နာမည်ကြီး ငြို့ချက်ပြင်း ဆွဲဆောင်အားကောင်းတဲ့ EXO သီချင်းနှစ်ပုဒ်ကို ရေးပေးခဲ့ဖူးတဲ့ Henry နဲ့ SHINee အဖွဲ့ဝင် Jonghyun

Posted on

EXO သီချင်းတွေ အားလုံးလိုလိုဟာ နားထဲစွဲလွယ်ပြီး B side track တွေတောင် ပေါက်ပါတယ်။ တချို့ သီချင်းစာသားတွေဆိုရင် နှာခေါင်းသွေးလျှံနိုင်တဲ့ ငြို့ချက်ပြင်း စာသားတွေပါ ပါတယ်။ ဥပမာ The eve နဲ့ Playboys သီချင်းလိုမျိုးပါ။

နှစ်ပုဒ်လုံးကတော့ စာသားတွေက ရှယ် ၊တီးလုံးတွေကလည်း မြူးနဲ့ Performance တွေလည်း အမိုက်စားပါ။ “The Eve” သီချင်းဟာ “The war” album ထဲက B-side track ဖြစ်ပြီး Title song “Kokobop” သီချင်း ဖျော်ဖြေမှုထက် “The Eve” ဖျော်ဖြေမှုကို ပရိတ်သတ်တွေပိုစွဲလမ်းခဲ့ကြပါတယ်။ ထိုသီချင်းကို ရေးစပ်ပေးတဲ့သူက Super Junior-M အဖွဲ့ဝင်ဟောင်း Henery Lou ပါ။

“The Eve” ရဲ့ စာသားတွေဟာ တွန်းအားတစ်ခုကိုဖြစ်စေပြီး သီချင်းတီးလုံး Tempo အနိမ့်အကျကြောင့် chilling လုပ်ချင်တဲ့သူတွေ အတွက် Fresh vibe အပြည့်ရစေတဲ့ သီချင်းလေးပါ။ “The Eve” ရဲ့ choreography ကကွက်တွေဟာလည်း Kpop idol တွေကြားမှာ trend ဖြစ်တဲ့အထိ iconic ကကွက်ဖြစ်ခဲ့ပါတယ်။ “Dance Practice” ဆိုရင် ခုဆို ကြည့်ရှုသူ 134 million တောင် ရှိနေပါပြီ။

EXO သီချင်းတွေထဲမှာ ထိုသီချင်းလိုမျိုး “Masterpiece” နောက်တစ်ပုဒ်ကတော့ “Play Boy” ပါ။ ဒီသီချင်းကို သွားလေသူ Shinee အဖွဲ့ဝင် Jonghyun က ရေးစပ်ပေးခဲ့ပါတယ်။Jonghyun ဟာ ဘက်စုံတော်တဲ့သူဖြစ်တဲ့အလျောက် ဒီသီချင်းကို ကိုယ်တိုင်ရေးစပ်/ ကိုယ်တိုင် produce လုပ်ခဲ့ပါတယ်။ “Playboy” သီချင်းဟာလည်း title track မဟုတ်ပါဘူး။

B-side track ဖြစ်ပြီး ထိုသီချင်းကို EXO အဖွဲ့ stage ပေါ်မှာ ဖျော်ဖြေလိုက်တဲ့အခါ ပိုပေါက်သွားခဲ့ပါတယ်။ ဒီသီချင်းနဲ့ Concert တွေ မှာဖျော်ဖြေတိုင်း Fan girl တွေက အာခေါင်ခြစ်အားပေးမှုတွေ ယနေ့တိုင် ရနေဆဲပါ။ အာ့လောက်တောင် stage performance က ဆွဲဆောင်မှု ဗို့အားပြင်းပါတယ်။ သီချင်းနှစ်ပုဒ်လုံးဟာ EXO L တွေ သဘောအကျဆုံး သီချင်းတွေဖြစ်တာကြောင့် မကြည့်ရသေးသူတွေ ကြည့်ရှူကြဖို့ တိုက်တွန်းပါတယ်နော်။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet