Celebrity News

ပရိတ်သတ်တွေဆီကို မျှော်လင့်ခြင်းတွေနဲ့ ချဉ်းကပ်လာပြီဖြစ်တဲ့ Ace Troops ဇာတ်လမ်းတွဲ

(၂၀၂၁) ကုန်ဆုံးခါနီးကို ရောက်လာပြီ ဖြစ်ပေမယ့် ယခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ကြီးကြီးမားမား အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ အရေအတွက် နည်းပါးနေတာကို တွေ့ရပါတယ်။ ဒီဇင်ဘာလမှာလည်း ထိပ်တန်းပလက်ဖောင်းတွေဘက်က ၎င်းတို့ရဲ့ ကိုယ်ပိုင် S+ လက်ရာများကို ထုတ်ပြခဲ့သော်လည်း ရလဒ်များဟာ မျှော်လင့်ထားသလောက် ကောင်းမွန်ခြင်း မရှိခဲ့တာတွေလည်း ဖြစ်ခဲ့ပါတယ်။

၎င်းတို့ရဲ့ ကိုယ်ပိုင် ထုတ်လွှင့်မှု စွမ်းဆောင်ရည်ကို ချွေတာဖို့အတွက် အချို့သော ပလပ်ဖောင်းများဟာ ၎င်းတို့ရဲ့ မူလထုတ်လွှင့်မှု အစီအစဉ်များကို ချိန်ညှိဖို့ လိုအပ်နေတယ်ဆိုတဲ့ အကြံပြုမှုတွေ ရှိနေပါတယ်။ မကြာသေးမီကပဲ Huang Jingyu နဲ့ Xiao Zhan တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တီဗီစီးရီး “Ace Force” ဇာတ်လမ်းတွဲကို အင်တာနက် အသုံးပြုသူအချို့ကြား မကြာမီမှာ ထုတ်လွှင့်ပြသတော့မယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ချက်ချင်းဆိုသလို ဒီသတင်းက အင်တာနက် သုံးစွဲသူတွေကြား ပြင်းပြင်းထန်ထန် ဆွေးနွေးမှုတွေ ချက်ချင်း ပေါ်ထွက်လာခဲ့ပါတယ်။

“Ace Troops” ဟာ 227 ဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက် Xiao Zhan အနေနဲ့ မနှစ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ တစ်နှစ်ကျော် ကြာပြီးတဲ့နောက်မှာ မကြာမီကပဲ ရုပ်သံလွှင့်လိုင်စင်ကို အောင်မြင်စွာ ရရှိခဲ့ပြီး မူလက CCTV မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ၎င်းကို လာမည့်နှစ် ဇန်နဝါရီလမှာ ထုတ်လွှင့် ပြသလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပြီး လက်ရှိ သတင်းများအရ အဆိုပါ ဇာတ်လမ်းတွဲကို ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း တစ်ပတ်အလိုလောက်မှာ ပြောဆိုနေကြတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နောက်ပိုင်းမှာတော့ Yunhe ရဲ့ အချက်အလက်တွေကို အင်တာနက်သုံးစွဲသူတွေ တင်ထားတဲ့ ဓာတ်ပုံတွေကနေ ဒီဇင်ဘာ (၂၆) ရက်မှာ ထုတ်လွှင့် ပြသမယ်လို့ ဖော်ပြနေတာဟာ ဒီကောလဟာလကို ယုံကြည်စိတ်ချရမှု တိုးလာစေပါတယ်။ တရားဝင် ကြေငြာချက် မထုတ်ရသေးတဲ့ အကြောင်းရင်းကလည်း မလိုလားအပ်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားဖို့ ဖြစ်နိုင်ပြီး ထိုနေ့မှာပဲ တိုက်ရိုက် ထုတ်လွှင့်မယ်လို့ လူအများက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။

“Ace Troops” ဟာ စစ်ဘက်ဆိုင်ရာ တီဗီစီးရီးတစ်ခုဖြစ်ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ သာမာန် idol ဒရာမာများကဲ့သို့ ရေပန်းစားခြင်း မရှိမှာကိုတော့ စိတ်ပူစရာမလိုတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အဓိက သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Xiao Zhan နဲ့ Huang Jingyu တို့ ပေါင်းစည်းထားတဲ့ လွှမ်းမိုးမှုဟာ သာမန်ထက် ပိုလွန်နေမှာ သေချာနေတာကြောင့်ပဲ ဖြစ်ပါတယ်။ နှစ်ကုန်မှာ (၂၀၂၁) ရဲ့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်ကြဖို့ ပရိတ်သတ်များက မျှော်လင့်နေကြပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu