ချိုင်းနားရဲ့ “Asia Pop Music Awards” ပွဲကြီးမှာ အဖွဲ့လိုက်သာမက တစ်ဦးချင်းအနေနဲ့ပါ ဆုတွေရခဲ့တဲ့ EXO

Posted on

“Asian Pop Music Awards” ပွဲကြီးဟာ China ကနေ နှစ်စဉ်ချီးမြှင့်နေတဲ့ နိုင်ငံတကာအဆင့်မီ ဆုပေးပွဲကြီး ဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ နိုင်ငံတကာက အနုပညာရှင်တွေကိုပါ ဆုပေးလေ့ရှိပါတယ်။ ဆုစာရင်းမှာ Best Album of the Year, Song of the Year, Best Music Video, Best Dance Performance အစရှိတဲ့ ဆုကြီးတွေအပါဝင် ဆုအမျိုးအစား (၁၅) ခုလောက်ရှိပါတယ်။

ဒီနှစ်ပွဲကိုတော့ December 27 ရက်နေ့မှာလုပ်ခဲ့တာ ဖြစ်ပြီး ဆုရရှိသူစာရင်းကို “VVV Music Group” YouTube channel က တဆင့်ကြေငြာခဲ့ပါတယ်။ ဒီနှစ်ရဲ့ Presenter က​တော့ ဟောင်ကောင်ရုပ်ရှင် King “Simon Yam” ဖြစ်ပါတယ်။ ဆုရရှိခဲ့သူများအနက်မှ EXO အဖွဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ ဆုစာရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

EXO အဖွဲ့လိုက်အနေနဲ့ Don’t Fight The Feeling Album ဖြင့် Top 20 Songs of the Year (Overseas) , People choice’s Award (Oversea) (most voted Rank #1) အစရှိတဲ့ဆုနှစ်ဆုကိုရရှိခဲ့ပါတယ်။ Baekhyun ကတော့ “Bambi” album နဲ့ “Top 20 Songs of The Year” “Top 20 album of the year(Oversea)” “People choice’s Award (Oversea)” (most voted Rank #3) အစရှိတဲ့ ဆု (၃) ဆုကို ရခဲ့ပြီး “U” သီချင်းနဲ့ Best OST (Oversea) ဆုကိုပါ ထပ်ရခဲ့ပါတယ်။

Yixing ကတော့ “East” album နဲ့ Top 20 albums of the Year (Chinese) နဲ့ People’s Choice Award (Chinese) (most voted #1) အစရှိတဲ့ ဆုနှစ်ဆု ရခဲ့ပါတယ်။ Kai ကတော့ “MMMH” သီချင်းနဲ့ Best Male Artist (Oversea) ဆုရရှိခဲ့ပြီး People choice’s Award (Oversea) ဆုမှာ Ranked 6 နေရာကနေ ဆုထပ်ရခဲ့ပါတယ်။ D.O.လည်း “Empathy” album နဲ့ People choice’s Award (Oversea) ဆုမှာ (most voted Rank #4) ရခဲ့ပါတယ်။ အားလုံးဘဲ congratulations ပါနော်

Source: Allkpop, Twitter
Photo Credit: Allkpop
Written: Violet