ကမ္ဘာ​ပေါ်မှာ BTS အဖွဲ့ တစ်ခုတည်းကသာ ပိုင်ဆိုင်ထားတဲ့ World Record များ

Posted on

BTS အဖွဲ့ဟာ သူတို့ရဲ့ ဂီတ​ကြောင့်သာမက world record အများအပြားကို ပိုင်ဆိုင်ထားတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ ​အောင်မြင်​ကျော်ကြားပြီး လူသိများပါတယ်။ သူတို့ဟာ ​နေ့တိုင်းလိုလို စံချိန်သစ်​တွေတင်​နေတာဖြစ်တဲ့အတွက် သူတို့ ပိုင်ဆိုင်ထားတဲ့ world record အ​ရေအတွက်ဟာလည်း အချိန်နဲ့အမျှ ​ပြောင်းလဲလျက်ရှိပါတယ်။ အဲ့ထဲကမှ သူတို့ ပိုင်ဆိုင်ထားတဲ့ world record အခု (၂၀) ကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

(1) “Billboard 200 Chart” မှာ နံပါတ် ၁ ရတဲ့ ပထမဆုံး K-Pop အဖွဲ့

BTS ရဲ့ ၂၀၁၈ ခုနှစ်ထုတ် “Love Yourself: Tear” album ဟာ ထိုအချိန်က ​K-Pop အဖွဲ့တစ်ဖွဲ့ရဲ့ ​ရောင်းအားအမြင့်ဆုံး album အဖြစ် စံချိန်တင်ခဲ့တာ​ကြောင့် “Billboard 200” မှာ နံပါတ် ၁ ​နေရာကို ရရှိတဲ့ ပထမဆုံး နိုင်ငံခြားဘာသာစကားနဲ့ သီဆိုထားတဲ့ album ဖြစ်လာခဲ့ပါတယ်။

(2) “Billboard Artist 100 Chart” မှာ ထိပ်ဆုံး​နေရာကို ရရှိတဲ့ ပထမဆုံး K-Pop အနုပညာရှင်

“Love Yourself: Tear” album ဟာ BTS အဖွဲ့ကို “Billboard 200 Chart” မှာ နံပါတ် ၁ ရတဲ့ ပထမဆုံး K-Pop အဖွဲ့ဖြစ်​စေခဲ့ရုံသာမက “Billboard Artist 100 Chart” ရဲ့ ထိပ်ဆုံး​နေရာကို ​ရောက်ရှိ​အောင်လည်း တွန်းတင်​ပေးခဲ့ပါတယ်။

(3) “Billboard Hot 100 Chart” မှာ Top 10 ဝင်တဲ့ ပထမဆုံး K-Pop အဖွဲ့

“Love Yourself: Tear” album ထဲက ​ခေါင်းစီးသီချင်းဖြစ်တဲ့ “Fake Love” က​တော့ “Billboard Hot 100” ရဲ့ Top 10 ထဲမှာ ပါဝင်လာတဲ့ ပထမဆုံး K-Pop သီချင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီသီချင်းဟာ ယခင်က ထို chart မှာ နံပါတ် ၁၂ ထိရရှိခဲ့တဲ့ PSY ရဲ့ “Gangnam Style” သီချင်း စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

(4) “Billboard’s Social 50 Chart” ရဲ့ နံပါတ် ၁ ​နေရာမှာ ရက်သတ္တပတ်​ပေါင်းများစွာ ရပ်တည်​နေနိုင်တဲ့ ပထမဆုံး အနုပညာရှင်

BTS ဟာ “Billboard’s Social 50 Chart” ရဲ့ နံပါတ် ၁ ​နေရာမှာ အချိန်အကြာဆုံး ရပ်တည်နိုင်တဲ့ ပထမဆုံး အနုပညာရှင်လည်းဖြစ်ပါတယ်။ သူတို့ဟာ နံပါတ် ၁ ​နေရာမှာ ရက်သတ္တပတ် ၂၀၀ ​ကျော်ရှိ​နေခဲ့တာဖြစ်ပြီး အချိန်ထိ ဆက်လက်​ရေတွက်​နေရဆဲပါ။

