K-Pop ကိုယ်စားပြု နာမည်ကြီး girl group ၆ ခုမှအဖွဲ့ဝင်​​တွေရဲ့ အမိုက်စားဖျော်​ဖြေမှုကြီးကို ကြည့်ရှုရဦးမယ့် 2021 KBS Gayo Festival

Posted on

၂၀၂၁ ခုနှစ် ‘KBS Gayo Daechukje (KBS Song Festival)’ မှာ K-Pop ​လောကရဲ့ အင်အားအကြီးဆုံး project unit တစ်ခု ​မွေးဖွားလာ​တော့မှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်​နေ့မှာ KBS ရဲ့ ​ပြောကြားချက်အရ လက်ရှိမှာ နာမည်ကြီးပြီး အောင်မြင်​ကျော်ကြား​နေတဲ့ K-Pop ​လောကရဲ့ ကိုယ်စားပြု မိန်းက​လေးအဖွဲ့ ၆ ဖွဲ့က အဖွဲ့ဝင်​တွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၉ ​ယောက်ပါရှိတဲ့ project unit တစ်ခုရဲ့ အထူး​ဖျော်​ဖြေမှုကို 2021 KBS Gayo Daechukje မှာ မြင်​တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အဖွဲ့ ၆ ဖွဲ့က​တော့ Red Velvet, Oh My Girl, ITZY, Brave Girls, STAYC နဲ့ IVE တို့ပဲဖြစ်ပါတယ်။ ​တောင်ကိုရီးယားနိုင်ငံအတွင်း နာမည်အရ​ရော လက်​တွေ့မှာ​ရော အလှပဆုံးဖြစ်တဲ့ မိန်းက​လေးအဖွဲ့လို့ KBS က အမွှန်းတင်ထားတဲ့ ဒီproject unit ဟာ K-Pop မိန်းက​​လေးအဖွဲ့​တွေရဲ့ စမှတ်ဖြစ်သလို legend girl group တစ်ခုဖြစ်တဲ့ Girls’ Generation အဖွွဲ့ရဲ့ “Way To Go” သီချင်းကို ​ဖျော်​ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်​။

ဒီသီချင်းကို ​​ရွေးချယ်ရတဲ့ ရည်ရွယ်ချက်က​တော့ ကမ္ဘာတစ်ဝှမ်းက K-Pop ပရိသတ်​တွေကို ​ကောင်းမွန်တဲ့ အားအင်​တွေ​ပေးချင်လို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီ project unit အပြင် Seventeen အဖွဲ့ရဲ့ vocal ဘုရင် ၂ ဦးဖြစ်တဲ့ Seungkwan နဲ့ DK တို့ကလည်း ၂ ​ယောက်တွဲသီချင်းတစ်ပုဒ်ကို အတူ​ဖျော်​ဖြေသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် HYBE Lable လက်​အောက်က နာမည်ကြီး ​ယောကျ်ား​လေးအဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ TXT နဲ့ ENHYPEN တို့ကလည်း collaboration လုပ်ပြီး K-Pop ပထမမျိုးဆက်က​နေ ယ​နေ့အချိန်အထိ နာမည်ကြီး​ခဲ့တဲ့ boy group သီချင်း ၈ ပုဒ်ကို medley အ​နေနဲ့ တင်ဆက်သွားမှာဖြစ်ပါတယ်။

2021 KBS Gayo Daechukje မှာဆိုရင် ဒီလို အထူး​ဖျော်​ဖြေတင်ဆက်မှု​တွေတင်မကပဲ Red Velvet, Oh My Girl, Kang Daniel, The Boyz, Stray Kids, ITZY, TOMORROW x TOGETHER, ENHYPEN, aespa, Lee Mu Jin, Seventeen, Sunmi, NU’EST, ASTRO, Brave Girls, NCT U, SF9, Kim Woo Seok, STAYC နဲ့ IVE စတဲ့ K-Pop အနုပညာရှင်​တွေရဲ့ ​ဖျော်​ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုခံစားရမှာပါ။

ဒါ့အပြင် 2021 KBS Gayo Daechukje မှာ K-Pop ​လောကရဲ့ အထင်ကရ visual ၃ ဦးဖြစ်တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo, ​AOA အဖွဲ့ဝင် Seolhyun နဲ့ SF9 အဖွဲ့ဝင် Rowoon တို့က အစီအစဉ်တင်ဆက်သူအဖြစ် ​ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီပွဲ​တော်ကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၇ ရက်​နေ့မှာ “WITH” ဆိုတဲ့ theme နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source : Allkpop
Photo : Kpopping