Chinese Celebrity

Xiao Zhan ရဲ့ “Spotlight” သီချင်းကြောင့် စိတ်ခွန်အားပြည့်သွားနိုင်တဲ့ အကြောင်းအရင်း

Xiao Zhan ရဲ့ “Spotlight/ Made to Love” သီချင်းလေးဟာ ၂၀၂၀ ကတည်းက ထွက်ရှိခဲ့တာပါ။ ဒီသီချင်းလေးကို ဖန်တီးစဉ်က Xiao Zhan ဟာ ပရိသတ်တွေကို ခံစားသိရှိစေချင်တဲ့မျှော်လင့်ချက်တွေ အများကြီးထည့်ထားတာဖြစ်လို့ စိတ်နှလုံးသားအတွက် အကောင်းဆုံး အားအင်ဖြစ်စေမယ့် သီချင်းလေးအဖြစ် တင်စားခံရပါတယ်။

အထူးသဖြင့် သီချင်းလေးနဲ့ ပတ်သက်လို့ Xiao Zhan ဟာ “မနက်ဖြန်တိုင်းက ဘယ်လိုပဲဖြစ်နေပါစေ.. ချစ်ခြင်းတရားတွေနဲ့ ရှေ့ဆက်နေရပါမယ်။ ဒီသီချင်းလေးကနေ ကျွန်တော်ပေးချင်တဲ့ Message လေးက… လူတိုင်းမှာ ကိုယ်ပိုင်အစွမ်းအဆတွေရှိပြီး ကိုယ်ကျင်လည်ရာဘဝမှာ အလင်းရောင်လေးတစ်ခုလိုပဲ ကိုယ်တိုင်တောက်ပနိုင်စွမ်း ရှိကြပါတယ်။

လူသားအားလုံးသာ အချင်းချင်း စာနာဖေးမပြီး အတူရှေ့ဆက်ကြရင် မေတ္တာတရားတွေလွှမ်းခြုံနေတဲ့ နေ့ရက်တိုင်းကို ဖန်တီးနိုင်ပါလိမ့်မယ်။ အလင်းအစက်အပျောက်လေး တစ်ခုကနေ အားလုံးပေါင်းစည်းလိုက်တဲ့အခါ တောက်ပနေတဲ့ အလင်းတန်းကြီးဖြစ်သွားသလိုမျိုးပေါ့” ဆိုပြီး QQ Music မှာ ဖြေဆိုပြောကြားဖူးပါတယ်။

Xiao Zhan ရဲ့ “Spotlight” သီချင်းဟာ စိတ်ကိုနှစ်ပြီးနားထောင်ကြည့်လိုက်တဲ့အခါတိုင်း ရှောင်းကျန့်ပြောခဲ့တဲ့ ခံစားချက်ကို တကယ်ရရှိစေတာကြောင့် တော်တော်ကို နာမည်ကြီးတဲ့သီချင်းဖြစ်လာခဲ့ပါတယ်။ တောက်ပတဲ့စာသား‌တွေနဲ့အတူ မြူးကြွနေတဲ့သံစဉ်တွေဟာ နားဆင်ပြီးရင် ပါးစပ်ထဲစွဲသွားစေပြီး အချင်းချင်းကိုလည်း နွေးထွေးဖေးမပေးချင်မိတဲ့အထိ စိတ်ကို ခွန်အား‌ဖြစ်စေလာပါတယ်။ ဒါကြောင့်မို့လို့ “Spotlight” သီချင်းလေးကို မသိသေးရင် အပြေးလေး နားထောင်ကြည့်ကြပါဦးနော်။

Source: Sohu
Photos: Sohu
Translated by Ivy