Chinese Celebrity

လွမ်းနေကြတဲ့ ပရိတ်သတ်များကို တိုက်တိုက်ဆိုင်ဆိုင် ရင်ခုန်မှုတွေ ဖန်တီးပေးခဲ့တဲ့ Xiao Zhan

ဒိတ်ဒိတ်ကြဲ ထိပ်တန်းကြယ်ပွင့် တစ်ဦးဖြစ်တဲ့ Xiao Zhan ကို Public Area တွေမှာ မမြင်တွေ့ရတာ တစ်လကျော် ကြာခဲ့ပါပြီ။ တစ်လမှာ တစ်ကြိမ်သာ ကျင်းပတဲ့ “A Dream Like A Dream” ပြဇာတ်ဟာလည်း ဖျက်သိမ်းထားခဲ့တာကြောင့် လူတိုင်းက သူ့ကို အလွန်သတိရ နေကြပြီ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အားလုံးမျှော်လင့်နေကြတဲ့ မင်းသားချောလေးရဲ့ ပုံရိပ်အသစ်တွေကလည်း ပေါ်ထွက်လာခဲ့ပါတယ်။

မအားလပ်နိုင်တဲ့ အလုပ်တွေကြားမှာ မွန်းကြပ်နေမယ် ထင်ခဲ့ပေမယ့် ယခုအချိန်မှာ ဘေဂျင်းရှိ Universal Studios ကို ရုတ်တရက် ရောက်ချလာတဲ့ တက်ကြွတဲ့ Xiao Zhan နဲ့ တွေ့ဆုံခဲ့ကြရတဲ့ သတင်းဟာ အင်တာနက် စာမျက်နှာတွေမှာ ပျံ့လွင့်လာခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပရိတ်သတ်များရဲ့ အလွမ်းပြေ စကားတွေလည်း သောသောညံ သွားခဲ့ပါတော့တယ်။

ဆက်စပ်ပုံတွေအရ Xiao Zhan ဟာ အပေါ်မှာ Denim တံဆိပ်ဂျာကင်နဲ့ အတွင်းမှာ ဆွယ်တာအင်္ကျီတို့ကို နွေးနွေးထွေးထွေး ဝတ်ဆင်ထားပြီး ပေါ့ပေါ့ပါးပါး စတိုင်နဲ့ တစ်မျိုးတစ်ဖုံ ချစ်စရာကောင်းနေပါတယ်။ ချောင်ချောင်ပွပွ ဘောင်းဘီကို ၀တ်ထားသော်လည်း ရှည်လျားတဲ့ ခြေတံရှည်များဟာ လူအုပ်ကြီးရှေ့မှာ အလွန်ဆွဲဆောင်မှုရှိနေပြန်ပါတယ်။

အင်တာနက် အသုံးပြုသူ တစ်ဦးကလည်း ထိုနေရာမှာ Xiao Zhan နဲ့ တွေ့ဆုံခဲ့ပြီး အသံတိုးတိုးနဲ့ နှုတ်ဆက်ချိန်မှာ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အခြားအင်တာနက် သုံးစွဲသူတွေဟာလည်း Xiao Zhan ရဲ့ ပုံတွေကိုကြည့်ကာ “နှလုံးသားတွေ အရည်ပျော်တော့မယ်” လို့ ပြောဆိုခဲ့ကြပါတယ်။ လာရင်းကိစ္စတွေ ပြီးတဲ့နောက် Xiao Zhan နဲ့ သူ့အဖွဲ့ဟာ Universal Studios ကနေ ဆယ်နာရီ သုံးဆယ်မိနစ်ခန့်မှာ ထွက်ခွာသွားကြောင်း သတင်းရရှိပါတယ်။

သူ့ကိုလာတွေ့သူတွေ ပိုမိုများလာတာနဲ့အမျှ သူ့ကို တွေ့ခဲ့ပြီး မှတ်တမ်းတင်ခဲ့ကြတဲ့ ပုံရိပ်များကလည်း ပိုမိုထင်ရှားလာခဲ့ပါတယ်။ Universal Studios မှာ Xiao Zhan နဲ့ ဝန်ထမ်းများဟာ အဓိက အဆောက်အအုံရဲ့ ဒုတိယထပ်ကို ရောက်လာကြပြီး Xiao Zhan က လူအုပ်ကို ကင်မရာကို ညွှန်ပြကာ အပြန်အလှန် တုံ့ပြန်ဖို့ သူတို့ကို လက်ပြခဲ့တယ်လို့လည်း သိရပါတယ်။

Xiao Zhan နဲ့ အပြန်အလှန် နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ကြတဲ့ ပရိတ်သတ်တွေကတော့ အားကျစရာ အကောင်းဆုံး အခိုက်အတန့်ပါပဲ။ Xiao Zhan ရဲ့ ပရိတ်သတ်များဟာ သူ့ရဲ့ အနုပညာလက်ရာများကို အားပေးကြရုံသာမက သူ့ရဲ့ စရိုက်လက္ခဏာ၊ ယဉ်ကျေးသိမ်မွေ့မှု၊ ဖက်ရှင်ကျကျ ၀တ်စားဆင်ယင်မှု စသည်တို့ကလည်း ပရိသတ်များစွာကို ရရှိထားတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu