2022-2023 မှာ စစ်ထဲကနေ ပြန်ထွက်လာတော့မဲ့ Korea အနုပညာရှင်အမျိုးသား (12)ယောက်

Posted on

တောင်ကိုရီးယားနိုင်ငံမှာ အရွယ်ရောက်ပြီးသားယောကျာ်းသားတွေဆို မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေရှိပါတယ်။ အကယ်၍ ကျန်းမာရေးဆေးစစ်ချက်တွေအရ အရည်အချင်းမပြည့်မီရင်တောင် လူမှုဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေသူတွေထက် အချိန်ပိုကြာကြာ တာဝန်ထမ်းဆောင်ရပါတယ်။

ဒီဥပဒေဟာ နိုင်ငံသားတိုင်း ထမ်းဆောင်ရတာဖြစ်တဲ့အတွက် နာမည်ကျော် Korea အနုပညာရှင်အမျိုးသားတွေလည်း အချိန်တန်ရင် စစ်မှုထမ်းတာဝန်ထမ်းဆောင်ကြရပါတယ်။ Kpop fan တွေ၊ K drama fan တွေအတွက်တော့ လွမ်းဆွေးစရာဖြစ်ပေမဲ့ တဘက်ကကြည့်ရင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြတဲ့ Idol တွေကို stan ရတာမို့ ဂုဏ်ယူစရာကိစ္စပါ။

သူတို့စစ်ထဲက ပြန်ထွက်လာရင်လည်း ထိပ်ဆုံးက ဝမ်းသာသူတွေဟာ kpopper တွေပါဘဲ။ ဒီစာရင်းကတော့ 2022 ခုနှစ် 2023 ခုနှစ်မှာ စစ်ထဲက ပြန်ထွက်လာပြီး ပရိတ်သတ်တွေဆီ ပြန်လာကြတော့မဲ့ အမျိုးသားအနုပညာရှင် စာရင်းဖြစ်ပါတယ်။

(1)Zico
Zico ကတော့ 2022 ခုနှစ် April လမှာ ပြန်ထွက်လာမှာပါ။

(2)EXO’s Chanyeol
စစ်တပ်ထဲမှာ အထူးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Chanyeol ကတော့ 2022 ခုနှစ် September လ ဆို သူ့တာဝန်ပြီးဆုံးပါပြီ။

(3)EXO’s Chen

Chanyeol ထက် အရင် စစ်မှုထမ်းနေတဲ့ Chen ကတော့ 2022 ခုနှစ် April လဆို ပြန်ထွက်လာပါပြီ။

(4)Gong Myung

“Lover of the red sky” ကားထဲက ဒုတိယမင်းသား Gong Myung ကတော့ 2023 ခုနှစ် June လ မှ စစ်ထဲကနေ ပြန်ထွက်လာမှာပါ။

(5)Jang Ki Yong

ယခုပြသနေတဲ့ “Now We are Breaking up” drama ကားရဲ့ မင်းသား Jang Ki young ဟာ ဇာတ်ကားစပြခင်ထဲက စစ်ထဲဝင်သွားတာပါ။ စစ်မှုထမ်းပြီးဆုံးမဲ့ အချိန်ကတော့ February 2023 ပါ။

(6)EXO’s Suho

EXO အဖွဲ့ရဲ့ leader ကြီး Suho ရဲ့ စစ်မှုထမ်းကာလဟာ February 2022 ဆိုပြီးပါပြီ။ Suho ရဲ့ မျက်မှန်ပါဝါဟာ ထောင်ကျော်တဲ့အတွက် public serve worker အနေနဲ့ ထမ်းဆောင်နေရတာဖြစ်ပါတယ်။

(7)Woo Do Hwan

The King ကားထဲက ကိုယ်ရံတော်လေး Woo Do hwan ကတော့ January 2022 ဆို စစ်မှုထမ်းတာဝန်ပြီးဆုံးပါပြီ။

(8)MONSTA X’s Shownu

Shownu ကတော့ April 2023 မှ စစ်ထဲကနေထွက်လာမှာပါ။

(9)SHINee’ Taemin

SHINee အဖွဲ့ရဲ့ အငယ်လေး Taemin ကတော့November 2022 မှ စစ်မှုထမ်းတာဝန်ပြီးဆုံးမှာပါ။

(10)EXO’s Baekhyun

Chanyeol နဲ့ Baekhyun တို့ဟာ ရှေ့ဆင့်နောက်ဆင့် စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့ကြတာဖြစ်ပြီး Baekhyun ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် suho လိုမျိုး public serve worker အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဒါကြောင့် Baekhyun ဟာ February 2023 မှ တာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

(11)Seo Kang Joon
puppy eye လေးရှိတဲံ ဒီမင်းသားကတော့ May 2023 မှ စစ်ထဲက ထွက်လာမှာဖြစ်ပါတယ်။

(12)Park Bo Gum

K- drama ပရိတ်သတ်တွေရဲ့ အသည်းကျော်မင်းသား Park Bo Gum ကတော့ 2022 ခုနှစ် April လဆို စစ်မှုထမ်းတာဝန်ပြီးဆုံးပါပြီ။ Bo Gum ဟာ လောလောဆယ် ရေတပ်မှာ တာဝန်ထမ်းဆောင်နေပါတယ်။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet