Celebrity News

“Snow Drop” ဆက်မလွှင့်ဖို့ K Netizen တွေရဲ့တောင်းဆိုချက်တွေကို အိမ်ပြာတော်မှ ပယ်ချ (သတင်းအပြည့်အစုံ)

JTBC က ထုတ်လွှင့်ပြသနေတဲ့ “Snow Drop” drama ကို ဆက်မလွှင့်ဖို့ K netizen တွေဟာ အိမ်ပြာတော်ကို လက်မှတ်ထိုးတောင်းဆိုလွှာ စာတင်ခဲ့ကြပါတယ်။ December 20 ရက်နေ့ကဆို petition အစောင်ရေ 3 သိန်းခွဲကျော်တောင် ရှိခဲ့တာပါ။ JTBC ဘက်ကလည်း ဖြေရှင်းလွှာ ခဏခဏထုတ်ပေးခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကဆို Episode 5 အထိ ဆက်တိုက်လွှင့်ပေးခဲ့ပါတယ်။

တကယ်ဆို ဇာတ်ကားမလွှင့်ခင်ထဲက K netizen တွေက အိမ်ပြာတော်ကို စာတင်ခဲ့ကြတာဖြစ်ပြီး ထိုစဉ်ကလည်း အိမ်ပြာတော်ဘက်က ဖြေရှင်းစာနှင့်တကွ Drama ဆက်ရိုက်ကူးခွင့်ပေးခဲ့ပါတယ်။ ခုတခါ လူထုက ပိုအုံကြွလာတာမို့ အိမ်ပြာတော်က တာဝန်ယူဖြေရှင်းရပြန်ပါပြီ။ ဒါကြောင့် ဒီကနေ့ December 29 ရက်နေ့မှာ ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံး က (တရားသူကြီးချုပ် Park Byung-tae) ကိုယ်တိုင် နှစ်ဖက်လုံးရဲ့ လျှောက်လဲချက်တွေကို ကြားနာပြီး အမှုဆုံးဖြတ်ပေးခဲ့ပါတယ်။

လူထုရဲ့ လျှောက်တင်ချက်ကတော့ ခုလိုရေးထားပါတယ်။ “Snowdrop” Drama ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းနေသော ပုဂ္ဂိုလ်အများအပြားကို ညှဉ်းပန်းနှိပ်စက်ခဲ့သော အမျိုးသားလုံခြုံရေးအေဂျင်စီကို အမွှမ်းတင် ရိုက်ကူးထားပါတယ်။ ဒီကားကို တကမ္ဘာလုံးက ကြည့်ရှူနေကြတဲ့အတွက် ကျွန်ုပ်တို့ သမိုင်းကြောင်းကို မှားယွင်းနားလည်သွားမှာကို စိုးရိမ်ပူပန်မိပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

JTBC ရဲ့ ပြန်ချေပလွှာကတော့ ခုလိုဖြစ်ပါတယ်။ “SnowDrop drama ဟာ အာဏာရှင်တွေရဲ့ အသုံးချခံရခြင်းကြောင့် ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂိုလ်ရေးရာအကြောင်းတွေကို ဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က Episode တွေကို ခပ်မြန်မြန်လွှင့်ခဲ့တာမို့ ခုလောက်ဆို ဇာတ်ရည်လည်ပြီး ပရိတ်သတ်တွေစိုးရိမ်နေကြတဲ့ “သမိုင်းကြောင်းမှားယွင်းပုံဖော််မှု” သံသယ ပပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်။

ဒီ Drama ဟာ သမိုင်းကို ပုံပျက်စေတာမျိုး၊ အာဏာရှင်စနစ်ထောက်ခံအားပေး ရိုက်ကူးထားတာမျိုးမရှိကြောင်း ထပ်လောင်းပြောကြားလိုပါတယ်” ဆိုပြီး ဖြစ်ပါတယ်။ ခုလို လူထုနဲ့ JTBC ရဲ့ နှစ်ဦးနှစ်ဘက် လျှောက်တင်ချက်တွေ ကြားနာပြီးတဲ့နောက်မှာ တရားသူကြီးက တရားစီရင်လွှာ ခုလို ထုတ်ပေးခဲ့ပါတယ်။

“Snow Drop drama ဟာ ကြည့်ရှုသူတွေဘက်ကကြည့်ရင် သမိုင်းပျက်စီးနေတယ်လို့ ထင်ရပေမဲ့ အလုံးစုံမှားနေတယ်ဆိုတာ လက်ခံဖို့ခက်ခဲပါတယ်။ ထုတ်လုပ်သူတွေဟာ အာဏာရှင်ခေတ်ဆိုးအကြောင်းနဲ့ ဒီမိုကရေစီလမ်းစဉ်ရှေ့ဆက်အရှိန်အဟုန်မြင့်ဖို့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်တဲ့အတွက် ဥပဒေနဲ့ညိစွန်းနေတာမျိုးမတွေ့ရပါ”

ကျွန်ုပ်တို့ဟာ အဆိပ်အတောက်ဖြစ်စေမဲ့ အကြောင်းအရာပါမပါ သေချာစိစစ်ထားပါတယ်။ ဒါ့အပြင် ထုတ်လုပ်သူတွေဘက်ကကြည့်ရင် သူတို့မှာ ဒီ Drama ကို လွတ်လွတ်လပ်လပ်ပုံဖော်ဖို့ ကိုယ်ပိုင်လူ့အခွင့်အရေးရှိတာ​ကြောင့် ကျွန်ုပ်တို့ဘက်က ဝင်စွက်ဖက်ခွင့်မရှိပါ။ ဒါကြောင့် သူတို့ရဲ့ လူ့အခွင့်အရေးအရ ဒီ Drama ကို ထုတ်လွှင့်ပြသခွင့်ပိတ်ဖို့ နိုင်ထက်စီးနင်းတောင်းဆိုလို့မဖြစ်နိုင်ဘူးဆိုတာ အားလုံးကို အသိပေးလိုပါတယ်” ဆိုပြီး အမိန့်ချခဲ့ပါတယ်။

Source: Kbizcom
Photo Credit: JTBC
Written: Violet