Celebrity News

စတင်ထုတ်လွှင့်ပြသတဲ့နေ့မှာပဲ အဖွင့်လှခဲ့တဲ့ “Ace Troops” ဇာတ်လမ်းတွဲ

Huang Jingyu နဲ့ Xiao Zhan တို့ အဓိကပုံဖော်ရိုက်ကူးထားတဲ့ “Ace Troops” ဇာတ်လမ်းတွဲဟာ ဒီဇင်ဘာ (၂၆) ရက်နေ့မှာ စတင်ပြသခဲ့ပြီဖြစ်ပါတယ်။ ပြသမယ့်အကြောင်း တရားဝင်ထုတ်ပြန်ကြေညာတဲ့နေ့နဲ့ တရက်တည်းမှာ ပြသလိုက်တာကြောင့်ဘရုတ်တရက်ဆန်ခဲ့ပေမဲ့ ဇာတ်လမ်းထုတ်လွှင့်တဲ့နေ့မှာပဲ အောင်မြင်မှုထိပ်ဆုံးရောက်ခဲ့တာကြောင့် အဖွင့်လှခဲ့ပါတယ်။

၂၀၂၀ တုန်းက ဖြစ်ပေါ်ခဲ့တဲ့ AO3 scandal ပြီးတဲ့နောက် Xiao Zhan လက်ခံရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းဖြစ်လို့ ပရိသတ်တွေက အားပေးဖို့အတွက် မျှော်လင့်နေခဲ့ကြတာပါ။ ၂၀၂၀ ဒီဇင်ဘာမှာတော့ ရိုက်ကူးရေးပြီးစီးခဲ့ပေမဲ့လည်း ထုတ်လွှင့်ပြသမယ့်အကြောင်း တစွန်းတစမှထွက်မလာခဲ့တာကြောင့် အချိန်အတော်ကြာ စောင့်ခဲ့ကြရပါတယ်။

၂၀၂၁ ဒီဇင်ဘာ (၂၆) ရက်နေ့မှာတော့ ဇာတ်လမ်းကို စတင်ပြသခဲ့ရာ တရုတ်နိုင်ငံသုံး Social Media ဖြစ်တဲ့ Weibo ရဲ့ အဓိက Hot Search list မှာကို နံပါတ် (၁) အဆင့်နဲ့ Trending ဝင်ချခဲ့ပါတယ်။ အနီးကပ်ကြေညာချက်နဲ့အတူ ကောင်းမွန်တဲ့ Promotion ‌တွေလည်း မရှိခဲ့တဲ့ “Ace Troops” ဇာတ်လမ်းဟာ ပထမဆုံးအပိုင်းတွေမှာတင် Rating အမြင့်တွေကို ရရှိခဲ့ပါတယ်။

iQIYi နဲ့ JiangsuTV ၂ လိုင်းတည်းမှာပဲ ပြသခဲ့တာတောင် တပြိုင်တည်းထုတ်လွှင့်တဲ့အခြားဇာတ်လမ်းတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့ပါတယ်။ JiangsuTV မှာဆိုရင် ပထမအပိုင်းမှာတင် 1.7 point ကို ရရှိခဲ့ပြီး အချိန်နဲ့တပြေးညီ ရေပန်းအစားဆုံးစာရင်းမှာလည်း No (1) နေရာကနေ ပွဲဦးထွက်လာခဲ့ပါတယ်။

ဇာတ်လမ်းဟာ စစ်ပွဲကာလ‌အခြေအနေတွေဖြစ်တာကြောင့် စစ်ကားကြိုက်သူတွေအတွက် ထူးခြားကောင်းမွန်လှပါတယ်။ တဖက်မှာတော့ ဗီယက်နမ်စစ်ပွဲအကြောင်းကို သမိုင်းမှားတွေရိုက်ကူးပြသတယ်ဆိုပြီး ပြည်ပပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေဖြစ်ပေါ်နေသလို ဇာတ်လမ်းထဲမှာ ဝတ်ဆင်ထားတဲ့ စစ်ဝတ်စုံဟာ ထိုခေတ်က အဆင်အယင်နဲ့ မကိုက်ဘူးလို့လည်း သုံးသပ်ခံထားရပါတယ်။

သမိုင်းကြောင်းကြောင့် အဆင်မပြေဖြစ်နေကြပေမဲ့ အဓိကသရုပ်ဆောင်တွေရဲ့ ပုံဖော်ရိုက်ကူးနိုင်မှုကိုတော့ ချီးကျူးနေကြပါတယ်။  ပရိသတ်တွေကတော့ “Ace Troops” ဇာတ်လမ်းထဲက Xiao Zhan ရဲ့ သရုပ်ဆောင်ချက်ကို အားရနေကြပြီး နောက်ထပ် ပြသဖို့နှောင့်နှေးနေတဲ့ “The Oath of Love” လည်း အမြန်ဆုံးထွက်လာဖို့ တောင်းဆိုနေပါတယ်။

Source: Sohu
Photos: Studio
Translated by NayChi