တရုတ်မှာ ပိုမိုကျယ်ပြန့်စွာ ထိုးဖောက်ရင်း စီးပွားရေးမိတ်ဖက်တွေ တိုးများလာတဲ့ Jackson Wang

Posted on

GOT7 နဲ့ ပွဲဦးထွက်ခဲ့တဲ့ ဟောင်ကောင်သားလေး Jackson Wang ဟာ လက်ရှိ ချိုင်းနားမှာ အနုပညာအခြေစိုက်ပြီး အောင်မြင်မှုတွေကို တကိုယ်တော်ချဲ့ထွင်နေပါတယ်။ Team Wang ကို ဦးဆောင်ရင်း solo artist အဖြစ် နယ်ပယ်စုံမှာ နာမည်ကြီးနေတဲ့ Jackson ဟာ မကြာသေးခင်ရက်ပိုင်းကပဲ စီးပွားရေးလောကထဲက နာမည်ကြီး Brand (၂) ခုရဲ့ Ambassador အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း တရားဝင်အသိအမှတ်ပြု ကြေညာခဲ့ပါတယ်။

ပထမဆုံး Brand ကတော့ လျှပ်စစ်ပစ္စည်းဆိုင်ရာ ကမ္ဘာကျော်ကုမ္ပဏီဖြစ်တဲ့ Beats by Dre ဖြစ်ပါတယ်။ ဒီဇင်ဘာ (၆) ရက်နေ့မှာပဲ Beats Global Brand Ambassador အဖြစ် Jackson ကို ခန့်အပ်ခဲ့ပြီး စီးပွားရေးခြေလှမ်းသစ်ကို စတင်ခဲ့ပါပြီ။ Jackson နဲ့အတူ သူ့ရဲ့ hip-hop project ဖြစ်တဲ့ Karencici, J. Sheon နဲ့ ICE တို့ကလည်း Beats Headphones အတွက် ကြော်ငြာဓာတ်ပုံများ ရိုက်ကူးခဲ့ပါတယ်။

ဒါတင်မက Jackson ဟာ ချိုင်းနားနာမည်ကြီးစားသောက်ကုန်ဖြစ်တဲ့ Snickers ထုတ်ကုန်အတွက်ပါ Ambassador ဖြစ်လာခဲ့ပြန်ပါတယ်။ Jackson နဲ့ Snickers တို့ရဲ့ လက်တွဲရှေ့ဆက်မှုကတဆင့် အရည်အသွေးပြည့် ‌အကောင်းစားထုတ်ကုန်တွေအပြင် Jackson ရဲ့လက်မှတ်နဲ့ ဓာတ်ပုံတွေပါ ပါဝင်တဲ့ merch တွေကိုပါ ထုတ်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Snickers ရဲ့ ပစ္စည်းသစ်‌မှာဆိုရင် စားစရာများ၊ beanie ဦးထုပ်အပြင်၊ Jackson Wang ရဲ့ postcard တွေပါ ပါဝင်လာခဲ့ပါတယ်။ ချိုင်းနားမှာ ကုန်ပစ္စည်းပေါင်းများစွာနဲ့ လက်တွဲနေတဲ့ Jackson ဟာ ကမ္ဘာကျော် Brand အများအပြားနဲ့ပါ အလုပ်လုပ်နေပါတယ်။ ဂီတဖန်တီးမှုတွေကို မနားမနေလုပ်နေတဲ့ Jackson ရဲ့ ဈေးကွက်စီးပွားရေးလွှမ်းမိုးနိုင်မှုကလည်း တကယ့်ကို အမြင့်တနေရာမှာ ရောက်ရှိလို့ နေပါပြီ။

Source: Koreaboo
Photos: Team Wang
Translated by Ivy