Celebrity News

‘Squid Game’ Season 2 ရဲ့ ဇာတ်ညွှန်းနဲ့ Season 3 အတွက် ဖြစ်နိုင်​ခြေကို အရိပ်အမြွက်​​ပြောပြခဲ့တဲ့ ဒါရိုက်တာ Hwang Dong Hyuk

ဒီဇင်ဘာလ ၂၈ ရက်​နေ့က ကမ္ဘာ​ကျော် ကိုရီးယား Netflix စီးရီး ‘Squid Game’ ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဒါရိုက်တာ Hwang Dong Hyuk ဟာ KBS ရုပ်သံလိုင်းနဲ့ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအင်တာဗျူးမှာ သူက “ကျွန်​တော် လက်ရှိမှာ ‘Squid Game’ Season 2 နဲ့ Season 3 အတွက် Netflix နဲ့ ​ဆွေး​နွေးတိုင်ပင်​နေပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး Hwang Dong Hyuk က “ကျွန်​တော်တို့ ​ဆွေး​နွေးမှုကို သိပ်မကြာခင်မှာပဲ အဆုံးသတ်ပြီး ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

လူအများကြီးက ​စောင့်​မျှော်​နေကြတာကို ကျွန်​တော်တို့ သိတဲ့အတွက် ​နောက် season ကို အ​ကောင်းဘက်က​နေ ​အားလုံးက ကြိုးစားပြင်ဆင်​နေပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်​။ ဒါ့အပြင် ဒါရိုက်တာ Hwang Dong Hyuk က Season 2 ရဲ့ အဓိကဇာတ်ညွှန်းကိုလည်း ထုတ်​ဖော်​ပြောပြခဲ့ပါ​​သေးတယ်။

သူက “(Season 2 မှာ) Seong Gi Hun (Lee Jung Jae) က ဂိမ်း​နောက်ကွယ်က အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်​တွေကို ​ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို အသား​ပေး​ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ​နောက်ပြီး Season 2 ရဲ့ အဓိကဇာတ်ညွှန်းမှာ Gi Hun တွေ့ဆုံလာရခဲမယ့် လူ​တွေရဲ့ အ​ကြောင်းနဲ့ သူလိုက်လံစုံစမ်း​ဖော်ထုတ်ရမယ့် လူ​တွေရဲ့ အ​ကြောင်း​တွေ ပါဝင်သွားမှာ ဖြစ်ပါတယ်” ဆိုပြီး မျှ​ဝေခဲ့တာပါ။

ထို​နေ့မှာပဲ Netflix ကလည်း ‘Squid Game’ Season 3 ဖြစ်နိုင်​ခြေရှိမရှိကို “ကျွန်​တော်တို့ ‘Squid Game’ နဲ့ ပတ်သက်ပြီး ဖြစ်နိုင်​ခြေအမျိုးမျိုးကို ​ဆွေး​​နွေးလျက်ရှိပြီး Season 3 ရိုက်ကူးထုတ်လုပ်သွားဖို့ ကိစ္စလည်း ပါဝင်ပါတယ်။ ဒါ​ပေမဲ့ အခုအချိန်မှာ​တော့ အတိအကျ​ အတည်ပြုနိုင်တာ မရှိ​သေးပါဘူး” လို့ ဆိုကာ မှတ်ချက်ပြုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Season 2 ထွက်ဖို့က​တော့ ​သေချာ​နေပြီမို့ ပရိသတ်​​​တွေ​လည်း ကြိုပြီး ရင်ခုန်စိတ်လှုပ်ရှား​နေကြပြီ ထင်ပါတယ်​နော်။

Source : Soompi
Photo : KBS, Netflix
Written : ZL