Rosé ပြောပြဖူးတဲ့ အချစ်ရဆုံးခွေးလေးကို မွေးစားဖြစ်ခဲ့တဲ့အကြောင်းလေး

Rosé ပြောပြဖူးတဲ့ အချစ်ရဆုံးခွေးလေးကို မွေးစားဖြစ်ခဲ့တဲ့အကြောင်းလေး

Posted on

BLACKPINK’s Rosé ကတော့ ၂၀၂၀ တုန်းက Hank ဆိုတဲ့ ခွေးလေးကို မွေးစားခဲ့ပြီး သူမရဲ့ နှလုံးသားတစ်ခုလုံးနဲ့ အချစ်တွေပုံပေးထားပါတယ်။ Hank ကို ဘယ်လိုအကြောင်းအရင်းတွေကြောင့် မွေးစားဖြစ်ခဲ့သလဲဆိုတာကို Rosé က ပြောပြခဲ့ဖူးပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ စွန့်ပစ်ခံခွေးလေးတွေကို စောင့်ရှောက်ပေးတဲ့ဂေဟာတွေရှိပြီး မွေးစားဖို့အတွက် ပိုင်ရှင်တွေကိုလည်း ရှာဖွေပေးလေ့ရှိပါတယ်။ ဒီအကြောင်းလေးကိုလည်း ပြောပြခဲ့ပါတယ်။

Rosé ပြောပြဖူးတဲ့ အချစ်ရဆုံးခွေးလေးကို မွေးစားဖြစ်ခဲ့တဲ့အကြောင်းလေး

“စွန့်ပစ်ခံခွေးလေး‌တွေကို ယာယီစောင့်ရှောက်‌ကျွေးမွေးထားတဲ့ ဂေဟာလေးတွေရှိတယ်။ စောင့်ရှောက်သူတွေက ခွေးလေးတွေနဲ့ ပတ်သက်လို့ အသေးစိတ်လေးတွေကို လိုင်းပေါ်မှာတင်ပေးတာပေါ့။ ဥပမာ, “ဒီခွေးလေးတစ်ကောင်ကတော့ ခိုက်မိထားတဲ့ဒဏ်ရာလေးတွေရှိပါတယ်.. ချက်ချင်းကြီးအသားမကျပေမဲ့ အတူတူနေတဲ့အခါ ပြောင်းလဲသွားမှာပါ’ ဆိုပြီး အဲ့လိုလေးတွေကအစ ရေးတင်ပေးတယ်။

Rosé ပြောပြဖူးတဲ့ အချစ်ရဆုံးခွေးလေးကို မွေးစားဖြစ်ခဲ့တဲ့အကြောင်းလေး

ကျွန်မကလည်း ခွေးလေးတစ်ကောင်လောက် မွေးစားရမလားလို့ တွေးဖြစ်နေတဲ့အချိန်တွေမှာ တနေ့တော့ လိုင်းသုံးရင်း Hank ကို တွေ့လိုက်ရတယ်။ ချက်ချင်းပဲ ကလေးလေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဆိုပြီး မေးမြန်းခန်းတစ်ခုမှာပြောခဲ့ပါတယ်။ ဒါတင်မက Kelly Clarkson နဲ့ အင်တာဗျူးတော့လည်း Rosé က “Hank အကြိုက်ဆုံးစားစရာက ခွေးစာမှန်သမျှ အကုန်စားတယ်။

Rosé ပြောပြဖူးတဲ့ အချစ်ရဆုံးခွေးလေးကို မွေးစားဖြစ်ခဲ့တဲ့အကြောင်းလေး

စားလို့ရတာမှန်သမျှကို ကြိုက်တဲ့ကလေးလေးပါ။ Hank အကြောင်းလေးပြောရရင်‌တော့.. တောင်ကိုရီးယားမှာက ပိုင်ရှင်မဲ့နေတဲ့ ခွေးလေးတွေအများကြီးပဲ။ ‌တနေ့တော့ ချစ်စရာကောင်းတဲ့အမျိုးသမီးတစ်ယောက်က Hank ပုံလေးကိုတင်ပြီး မွေးစားပေးကြဖို့ ပြောနေခဲ့တာပါ။ ရောင်းတာ၊ ဝယ်တာမျိုးမဟုတ်ဘဲ သေချာမွေးစားနိုင်စေချင်လို့ သခင်ရှာပေးနေခဲ့တာ။

Rosé ပြောပြဖူးတဲ့ အချစ်ရဆုံးခွေးလေးကို မွေးစားဖြစ်ခဲ့တဲ့အကြောင်းလေး

ကျွန်မကလည်း Hank ကို မြင်တာနဲ့ ချစ်သွားရော။ ကလေးက သိပ်ကိုချစ်ဖို့ကောင်းတဲ့ကောင်လေးပါ” ဆိုပြီးလည်း ပြောခဲ့ပြန်ပါသေးတယ်။ Rosé တစ်‌ယောက် Hank ကို ဘယ်လောက်တောင်ချစ်သလဲဆိုရင် Instagram Account ပါ ဖွင့်ပေးထားပြီး ပုံလေးတွေပါ တင်ပေးတတ်ပြန်ပါသေးတယ်။ နူးညံ့တဲ့နှလုံးသားရှိသူ Rosé ကတော့ Hank အတွက် နွေးထွေးတဲ့စောင့်ရှောက်သူလေးဖြစ်ခဲ့တာ ၁ နှစ်တောင်ကျော်ခဲ့ပါပြီနော်။

Source: Koreaboo
Photos: Instagram
Translated by Ivy