(5) “Billboard Hot 100 Chart” မှာ ရက်သတ္တပတ်များစွာ ရှိ​နေတဲ့ ပထမဆုံး K-Pop အဖွဲ့

BTS ရဲ့ “Dynamite” သီချင်းဟာ ယခင်က Psy ရဲ့ “Gangnam Style” စံချိန်ကို ချိုးဖျက်ခဲ့ပြီး “Billboard Hot 100 Chart” အတွင်းမှာ ၃၂ ပတ်ကြာ ရပ်တည်နိုင်ခဲ့ကာ ထို ၃၂ ပတ်ထဲက ၃ ပတ်က နံပါတ် ၁ ​နေရာမှာ ရှိ​နေခဲ့တာဖြစ်ပါတယ်။

(6) “Billboard’s Digital Singles Chart” မှာ နံပါတ် ၁ အဖြစ် ရက်သတ္တပတ်အများဆုံး ရပ်တည်နိုင်တဲ့ ပထမဆုံး အနုပညာရှင်

မကြာ​သေးခင်ကပဲ “Billboard’s Digital Singles Chart” မှာ နံပါတ် ၁ အဖြစ် ၁၈ ပတ်ကြာရပ်တည်နိုင်ခဲ့တဲ့ “Butter” နဲ့ “Dynamite” တို့ဟာ ထို chart မှာ နံပါတ် ၁ အဖြစ် ရက်သတ္တပတ်အများဆုံး ရပ်တည်နိုင်တဲ့ သီချင်းအဖြစ် သ​ရေကျခဲ့ပါတယ်။ ဒါ့အပြင် BTS ဟာ Taylor Swift ကို​တောင် အနိုင်ရရှိပြီး ထို chart ရဲ့ နံပါတ် ၁ ​နေရာမှာ အချိန်အကြာဆုံး ရပ်တည်နိုင်တဲ့ အနုပညာရှင်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

(7) Spotify မှာ နား​ထောင်မှုအများဆုံး အနုပညာရှင်

BTS ဟာ သူတို့နဲ့ collaboration လုပ်ခဲ့တဲ့ Coldplay ကို ​ကျော်လွန်ပြီး Spotify သမိုင်းမှာ နာ​းထောင်မှုအများဆုံး အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။ BTS က16.3 billion streams ရှိခဲ့ပြီး Coldplay က​တော့ 16.1 billion streams ကိုသာ ရှိခဲ့တာဖြစ်ပါတယ်။

(8) ၂၄ နာရီအတွင်း Spotify မှာ နား​ထောင်မှုအများဆုံးသီချင်း

BTS ရဲ့ “Butter” သီချင်းဟာ ပထမဆုံး ၂၄ နာရီအတွင်း 20.9 million stream ရရှိခဲ့ပြီး Spotify မှာ နား​ထောင်မှု အများဆုံးသီချင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ​ပေမဲ့လည်း မကြာ​သေးခင်က ထွက်ရှိခဲ့တဲ့ Adele ရဲ့ “30” album ထဲက “Easy on Me” သီချင်းက ၂၄ နာရီအတွင်း 24 million stream အထိ ရရှိကာ BTS ရဲ့ စံချိန်ကို ချိုးဖျက်သွားနိုင်ခဲ့ပါတယ်။

(9) Twitter မှာ retweet အများဆုံး account နဲ့ Twitter မှာ engagement အများဆုံး ဂီတအဖွွဲ့

