Ji Woo က​တော့ သူမရဲ့ ရှိရင်းစွဲ အသက်ထက် ပိုပြီးငယ်ရွယ်နုပျိုတယ်လို့ ထင်ရတဲ့သူတစ်ဦးပါ။ ဒါ​ပေမဲ့လို့ အထက်တန်း​ကျောင်းသူပုံစံ ဝတ်စားပြီး သရုပ်​ဆောင်ဖို့​တော့ မလိုက်ဖက်လှပါဘူး။

သူမဟာ “Twenty Again” ဇာတ်လမ်းတွဲမှာ အထက်တန်း​ကျောင်းသူပုံစံဝတ်စားပြီး ငယ်ရွယ်တဲ့ပုံ​​ပေါ်​အောင် မိတ်ကပ်ကိုပါ ​ပြောင်းလဲခဲ့​ပေမဲ့ သူမနဲ့ ​ထိုဇာတ်လမ်းတွဲရဲ့ ခေါင်း​ဆောင်မင်းသား Lee Sang Yoon တို့ကြားက အသက်ကွာဟမှုဟာ ဖန်သားပြင်ထက်မှာ ​ပေါ်လွင်​နေခဲ့ပါတယ်။

(4) Kim Seo Hyung

မင်းသမီးကြီး Kim Seo Hyung က​တော့ သရုပ်​ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ် ထူးချွန်သလို ​လေး​ထောင့်ကျကျမျက်နှာနဲ့ သြဇာတိက္ကမအပြည့်ရှိတာ​ကြောင့် နာမည်​ကျော်ကြား လူကြိုက်များပါတယ်။ ဒါ​ကြောင့် သူမကို မိန်းက​လေးဆန်ပြီး အပြစ်ကင်းစင်၊ ချစ်စရာ​ကောင်းတဲ့ အထက်တန်း​ကျောင်းသူ ဇာတ်ရုပ်မျိုးကို သရုပ်​ဆောင်ဖူးလိမ့်မယ်လို့ ဘယ်သူကမှ ထင်မိမှာမဟုတ်ပါဘူး။

ဒါ​ပေမဲ့ သူမဟာ ၂၀၀၈ ခုနှစ်က “Temptation of Wife” ဇာတ်လမ်းတွဲမှာ အဲ့ဒီဇာတ်ရုပ်ကို သရုပ်​ဆောင်ခဲ့ပါတယ်။ ကံ​ကောင်း​ထောက်မစွာနဲ့ Kim Seo Hyung ဟာ သူမရဲ့ အနုပညာသက်တမ်းတစ်​လျှောက်မှာ အထက်တန်း​​ကျောင်းသူပုံစံကို အဲ့ဒီတစ်ခါပဲ သရုပ်​ဆောင်ခဲ့ဖူးပါတယ်။

Source : Kbizoom
Photo : Kbizoom
Written : ZL