Celebrity News

“ရုပ်လေး, ဗန်းပြပြီး လုပ်စားတဲ့ကောင်” မဟုတ်ဘူးလို့ ပြောဖူးတဲ့ Huang Zitao

Huang Zitao ရဲ့ ပွင့်လင်းတဲ့အပြောအဆို၊ မဟုတ်မခံအကျင့်စရိုက်တွေက ပရိသတ်တွေရှေ့မှာလည်း ပေါ်လာတတ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ဝေဖန်ကဲ့ရဲ့သူတွေကို ဝပ်ချသွားအောင်လည်း ပြောနိုင်တဲ့ တစ်ဦးတည်းသောသူပါပဲ။ မှတ်မှတ်ရရ, တခါကလည်း Tao ဟာ တိုက်ရိုက်ထုတ်လွှင့်နေတုန်းမှာ သူ့ရဲ့အနုပညာအလုပ်တွေကို လေးစားဖို့ ပေါ်တင်ပြောချဖူးပါတယ်။

တောင်ကိုရီးယားကနေ ချိုင်းနားကို ပြန်ရောက်တော့ တကို‌ယ်တော်အနုပညာ‌အလုပ်တွေကို ဆက်လုပ်လဲ့သူ Huang Zitao ဟာ ပွဲအခမ်းအနားတွေကို တက်ရောက်ဖို့ မကြာခဏဖိတ်ကြားခံပါတယ်။ တခါက ရံပုံငွေပွဲကို ရိုက်ကူးရေးတဖက်နဲ့ မအားတဲ့ကြားကနေ ရွှင်လန်းစွာတက်ရောက်ခဲ့ဖူးပါတယ်။

တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာတော့ ထုံးစံအတိုင်း လာရောက်တိုက်ခိုက်သူတွေဟာ “မျက်နှာဗန်းပြပြီး လုပ်စားတဲ့ကောင်” ဆိုပြီး ပြောဆိုခဲ့ကြတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ Tao ဟာ ပွင့်လင်းစွာပဲ ပြောချခဲ့ဖူးပါတယ်။ “ကျွန်တော်က ရုပ်ခံကြောင့် အနုပညာရှင်ဖြစ်လာတာမဟုတ်ဘူး။ မျက်နှာဗန်းပြပြီး စားဖို့သောက်ဖို့ရှင်သန်နေရသူလည်းမဟုတ်ဘူး။

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းနဲ့ အလုပ်တွေကိုပဲ အားကိုးအသုံးချတယ်။ မင်းတို့က နာမည်ကျော်တွေဟုတ်,ဟုတ်၊ မဟုတ်ဟုတ်… ငါ့ အနုပညာဖန်တီးမှုတွေကို ကြိုက်, ကြိုက်၊ မကြိုက်ကြိုက်… စိတ်လည်းမဝင်စားသလို အာရုံလည်းမရှိဘူး” ဆိုပြီး ပြန်ပြောခဲ့ဖူးပါတယ်။

အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် တခါတလေမှာလည်း Huang Zitao တစ်ယောက် ပင်ပန်းမိမှာပါပဲ။ အနာဂတ်မှာလည်း လူမသိတော့တဲ့အချိန်ရောက်လာရင်တောင်မှ ပရိသတ်တွေအတွက် သီချင်းတွေဖန်တီးနေဦးမှာ, ဆိုပြီး ကတိပေးဖူးတဲ့ Zitao ကြောင့်ပဲ သူ့ရဲ့ အနုပညာတွေကို တန်ဖိုးထားအားပေးနေရတာဖြစ်ပါတယ်။

Source: StarsNews
Photos: Studio
Translated by Ivy