Tzuyu နဲ့ Mina တို့ စကားအများကြီးပြောတာကို မြင်ရလေ့မရှိခြင်းရဲ့ နောက်ကွယ်ကအဖြစ်မှန်

Posted on

TWICE အဖွဲ့ဝင် (၉) ယောက်က တစ်ဦးနဲ့တစ်ဦး ပုံစံမတူကြပါဘူး။ ပျော်ပျော်နေတတ်ကြပြီး စကားတွေတတွတ်တွတ်ပြောနေတတ်သူတွေ ရှိသလို အနေအေးပြီး စကားသိပ်ပြောလေ့မရှိသူလေးတွေလည်း ရှိနေပါတယ်။ စကားနည်းတဲ့ အဖွဲ့ဝင်တွေဆိုရင် ဂျပန်မလေး Mina နဲ့ ထိုင်ဝမ်သူလေး Tzuyu ကတော့ အထင်ကရပါပဲ။ ပရိသတ်တွေကလည်း စကားဟဟမပြောဘဲ အေးဆေးတည်ငြိမ်စွာနေတတ်တဲ့ ဒီကောင်မလေး ၂ ယောက်ရဲ့ပုံစံကို သဘောကျကြပါတယ်။

ဒါပေမဲ့လည်း ဒီလိုစကားနည်းခြင်းရဲ့ နောက်ကွယ်ကအဖြစ်မှန် အကြောင်းအရာလေးတွေလည်းရှိပါတယ်။ တခါက TWICE အဖွဲ့ဝင်တွေဟာ Radio Star အစီအစဉ်မှာပါဝင်လာခဲ့ပြီး သူမတို့ ၂ ယောက်ရဲ့ အသံကို မကြားရခြင်းအတွက် တကယ့်အကြောင်းအရင်းအမှန်ကို အကြီးဆုံးအဖွဲ့ဝင် Nayeon က ဖောက်သည်ချခဲ့ပါတော့တယ်။

Mina နဲ့ပတ်သက်လို့ Nayeon က “Mina ကလေ ပရိသတ်ကြီးတို့ ထင်မထားလောက်အောင်ကို လေပေါပါတယ်။ တစ်ခုရှိတာက စကားပြောတဲ့အခါ ညင်သာသိမ်မွေ့ပြီး တိုးတိုးလေးပဲပြောတတ်လွန်းလို့ သူဘာပြောလဲဆိုတာ သေချာမကြားရပါဘူး။ အဲ့တော့ စကားနည်းသလိုဖြစ်သွားတာပါ” ဆိုပြီး အရင်ရှင်းချက်ထုတ်ပေးခဲ့ပါတယ်။

အငယ်ဆုံး Tzuyu ကျတော့ တမျိုးပြောင်းသွားပါပြီ။ “ကျွန်မတို့‌ရဲ့အငယ်ဆုံးလေး Tzuyu ကကျတော့ သူ့ဘာသာသူ တစ်ယောက်တည်း သူ့အတွေးထဲမှာ မြောနေတာ။ တကယ်ကို စကားမပြောတဲ့ကလေးပဲ” လို့ Nayeon က ပြောပြခဲ့ပါတော့တယ်။ Tzuyu ကိုယ်တိုင်ကလည်း “ဟုတ်ပါတယ်.. ကျွန်မက စကားတော့ပြောပါတယ်။

ဒါပေမဲ့ TV show တွေရိုက်ရင်တော့ စကားနည်းသွားတတ်ပါတယ်” ဆိုပြီး သူမရဲ့ ပင်ကိုစရိုက်လေးကို ဝန်ခံခဲ့ဖူးပါ‌တယ်။ Mina နဲ့ Tzuyu ကတော့ အငြိမ်ဆုံး၊ စကားအနည်းဆုံးအဖွဲ့ဝင်တွေဖြစ်သလို တခါတလေမှာလည်း TWICE ရဲ့ ကျန်အဖွဲ့ဝင်တွေနဲ့အတူ ပေါက်ကရတွေ လုပ်တတ်ကြပါသေးတယ်။ လူအများကြီးရှေ့မှာဆိုရင်သာ စကားအများကြီးမပြောပေမဲ့ အချင်းချင်းနဲ့တော့ လေပေါချင်ပေါနေကြမှာပါနော်။

Source: Koreaboo
Photos: Kpopping
Translated by Ivy