၂၀၁၉ ခုနှစ်က Twitter မှာ ပျမ်းမျှ 422,228 retweet ရရှိခဲ့တဲ့အတွက် BTS နဲ့ ARMY ​တွေဟာ Twitter မှာ engagement အများဆုံး account နဲ့ engagement အများဆုံး ဂီတအဖွဲ့အဖြစ် အလွယ်တကူပဲ ကမ္ဘာ့မှတ်တမ်းကိုတင်နိုင်ခဲ့ပါတယ်။

(10) TikTok မှာ follower ၁ သန်းကို အမြန်ဆုံး ရရှိတဲ့ account

BTS အဖွဲ့ဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်​နေ့မှာ TikTok account စဖွင့်ခဲ့ပြီး follower ၁ သန်းကို အမြန်ဆုံးရရှိတဲ့ account အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ၃ နာရီနဲ့ ၃၁ မိနစ်အတွင်း follower ၁ သန်းကို ရရှိခဲ့တာပါ။

(11) YouTube မှာ စတင်ထုတ်လွှင့်စဉ် ကြည့်ရှုသူအများဆုံး music video

“Butter” သီချင်းဟာ YouTube မှာ စတင်ထုတ်လွှင့်ပြသစဉ် ကြည့်ရှုသူ​ပေါင်း ၃.၉ သန်းရှိခဲ့တာ​ကြောင့် YouTube မှာ တင်ခဲ့သမျှ ဗီဒီယို​တွေထဲမှာ စတင်ထုတ်လွှင့်စဉ် ကြည့်ရှုသူအများဆုံး music video အဖြစ် စံချိန်တင်ခဲ့ပါတယ်။

(12) ပထမဆုံး ၂၄ နာရီအတွင်း YouTube မှာ ကြည့်ရှုမှုအများဆုံး K-Pop အဖွဲ့ရဲ့ music video

“Butter” သီချင်းဟာ YouTube ​ပေါ်တင်ပြီး ၂၄ နာရီအတွင်းမှာပဲ 108,200,000 views ကို ရရှိခဲ့ပါတယ်။ ဒါ​ကြောင့် BTS ဟာ သူတို့ရဲ့ သီချင်းဖြစ်တဲ့ “Dynamite” ရဲ့ ယခင်စံချိန်ကို ချိုးဖျက်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။

(13) ၂၄ နာရီအတွင်း YouTube မှာ ကြည့်ရှုမှုအများဆုံးဗီဒီယို

၂၀၂၀ ခုနှစ် သြဂုတ်လ ၂၂ ရက်​နေ့မှာ ထွက်ရှိခဲ့တဲ့ BTS ရဲ့ “Dynamite” သီချင်းက​တော့ ၂၄ နာရီအတွင်း YouTube မှာ 101,100,000 views ကို ရရှိခဲ့ပြီး ဒီကမ္ဘာ့စံချိန်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

(14) Bespoke platform မှာ ကြည့်ရှုမှုအများဆုံး ဂီတ​ဖျော်​​ဖြေပွဲ တိုက်ရိုက်ထုတ်လွှင့်မှု

BTS ရဲ့ online concert “Bang Bang Con: The Live” ဟာ နိုင်ငံ​​ပေါင်း ၁၀၇ နိုင်ငံက​နေ ကြည့်ရှုသူ ပရိသတ်​ပေါင်း ၇၅၆,၀၀၀ ဦးရှိခဲ့ပါတယ်။ ဒါ​ကြောင့် “Bang Bang Con: The Live” ဟာ ယ​နေ့အထိ လက်မှတ်အများဆုံး ​​ရောင်းချခဲ့ရတဲ့ live stream concert လည်းဖြစ်ပါတယ်။

(15) Mnet Asian Music Awards မှာ Daesang ဆုအများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အနုပညာရှင်

BTS ဟာ ၂၀၁၆ ခုနှစ်က​နေ ၂၀၂၀ ခုနှစ်အတွင်း Mnet Asian Music Awards (MAMA) က​နေ Daesang ဆုများစွာကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီမှတ်တမ်းကို ​ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အထိဆိုရင်​တော့ သူတို့ရရှိထားတဲ့ MAMA Daesang ဆု​ပေါင်း ၁၆ ဆုရှိပြီဖြစ်ပါတယ်။

(16) Nickelodeon Kids’ Choice ဆုကို အများဆုံးရရှိထားတဲ့ ဂီတအဖွဲ့

BTS ဟာ ဒီ Kids’ Choice ဆုကို ၅ ဆုအထိ ပိုင်ဆိုင်ထားပြီး Fifth Harmony နဲ့ အတူတူ Nickelodeon Kids’ Choice ဆုကို အများဆုံးရရှိထားတဲ့ ဂီတအဖွဲ့အဖြစ် ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

(17) ​​တောင်ကိုရီးယားနိုင်ငံမှာ ​ရောင်းအားအ​ကောင်းဆုံး album

ဂရင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း BTS ရဲ့ “Map of the Soul: 7” album ဟာ အချပ်​ရေ 4,440,800 နီးပါး ​ရောင်းချခဲ့ရတဲ့အတွက် ၂၀၂၁ ခုနှစ် မတ်လအထိ ​တောင်ကိုရီးယားနိုင်ငံမှာ ​ရောင်းအားအ​ကောင်းဆုံး album ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

(18) ဝင်​ငွေအများဆုံး K-Pop အဖွဲ့

Forbes မဂ္ဂဇင်းက​တော့ BTS ဟာ ၂၀၂၀ ခုနှစ်မှာ ​ဒေါ်လာ သန်း ၅၀ ဝင်​ငွေကို ရရှိခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါ​ကြောင့် BTS ဟာ ၂၀၂၀ ခုနှစ်အတွင်း Forbes ရဲ့ ဝင်​ငွေအများဆုံး ရရှိတဲ့ အနုပညာရှင်များစာရင်းမှာ နံပါတ် ၄၇ အဖြစ် ပါဝင်လာခဲ့ပါတယ်။ ယခုနှစ်မှာဆိုရင်​တော့ ဒီထက်ပိုတိုးလာဖို့ပဲ ရှိပါတယ်။

(19) Instagram မှာ follower အများဆုံး ဂီတအဖွဲ့

၂၀၂၁ ခုနှစ် ဧပြီလမှာ BTS အဖွဲ့ရဲ့ Instagram account ဟာ 40,220,226 ကို ရရှိခဲ့ပြီး Instagram မှာ follower အများဆုံး ဂီတအဖွဲ့အဖြစ် ဂရင်းနစ်စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာဆိုရင်​တော့ ထို Instagram account ဟာ follower 57 million ကို ​ကျော်လွန်သွားပြီဖြစ်ပါတယ်။

(20) Instagram မှာ follower 1 million နဲ့ 10 million ကို အမြန်ဆုံး ​ရရှိခဲ့တဲ့ အနုပညာရှင်

သူတို့ အားလပ်ရက်မယူခင်​လေးမှာပဲ BTS အဖွဲ့ဝင်အားလုံးဟာ ကိုယ်ပိုင် Instagram account ​တွေ ဖွင့်ခဲ့ကြပါတယ်​။ အဲ့ထဲကမှ V ဟာ NCT အဖွဲ့ဝင် Taeil ရဲ့ စံချိန်​ကို ချိုးဖျက်ပြီး follower 1 million ကို အမြန်ဆုံးရရှိတဲ့သူဖြစ်လာခဲ့ပါတယ်။ V ဟာ ၄၃ မိနစ်အတွင်း follower 1 million ရရှိခဲ့တာဖြစ်ပြီး ၄ နာရီနဲ့ ၅၂ မိနစ်အတွင်း follower 10 million ကို ရရှိခဲ့တာ​ကြောင့် ​နောက်ထပ်စံချိန်တစ်ခုကို ထပ်တင်ခဲ့နိုင်ပြန်ပါတယ်။

Source : Koreaboo
Photo : Twitter, Aminoapp
Written : ZL