ချစ်ခင်ပွန်းရဲ့ Rain ရဲ့ drama အသစ် ရိုက်ကူး​ရေးကို အား​ပေး​ကြောင်း ပြသခဲ့တဲ့ မင်းသမီး Kim Tae Hee

Posted on

ဒီဇင်ဘာလ ၂၁ ရက်​နေ့က Rain ရဲ့ ​အေဂျင်စီဖြစ်တဲ့ Rain Company က သူတို့ရဲ့ တရားဝင် Instagram account မှာ မင်းသမီး Kim Tae Hee ရဲ့ အ​ရောင်အ​သွေးစုံလင်ပြီး လှပတဲ့ coffee truck ​လေးရဲ့ ပုံကို “တင်း​တောင်! ‘Ghost Doctor’ ရိုက်ကွင်းကို အချစ်​တွေ ပြည့်နှက်​နေတဲ့ coffee truck ​လေး ​ရောက်ရှိလာပါပြီ” ဆိုတဲ့ caption နဲ့တကွ တင်ထားခဲ့ပါတယ်။

ဒီ coffee truck လေးဟာ မင်းသမီး Kim Tae Hee က သူမရဲ့ ချစ်ခင်ပွန်း Rain ရဲ့ ဇာတ်လမ်းတွဲအသစ်အတွက် အား​ပေး​ကြောင်း ပြသတဲ့အ​နေနဲ့ ပို့​ပေးခဲ့တာဖြစ်ပြီး ထို coffee truck က အလျားလိုက် banner ​ပေါ်မှာ “ဉာဏ်ကြီးရှင်ဆို​ပေမဲ့ ​သေချာသိလာရင် ​​နုံအတဲ့ Cha Young Min (Rain ရဲ့ ဇာတ်​ကောင်နာမည်) ကို အား​ပေးပါတယ်” လို့ ​ရေးသားထားပါတယ်။

​​ဒေါင်လိုက်​ထောင်ထားတဲ့ ဆိုင်းဘုတ်​ပေါ်မှာ​တော့ “မင်းသမီး Kim Tae Hee က မင်းသား Jung Ji Hoon (Rain ရဲ့ နာမည်အရင်း) နဲ့ the ‘Ghost Doctor’ ရဲ့ ဝန်ထမ်းအားလုံး၊ သရုပ်​ဆောင်အားလုံးကို အား​ပေး​နေပါတယ်” ဆိုပြီး ​​ရေးသားကာ အား​ပေးထားကို ​​တွေ့ရပါတယ်။ “The Heirs” ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Boo Sung Chul ရိုက်ကူးသွားမယ့် “Ghost Doctor” ဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ်​ဆေးပညာဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။

ဒီဇာတ်လမ်းအရ ​ကျော​ထောက်​နောက်ခံ၊ အရည်အချင်း၊ အကျင့်စရိုက် ဘာတစ်ခုမှ မတုညီတဲ့ ဆရာဝန်နှစ်​​ယောက်ရဲ့ ခန္ဓါကိုယ်နဲ့ စိတ်ဝိဉာဉ်​တွေဟာ မ​မျှော်လင့်ပဲ ​ပေါင်းစပ်မိသွားမှာဖြစ်ပါတယ်။ Rain က​တော့ လည်​ချောင်းခွဲစိတ်အထူးကုဆရာဝန် Cha Young Min အဖြစ် ပါဝင်ထားပြီး Kim Bum က ​ငွေဇွန်းကိုက်ပြီး ​မွေးဖွားလာတဲ့ ဆရာဝန် Go Seung Tak အဖြစ် သရုပ်​ဆောင်ထားပါတယ်​။

APINK အဖွဲ့ဝင် Son Naeun က​တော့ ​ဆေးပညာကို ​လေ့လာ​နေ​ပေမဲ့ သဘာဝလွန်ဖြစ်ရပ်​တွေကို ယုံကြည်ပြီး အ​ရေး​ပေါ်ခန်းမှာ တာဝန်ကျတဲ့ အလုပ်သင် Oh Soo Jung အဖြစ် သရုပ်​ဆောင်ထားသလို Uee က​တော့ Cha Young Min ရဲ့ ရည်းစား​ဟောင်း တဖြစ်လဲ အာရုံ​ကြောခွဲစိတ်အထူးကုဆရာဝန် Jang Se Jin အဖြစ် သရုပ်​ဆောင်ထားပါတယ်။ “Ghost Doctor” ဇာတ်လမ်းတွဲကို​တော့ လာမယ့် ဇန်နဝါရီလ ၃ ရက်​နေ့မှာ tvN, TVING နဲ့ iQiyi တို့က​နေ ပြသသွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL