ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်နိုင်ပြီး ပရိတ်သတ်တွေရဲ့ ကရုဏာချစ်တွေကို သိမ်းပိုက်လေ့ရှိသူ Gao Zhiting

Posted on

မကြာသေးမီကပဲ ပရိတ်သတ်တွေ မျှော်လင့်နေကြတဲ့ “I’m Going Against the Wind” ဇာတ်လမ်းတွဲရဲ့ ပိုစတာများကို တရားဝင် ကြေငြာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကို Shanghai Stellar Gravitation Media ကုမ္ပဏီ လီမိတက်ကနေ ထုတ်လုပ်သွားမှာဖြစ်ပြီး Gong Jun ၊ Zhong Chuxi ၊ Gao Zhiting ၊ Wu Xuanyi ၊ Wei Zheming နဲ့ အခြားသရုပ်ဆောင်များ ပါဝင်မှာဖြစ်ပါတယ်။

၎င်းတို့ထဲမှာ Gong Jun၊ Wu Xuanyi အပါအဝင် အခြားသရုပ်ဆောင်များနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းခဲ့တဲ့ လူငယ်သရုပ်ဆောင် Gao Zhiting ကလည်း လူအများရဲ့ အာရုံစိုက်မှုတွေကို ရရှိခဲ့ပါတယ်။ Gao Zhiting ဟာ Yang Jian အဖြစ် သရုပ်ဆောင်ထားပြီး Xiang Chaoyang အဖြစ်ပါဝင်မယ့် Wu Xuanyi နဲ့ Love line တွေလည်း ပါဝင်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အင်တာနက် အသုံးပြုသူ အများအပြားကလည်း ဇာတ်လမ်းထဲက Yang စုံတွဲကို စောင့်မျှော်နေကြောင်း ထုတ်ဖော်ပြောဆို ခဲ့ကြပါတယ်။ မင်းသား Gao Zhiting ဟာ ​​သူ့ရဲ့ ပွဲဦးထွက်မှာတည်းက အရည်အချင်းတွေကို ကောင်းမွန်စွာ ချပြနိုင်ခဲ့ပြီး ဖျော်ဖြေရေး နယ်ပယ်ထဲက မင်းသမီးများစွာနဲ့လည်း တွဲဖက်လုပ်ကိုင်ဖူးကာ ပရိတ်သတ်တွေ စိတ်တိုင်းကျရတဲ့ CP များကို ​​အကြိမ်ကြိမ် အခါခါ တည်မြဲစေခဲ့သူလည်း ဖြစ်ပါတယ်။

ယခုနှစ် ပထမနှစ်ဝက်မှာ ထုတ်လွှင့်ခဲ့တဲ့ လူငယ်ဇာတ်လမ်းတွဲ “Stray Birds” မှာ Gao Zhiting ရဲ့ လုပ်ဖော်ကိုင်ဖက် Xu Lu က တွဲဖက် သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေကို နှစ်သက်သဘောကျ သွားစေခဲ့တဲ့ CP တစ်ခု ဖန်တီးနိုင်ခဲ့ပါတယ်။

၎င်းအပြင် မြို့ပြအချစ် ဒရာမာဇာတ်လမ်းတွဲ “Young and Beautiful” မှာလည်း Gao Zhiting ဟာ Zhang Tianai နဲ့အတူ တွဲဖက်ပြီး ပရိတ်သတ်တွေကို ရင်ခုန်မှု အသစ်တွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပွဲဦးထွက်ကတည်းက အတော်လေး ကောင်းမွန်ခဲ့တဲ့ Gao Zhiting ရဲ့ လက်ရာတွေဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ချီးကျူးမှုတွေတောင် ရှိခဲ့ပါတယ်။

ဆက်လက်ပြီး ပရိတ်သတ်တွေနဲ့ အရင်းနှီးဆုံး ဖြစ်စေခဲ့တဲ့ ကျောင်းသားဒရာမာ “A Love So Beautiful” ဇာတ်လမ်းတွဲမှာ Gao Zhiting သရုပ်ဆောင်ထားတဲ့ Wu Bosong ဇာတ်ကောင်ကတော့ ကမ္ဘာပေါ်မှာ အနူးညံ့ဆုံး အမျိုးသားများ စာရင်းထဲထိ အဆင့်သတ်မှတ် ခံခဲ့ရပါသေးတယ်။ ပရိတ်သတ်တွေရဲ့ ရင်ထဲကို အမှန်တကယ် ရောက်ရှိခဲ့ကြောင်း သက်သေပြဖို့ မလိုအောင် ရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။

သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ “Hunt City” မှာလည်း Gao Zhiting ဟာ လူကုန်ကူးသူများရဲ့ ဖမ်းဆီးခေါ်ဆောင် သွားတာကို ခံခဲ့ရတဲ့ မိဘမဲ့ Xiaowu အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူက ရဲရင့်တည်ကြည်ပြီး ပူးပေါင်းကြံစည်တတ်ကာ ကြင်နာတတ်တဲ့ နှလုံးသားရှိသူ Xiaowu အနေနဲ့လည်း ပရိတ်သတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့ပြန်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ အင်တာနက်သုံးစွဲသူ အများအပြားရဲ့ ရိုးသားတဲ့ အားပေးထောက်ခံမှုကို ရရှိတာကလည်း Gao Zhiting ရဲ့ သရုပ်ဆောင် စွမ်းရည်ကို သက်သေပြလိုက်တာလို့ ပြောရပါမယ်။ Gao Zhiting ရဲ့ အသိအမှတ်ပြုမှုက အမြဲတမ်း မြင့်မားနေပြီး ပွဲဦးထွက်ပြီးနောက် သူ့ရဲ့ ထင်ရှားတဲ့ ခွန်အားတွေကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံခဲ့ရပါတယ်။

အလားအလာရှိတဲ့ လူငယ်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Gao Zhiting ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် အားထုတ်မှု အသစ်တွေကလည်း ပရိတ်သတ်တွေကို ရင်ခုန်ကျေနပ်မှုတွေ ထပ်မံပေးစွမ်းဦးမယ်လို့ မျှော်လင့်ရင်း အတူတကွ စောင့်စားနေ ကြမယ်လို့လည်း မျှော်လင့်မိပါတယ်။

Written : Nair Nair
Source : Sohu
Photos : MDL