TC Candler ရဲ့ ကမ္ဘာ့အချောမောဆုံးအယောက် (၁၀၀) စာရင်းဝင်မှာ ပါဝင်လာတဲ့ ထိုင်းကြယ်ပွင့်များ

Posted on

၂၀၂၁ အတွက် 100 MOST Handsome FACES LIST စာရင်းကတော့ ဒီဇင်ဘာလကုန်ခါနီးမှာ ပေါ်ထွက်လာခဲ့ပါပြီ။ TC CANDLER နဲ့ THE INDEPENDENT CRITICS တို့ကနေပြီး 1990 ကတည်းက စိစစ်ရွေးချယ်ကာ သတ်မှတ်ပေးတာဖြစ်ပြီး နိုင်ငံတကာပရိသတ်ပေါင်းများစွာက လက်ခံထားကြတဲ့စာရင်းပဲဖြစ်ပါတယ်။

နိုင်ငံတဝှမ်းမှာ နာမည်ကြီးကျော်ကြားသူပေါင်း များစွာထဲက ဆန်ကာတင်စာရင်းဝင် ၈၀၀ ထဲက‌နေ စံနှုန်းတွေနဲ့ကိုက်ညီသူများအား ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ The 100 Most Handsome & Beautiful Faces အယောက် ၁၀၀ စာရင်းမှာ ပါဝင်တဲ့ တရုတ်ကြယ်ပွင့်များစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

စာရင်းဝင် အမျိုးသားကြယ်ပွင့်များအနေနဲ့…

(67) Bright Vachirawit

(63) Luke Ishikawa

(57) Win Metawin

(54) BamBam တို့ဖြစ်ကြပြီး အမျိုးသမီးကြယ်ပွင့်များစာရင်းမှာတော့…

(54) Yaya Urassaya

(28) Sorn

(1) Lisa တို့ ရှိနေပါတယ်။

BLACKPINK အဖွဲ့ဝင် ထိုင်းနိုင်ငံသူ Lisa ကတော့ ၂၀၂၁ ရဲ့ ကမ္ဘာ့အလှပဆုံးအမျိုးသမီးစာရင်းရဲ့ အဆင့် (၁) နေရာမှာ ဗိုလ်စွဲရယူနိုင်ခဲ့ပါတယ်။ မနှစ်ကတုန်းက အဆင့် (၂) နေရာကိုပဲ ရရှိခဲ့ပြီး ဒီနှစ်မှာတော့ ထိပ်ဆုံးကရပ်တည်ရင်း Winner တစ်ဦးဖြစ်ခဲ့ပြီမို့ ထိုင်းနိုင်ငံရဲ့ဂုဏ်ကို ကမ္ဘာ့အလယ်မှာ မြှင့်တင်နိုင်ခဲ့ပါပြီ။

ကမ္ဘာ့အ‌ခန့်ညားဆုံးအမျိုးသား အယောက် (၁၀၀) စာရင်းနဲ့ ကမ္ဘာ့အလှပဆုံး အမျိုးသမီးအယောက် (၁၀၀) စာရင်းတွေမှာတော့ ထိုင်းနိုင်ငံက စုစုပေါင်း (၇) ဦး တိတိ ပါဝင်ဂုဏ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Source: TC Candler
Photo: TC Candler YouTube Channel
Written: NayChi