Celebrity News

၃၇ နှစ်ကြာပြီးနောက် မိုက်ကယ်ဂျက်ဆင်ရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့တဲ့ ပထမဆုံးသောအဖွဲ့ BTS

BTS အဖွဲ့ဟာ First & Only ဆိုတဲ့ စံချိန်ပေါင်းများစွာကို ရရှိထားတဲ့ Kpop အဖွဲ့ပါ။ ဒီတခါမှာလည်း လွန်ခဲ့နဲ့ နှစ်ပေါင်း ၃၇ နှစ်ကြာက Michael Jackson တင်ထားခဲ့တဲ့ မှတ်တမ်းကို ခြေရာလိုက်နိုင်ခဲ့တဲ့ အဖွဲ့သစ်အဖြစ် ဂုဏ်တင်ခဲ့ပြန်ပါတယ်။ BTS အဖွဲ့ဟာ Oricon ရဲ့ နှစ်ကုန် အယ်လ်ဘမ်များစာရင်းချုပ်မှာ ထိပ်ဆုံးကနေရပ်တည်နိုင်ခဲ့တာကြောင့် သမိုင်းတလျှောက် ပထမဆုံးသောနိုင်ငံခြားအဖွဲ့တစ်ဖွဲ့အဖြစ် မှတ်တမ်းတင်ခံရပါတယ်။

December 22 ရက်နေ့က ဂျပန်နိုင်ငံရဲ့ အကြီးဆုံးဂီတဆုံစည်းရာဖြစ်တဲ့ Oricon ကနေ BTS အဖွဲ့ဟာ year-end album အဆင့်မှာ သူတို့ရဲ့ ၂၀၂၁ ဂျပန် album “BTS, THE BEST” နဲ့ ထိပ်ဆုံးက အပြတ်အသတ်နေရာယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ တနှစ်တာပတ်လုံးအဆင့်ကို သတ်မှတ်ရာမှာ ဂျပန်နိုင်ငံတွင်း December 28, 2020 မှ December 20, 2021 အထိ ရောင်းအားတွေကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

အဆုံးသတ် မှတ်တမ်းတွေအရ “BTS, THE BEST” ဟာ ဂျပန်နိုင်ငံမှာကို အချပ်ရေပေါင်း 993,000 ကျော် ရောင်းချနိုင်ခဲ့တာကြောင့် ရောင်းအားအကောင်းဆုံးအယ်လ်ဘမ်တချပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ ဒီမှတ်‌တမ်းကြောင့်ပဲ BTS အဖွဲ့ဟာ Oricon ရဲ့ year-end album chart မှာ ထိပ်ဆုံးကရပ်တည်ခဲ့တဲ့ ပထမဆုံးသော နိုင်ငံခြားအနုပညာရှင်အဖွဲ့ဖြစ်လာခဲ့ပါတယ်။

အတိတ်က ဒီမှတ်တမ်းကို ရရှိခဲ့ဖူးသူကတော့ Michael Jackson ဖြစ်ပြီး နှစ်ပေါင်း ၃၇ နှစ်ကြာမှ ထပ်မံစာရင်းဝင်ခဲ့တာကတော့ Kpop အဖွဲ့ BTS ပါပဲ။ “BTS, THE BEST” ဟာ Oricon ရဲ့ ပထမအပတ်အတွင်း ရောင်းအားအကောင်းဆုံး နိုင်ငံခြားအမျိုးသားအဖွဲ့အဖြစ် ၂၀၂၁ အစောပိုင်းတုန်းက စံချိန်ချိုးထားတာပါ။

Oricon ရဲ့ ကြေညာချက်မှာတော့ “‘BTS, THE BEST’ ဟာ ပထမပတ်အတွင်း 782,000 copies ကို ရောင်းချနိုင်ခဲ့သလို weekly album chart မှာလည်း အဆင့် (၁) နေရာကို ရယူနိုင်ခဲ့ပါတယ်။ နိုင်ငံရပ်ခြား အမျိုးသားအနုပညာရှင်များအနက် အမြင့်ဆုံးစံချိန်တင်ထားခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်” ဆိုပြီး ဂုဏ်ပြုဖော်ပြခဲ့ပါတယ်။ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ BTS ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုလိုက်ပါတယ်။

Source: Soompi
Photos: Soompi
Translated by Ivy