Celebrity News

Ji Hyo နဲ့အတူ “We Got Married” ရိုက်ဖို့ HAHA ရဲ့ အကြံ​ပေးမှုကို Jong Kook တစ်​ယောက် ဘယ်လိုတုံ့ပြန်ခဲ့သလဲ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်​နေ့တုန်းက Disney Plus Korea ဟာ ‘Running Man’ ရဲ့ ပုံစံတူအစီအစဉ်ဖြစ်တဲ့ ‘Outrun by Running Man’ က ဗီဒီယို​လေးအတိုတစ်ခုကို YouTube မှာ တင်ခဲ့ပါတယ်​။ အဲ့ဒီဗီဒီယိုထဲမှာ Kim Jong Kook, HaHa, Ji Suk Jin နဲ့ Yang Se Chan တို့က အတူထိုင်ကာ စကား​ပြော​နေခဲ့ကြပါတယ်။ ဒီလိုနဲ့ HAHA က “ငါတို့က ဒီပုံစံတူ အစီအစဉ်ကို ဘာလို့ရိုက်တာလဲ။

ပရိသတ်​တွေဆီက အချစ်ကို လက်ခံရရှိဖို့ ဒါမှမဟုတ် ​ကျေးဇူးဆပ်ဖို့ ရိုက်ကူး​နေကြတာမဟုတ်လား။ ပရိသတ်​တွေသာ ဆန္ဒရှိရင် ‘Running Man’ မှာလည်း Jong Kook နဲ့ Ji Hyo တို့ ‘We Got Married’ ရိုက်​သင့်တယ်” ဆိုပြီး စကားစလာပါတယ်။ ထိုအခါ Ji Suk Jin နဲ့ Yang Se Chan တို့က HaHa ရဲ့ စကားကို “အရမ်းစိတ်ဝင်စားဖို့ ​ကောင်းမှာပဲ” ဟုဆိုကာ ​ချက်ချင်းပဲ ထောက်ခံခဲ့ကြပါတယ်။

ဆက်လက်ပြီး HaHa က “ဒါ​ပေမဲ့ ငါက​တော့ Ji Hyo က Jong Kook အိမ်ကို သွား​နေရင် စိတ်ဝင်စားဖို့မ​ကောင်း​လောက်ဘူးလို့ ခံစားရတယ်။ Jong Kook က သူမရဲ့ အိမ်ကို သွားသင့်တယ်လို့ထင်တယ်။ ဘယ်လိုသ​ဘောရလဲ?” လို့ တခြားသူ​တွေကို ​မေးမြန်းခဲ့ပါတယ်။ ထိုအခါ Kim Jong Kook က ဒီအတိုင်း ရယ်ပဲရယ်​နေပြီး ဒီအကြံကို ငြင်းဆန်တဲ့ သ​​ဘောထားကို​တော့ မပြသခဲ့ပါဘူး။

ဒါ​ကြောင့် Ji Suk Jin က “သူမက မိသားစုနဲ့အတူ​နေတာကို မင်းသိတယ်မလား? အဲ့ဒီမှာ သူ့ရဲ့ ​ယောက္ခမ​တွေလည်း ရှိ​နေမှာ” လို့ ဝင်ပြီး မှတ်ချက်ပြုခဲ့ပါတယ်။ အဲ့ဒီ​နောက် Kim Jong Kook ကလည်း “သူတို့တင်မကဘူး။ Ji Hyo ရဲ့ ညီအကို​မောင်နှမအားလုံးလည်းရှိ​​နေမှာ” ဆိုပြီး ပြန်တုံ့ပြန်ခဲ့ပါ​တယ်။

ဒါ​ပေမဲ့ HAHA က​တော့ “သူတို့အားလုံး မနက်စာစားဖို့ စားပွဲမှာ ဝိုင်းထိုင်​နေတာကို ရိုက်ရုံနဲ့တင် လုံးဝ နာမည်ကြီး​ပြီး အောင်မြင်မှာ အ​သေအချာပဲ” လို့ ဆက်​ပြောခဲ့ပြီး Ji Suk Jin ကလည်း ​ခေါင်းငြိမ့်ကာ “ဒီအကြံကို သ​ဘောတူပါတယ်” ဆိုပြီး HaHa ရဲ့ စကားကို ​ထောက်ခံခဲ့ပါတယ်။ ပရိသတ်ကြီး​​​ရော HaHa ရဲ့ အကြံကို ဘယ်လိုသ​ဘောရပါသလဲ။ စာ​ရေးသူက​တော့ ဒီအကြံကို အမြန်ဆုံး လက်​တွေ့အ​ကောင်အထည်​ဖော်​ပေးဖို့ ​မျှော်လင့်​နေပါပြီ​နော်။

Source : SBS Star
Photo : Disney Plus Korea
Written : ZL