“Yumi’s Cells” S2 အတွက် ချယ်ချယ်လေးရဲ့ အားပေးမှုကို ကြည်နူးနေခဲ့သူ မမကြီး Kim Go Eun

Posted on

BLACKPINK အဖွဲ့ဝင် Rosé နဲ့ မင်းသမီး Kim Go Eun တို့ဟာ JTBC’s “Sea of Hope” အစီအစဉ်မှာ တွေ့ဆုံပြီးနောက်ပိုင်း တအားကို ရင်းနှီးချစ်ခင်သွားကြပါတယ်။ အသက်အရွယ်ကွာခြားပေမဲ့ ညီအစ်မတွေလိုဖြစ်နေကြတဲ့ အနုပညာရှင် (၂) ယောက်ကတော့ သူတို့အချင်းချင်း ရင်းနှီးနွေးထွေးနေတာတွေကို ပရိသတ်တွေကိုလည်း ချပြတတ်ကြပါသေးတယ်။

Kim Go Eun ဟာ “Yumi’s Cells” Season 2 အတွက် ရိုက်ကူးနေတာဖြစ်ပြီး ချစ်ရသူမမကြီးကို BLACKPINK’s Rosé က ကြည်နူးဖို့ကောင်းအောင် အားပေးမှုလေး ပြုလုပ်ခဲ့ပါတယ်။ ရိုက်ကူးရေးကြောင့် အလုပ်များပြီး မအားလပ်နေတဲ့ Kim Go Eun အတွက် Rosé ဟာ coffee truck ကို ရိုက်ကွင်းအထိပို့ပေးခဲ့ပါတယ်။

နှစ်ယောက်သားအတူတူရိုက်ထားတဲ့ဓာတ်ပုံလေးကိုပါ Coffee Truck ထဲမှာ ထည့်ပေးလိုက်တဲ့ Rosé ကတော့ ဘယ်လိုတောင် ဂရုတစိုက်ရှိလှသလဲဆိုတာမြင်သာပါတယ်။ December 28 ရက်နေ့မှာပဲ Kim Go Eun ဟာ သူမရဲ့ Instagram Stories ကနေတဆင့် ချယ်ချယ့်ရဲ့ လက်ဆောင်ကို ကြည်နူးစွာ မျှဝေခဲ့ပါတော့တယ်။

Rosé ပို့ပေးခဲ့တဲ့ ကော်ဖီကားရှေ့မှာ ပျော်ရွှင်‌စွာဓာတ်ပုံရိုက်ထားတဲ့ပုံလေးတွေကို “Thank You So Much” လို့ ရေးခဲ့ပြီး နောက်ထပ်တပုံမှာလည်း ကိုရီးယားလို “ကျေးဇူး အများကြီး… အများကြီးမှ အများကြီးကို တင်ပါတယ် Chaeyoung လေးရေ, မွမွ” လို့ ရေးကာ Rosé ကို Tag တွဲပြီး သူမ ဘယ်လောက်တောင်ပျော်ရွှင်ကျေနပ်နေကြောင်းကို ပြသခဲ့ပါတယ်။

Kim Go Eun ရဲ့ “Yumi’s Cells” S1 ဟာ ပရိသတ်ကြား အတော်လေး ရေပန်းစားခဲ့တာဖြစ်လို့ S2 ထပ်ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ ဆောင်းတွင်းအေးအေးမှာ ရိုက်ကူးရေးကြောင့်ပင်ပန်းနေမယ့် Go Eun ကို တွေးတောပြီး အားပေးချင်တဲ့အတွက် ကော်ဖီကားပို့ပေးခဲ့တဲ့ Rosé ကတော့ သူမရဲ့ မိတ်ဆွေတွေကိုအထူးဂရုစိုက်တတ်သူလေးဆိုတာ ပိုလို့တောင်သိသာသွားခဲ့ပါပြီ။

Source: Soompi
Photos: Instagram
Translated by NayChi