အစီအစဉ်တစ်ခုတည်းက ကွာခြားနေတဲ့ ပုံရိပ်နှစ်ခုကြား ဝေဖန်အကြံပေးမှုတွေ ရရှိခဲ့တဲ့ ထိပ်တန်းမင်းသမီး Fan Bingbing

Posted on

ဖျော်ဖြေရေး နယ်ပယ်ထဲမှာ သူဌေးမင်းသမီး Fan Bingbing နဲ့ ပတ်သက်ပြီး သူမရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာ လူသိများလှပါတယ်။ သိုပေမယ့် သူမဟာ ဖျော်ဖြေရေး နယ်ပယ်ထဲကနေ ခေတ္တ ပျောက်ကွယ် သွားခဲ့ရုံ သာမကဘဲ နယ်ပယ်ထဲက မိတ်ဆွေများနဲ့လည်း သူမအနေနဲ့ ပတ်သက်မှု မရှိတော့တာ (၄) နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဘဝရဲ့ မလွယ်ကူမှုတွေကို သိရှိပြီးတဲ့နောက်မှာ Fan Bingbing ဟာ ​​သူ့ရဲ့တန်ဖိုးကို လျှော့ချပြီး ဝင်ငွေရှာဖို့အတွက် အမျိုးမျိုးသော စီးပွားရေး တင်ဆက်မှုတွေကို တက်ရောက်ခဲ့ပါတယ်။ အချေမင်းသမီး ပီသစွာနဲ့ Fan Bingbing ရဲ့ ကြိုးစား အားထုတ်မှုတွေက အချည်းနှီး မဖြစ်ခဲ့ဘဲ အသက် (၄၀) အရွယ်မှာလည်း သူမဟာ လုပ်ငန်းအသေးစား ဖျော်ဖြေပွဲများကို ကျော်လွန်ပြီး ကြီးမားတဲ့ လုပ်ငန်း ဖျော်ဖြေပွဲများကို စတင်ချိတ်ဆက် နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က Fan Bingbing ဟာ The Samun Lisa အမှတ်တံဆိပ်ရဲ့ (၁၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကြော်ငြာပြပွဲကြီး တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ထိုနေ့က သူမဟာ Stella Sadie Couture ရဲ့ အဝါဖျော့ဖျော့ စကတ်ရှည်ကို ၀တ်ဆင်ထားပြီး သူမရဲ့ ပြေပြစ်ဖြူစင်တဲ့ အသားအရေနဲ့ အသက် (၄၀) အရွယ်ဆိုတဲ့ အရိပ်အယောင်တောင် မမြင်ရတဲ့ သူမရဲ့ နုပျိုလှပတဲ့ ဓာတ်ပုံများကို တွေ့မြင်ခဲ့ကြရပါတယ်။

Fan Bingbing ဟာ ​​ဖျော်ဖြေရေး လောက,ကနေ အချိန်အတော်ကြာ အနားယူခဲ့ပေမယ့် ပထမတန်း အမျိုးသမီး ကျော်ကြားသူများမှာ ရှိသင့်တဲ့ အရည်အချင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်တာကြောင့် သူမရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်နဲ့ တွဲဖက်ထားပြီး သပ်ရပ်လှပတဲ့ မိတ်ကပ်လိမ်းခြယ်မှုဟာ အင်တာနက်သုံးစွဲသူ တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

သူမ ရဲ့ အခြေအနေက တကယ်ကောင်းတယ်လို့ ထင်ခဲ့ပေမယ့် အခြေအနေတွေ ပြောင်းလဲဖို့ ဖြစ်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အင်တာနက် အသုံးပြုသူ အချို့က အဆိုပါပွဲမှာ တိုက်ရိုက်,ရိုက်ကူးထားတဲ့ ဓာတ်ပုံများကို ဖော်ထုတ်ခဲ့ ကြတာကြောင့် ဖြစ်ပါတယ်။ အင်တာနက်က ပျံ့လာတဲ့ ဓာတ်ပုံများထဲက Fan Bingbing ကတော့ Offical ချပြတဲ့ ပုံများနဲ့ ကွဲပြားနေခဲ့တာပါပဲ။

Fan Bingbing ရဲ့ အဝါဖျော့ဖျော့ဝတ်စုံဟာ အင်တာနက် သုံးစွဲသူများရဲ့ ဓာတ်ပုံတွေမှာ ရိုးရိုးအဝါရောင်သာ ဖြစ်နေပြီး သေချာနှိုင်းယှဉ် ကြည့်ပါက အနည်းငယ် စျေးသက်သာနေပုံ ပေါ်တယ်လို့လည်း သုံးသပ်ပြောဆို ခဲ့ကြပါသေးတယ်။ အဓိက,ကတော့ အဝတ်အစားတွေအပြင် Fan Bingbing ရဲ့ ပုံသဏ္ဍာန်ကလည်း အရမ်းကို ကွဲပြားနေခဲ့ပါတယ်။

ပုံထဲက Fan Bingbing ဟာ ​​ခန္ဓာကိုယ် အနည်းငယ် ကြီးနေပုံပေါ်ပြီး အထူးသဖြင့် ထူထဲနေတဲ့ ပုခုံးတွေက ကွာခြားမှုကို သိသာစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Fan Bingbing ရဲ့ အသားအရေဟာလည်း အနည်းငယ် မွဲခြောက်နေပုံ ပေါ်နေတယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ Offical ဓာတ်ပုံတွေထဲက ဖြူဖြူဖွေးဖွေး လှပတဲ့ အသွင်အပြင်နဲ့ နှိုင်းယှဥ်ကြည့်လျှင် အခြားလူ တစ်ယောက်နဲ့ တူနေခဲ့တာ ဖြစ်ပါတယ်။

Fan Bingbing ရဲ့ ပုံထဲက အခြေအနေအရ သူမလို ထိပ်တန်း အမျိုးသမီး ကြယ်ပွင့် တစ်ယောက်အတွက် ဒါဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်တာကြောင့် ပင်ကိုယ်က သန့်စင်ကောင်းမွန်တဲ့ သူမရဲ့ ရုပ်ရည်ကို ပြန်လည်မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။ ပရိတ်သတ်တွေဘက်ကလည်း ဒီကိစ္စကို နားလည်ပေးနိုင် ကြတယ်လို့ သိရပါတယ်။

Fan Bingbing ဟာ အချိန်အတော်ကြာ အနားယူခဲ့ပြီး အများအားဖြင့် အားလပ်ချိန် များစွာရှိခဲ့တာက လွတ်လွတ်လပ်လပ် နေဖို့ လွယ်ကူခဲ့တာမို့ သူမဟာ ပုံသဏ္ဍာန်အတိုင်း လိုက်လျောညီထွေ နေတတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

သို့သော် သူမအနေနဲ့ အနုပညာ နယ်ပယ်ထဲကို တစ်ကျော့ပြန် ဝင်ရောက်လာပြီ ဖြစ်တာကြောင့် ယခုလိုပဲ ဆက်သွားရင်တောင် အဆင်ပြေနိုင်တဲ့ ကျော်ကြားမှုကို ရရှိထားသူ ဖြစ်ပေမယ့် ပထမဦးစွာ သူမရဲ့ ပုံသဏ္ဍာန်ကို ထိန်းသိမ်းထားရမှာ ဖြစ်တယ်လို့လည်း အကြံပေးခဲ့ကြပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu