Celebrity News

မိခင်ဖြစ်သူဆီက လှပမှုတွေအပြင် အနုပညာသွေးပါ အမွေဆက်ခံထားသူလေး Yang Zi

ချိုင်းနားရဲ့ A-List ထိပ်တန်းမင်းသမီးချောလေး Yang Zi ကတော့ ပွင့်လင်းတဲ့အပြောအဆိုနဲ့ ချစ်စရာကောင်းတဲ့ရုပ်ရည်သွင်ပြင်လေးတွေကြောင့် သူမကို နှစ်သက်သူပရိသတ်တွေ အခိုင်အမာရှိကြပါတယ်။ ငယ်စဉ်ကလေးသရုပ်ဆောင်ဘဝတုန်းက ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်ပြီး ယခုချိန်မှာတော့ ၂၀ ကျော်အရွယ် ပြေပြစ်တဲ့အလှမျိုးနဲ့ အစွမ်းကုန်လှပနေသူလေးပါ။

ဒီတော့ Yang Zi ရဲ့ အလှဟာ ဘယ်သူ့ဆီက မျိုးရိုးဆက်ခံထားသလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာတော့ မိခင်ဖြစ်သူရဲ့အလှအပြင် အနုပညာအရည်အသွေးကိုပါ ဆက်ခံခွင့်ရရှိထားသူမှန်းတွေ့ရှိခဲ့ရပါတယ်။ Yang Zi ရဲ့ မိခင်ဟာ တခေတ်တခါက နိုင်ငံခြားဘွဲ့ရထားတဲ့ နာမည်ကြီးအသံသရုပ်ဆောင် Ma Haiyan ဖြစ်ပါတယ်။

ဒီလိုမိခင်ကနေ မွေးဖွားဆင်းသက်လာသူ Yang Zi ကတော့ မိခင်ရဲ့အမွေကို ရရှိထားသူပါပဲ။ အရည်အချင်းပိုင်းမှာလည်း လိုအပ်ချက်မရ‌ှိသလို လှပမှုမှာလည်းပဲ Ma Haiyan ငယ်ငယ်ကနဲ့ တထေရာတည်းပါပဲ။ အသိသာဆုံးကတော့ မျက်လုံး၊ နှာခေါင်းနဲ့ နှုတ်ခမ်းလေးတွေပါ။

နှာထိပ်ဝိုင်းဝိုင်းလေးတွေကတော့ သားအမိ ၂ ယောက်ရဲ့ မြင်သာတဲ့ရုပ်အဆင်းလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Yang Zi ရဲ့ မိသားစုနောက်ခံအကြောင်းကို သေချာသိရှိပြီးနောက် Yang Zi လို သမီးလေးကို မွေးထုတ်ပျိုးထောင်နိုင်ခဲ့တာဟာ အနုပညာလောကကို တဆင့်မြင့်စေ‌ခဲ့ကြောင်း အသိအမှတ်ပြု ချီးကျူးခဲ့ကြပါတယ်။

မိခင်နဲ့ ချွတ်စွပ်တူတဲ့ သမီးမိန်းကလေးအုပ်စုထဲမှာတော့ Yang Zi ကလည်း အပါအဝင်ပါပဲ။ မိခင်ရဲ့ အနုပညာသွေးတွေအပြင် လှပမှုတွေကိုပါ ပိုင်ဆိုင်ထားတဲ့အပြင် အောင်မြင်ကျော်ကြားမ‌ှုပါ ရရှိနေတဲ့ Yang Zi အတွက် လိုအပ်ချက်ဆိုတာ ဘာမှမရှိလောက်တဲ့အထိ ပြီးပြည့်စုံနေပါပြီ။

Source: Sohu
Photos: Sohu
Translated by Ivy