“MONEY” နဲ့ “LALISA” ကို Solo Debut သီချင်း‌တွေအဖြစ် Lisa ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ…

Posted on

Lisa ကတော့ တကိုယ်တော်ပွဲဦးထွက်ခဲ့ပြီး စံချိန်အများအပြားကိုလည်း ချိုးခဲ့နိုင်ပြန်ပါသေးတယ်။ “MONEY” နဲ့ “LALISA” ကတော့ လူတိုင်းပါးစပ်ဖျားမှာ စွဲနေမိတဲ့အထိကို အကောင်းစားဖန်တီးမှုးတွေဖြစ်ခဲ့တာပါ။ Solo Debut ဖို့အတွက် အခြားသီချင်းပေါင်းများစွာထဲမှာ ဒီသီချင်း ၂ ပုဒ်က သူမရဲ့နှလုံးသားကို ခိုးယူနိုင်ခဲ့တယ်လို့ Lisa က Zach Sang Show မှာ ပြောပြခဲ့ဖူးပါတယ်။

တကိုယ်တော်ပွဲဦးထွက်ဖို့ ပြင်ဆင်ရပုံတွေကိုပြောပြရင်း Lisa ဟု သူမရဲ့ အချိန်၊ အာရုံ၊ စိတ်နှလုံးသားဝိဉာဉ်တို့ကို ဒီသီချင်းတွေမှာပဲ စိတ်နှစ်ထားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ သီချင်းအများကြီးကိုအသံသွင်းပြီး အကောင်းဆုံးကို ရွေးထုတ်တာမျိုးထက် သူမအကြိုက်ဆုံးဖြစ်ခဲ့တဲ့ “MONEY” နဲ့ “LALISA” သီချင်း (၂) ပုဒ်ကိုသာ အာရုံထားပြီး ဖန်တီးခဲ့ကြောင်းပါ ကျေနပ်စွာပြောပြခဲ့တာပါ။

YG Entertainment ရဲ့ ထုတ်လုပ်သူဖြစ်တဲ့ Teddy က Lisa ကို သီချင်းအချို့ဖွင့်ပြခဲ့ပြီး သူမကို လုံးလုံးလျားလျား ညှို့ငင်ဆွဲဆောင်နိုင်ခဲ့တာဟာ “LALISA” နဲ့ “MONEY” ပဲ ရှိခဲ့ကြောင်း မျှဝေပြောပြခဲ့ပါတယ်။ Lisa က “သီချင်း‌တွေကိုနားထောင်ရင်း ကျွန်မက ဒီသီချင်းကို ‌ကပြဖျော်ဖြေတဲ့အခါတိုင်း အမိုက်စားဖြစ်မလားဆိုပြီး တခါတည်း ခေါင်းထဲမှာ ပုံဖော်ကြည့်တယ်။

ကိုယ်နဲ့ ဒီသီချင်းနဲ့က လိုက်ဖက်နေမလား ဆိုပြီးတော့ပေါ့။ “LALISA” နဲ့ “MONEY” ကတော့ ကျွန်မရဲ့ ကိုယ်ရည်ကို‌ယ်သွေးနဲ့ Lisa ဆိုတဲ့ဖြစ်တည်မှုကို အကောင်းဆုံးဖော်ပြနိုင်တဲ့သီချင်းတွေဖြစ်လို့ တွေဝေမှုမရှိ ချက်ချင်းပဲ ရွေးဖြစ်ခဲ့ပါတယ်။ ဒီသီချင်းတွေက တကယ်ကိုပေါက်မှာဆိုပြီး အလိုလိုသိနေတာပေါ့နော်။ ဖွင့်လိုက်ရုံနဲ့ ကျွန်မနှလုံးသားကို ရိုက်ခတ်စေနိုင်တာကြောင့် ကျွန်မနဲ့ အလိုက်ဖက်ဆုံးသီချင်းတွေအဖြစ် ရွေးချယ်ခဲ့တာပါ” ဆိုပြီး Lisa က ပြောခဲ့ပါတော့တယ်။

Lisa ရဲ့ အရည်အချင်းကို ဖော်ဆောင်နေတဲ့ သီချင်းတွေကတော့ အမြောက်အမြားရှိပြီး ဒီထဲမှာမ “MONEY” နဲ့ “LALISA” ကတော့ Lisa အတွက် အကောင်းဆုံးဖြစ်တည်မှုပါပဲ။ Lisa ယုံကြည်တဲ့အတိုင်း သီချင်း (၂) ပုဒ်စလုံးက ကမ္ဘာ့အဆင့်အထိ ရေပန်းစားကျော်ကြားခဲ့တဲ့ Solo Debut သီချင်းတွေအဖြစ် စံတင်နေပါတယ်။

Source: Koreaboo
Photos: Koreaboo
Translated by Ivy