ဝမ်းနည်းလာတဲ့အခါ ချစ်ရသူက ဘာလုပ်ပေးဖို့လိုအပ်သလဲ.. Yang Yang ရဲ့ အဖြေက…

Posted on

အသက် (၃၀) အရွယ် ခန့်ခန့်ချောချောမင်းသား Yang Yang ကတော့ တကိုယ်တော် လူပျိုကြီးအဖြစ်နဲ့ အေးဆေးစွာဖြတ်သန်းနေပါတယ်။ ဥစ္စာပေါရုပ်ချော‌ဖြစ်ပြီး အောင်မြင်နေသူဖြစ်တာကြောင့် Yang Yang ရဲ့ အ‌ချစ်ရေးကိုလည်း မီဒီယာတွေက စိတ်ဝင်စားလှပါတယ်။ အချစ်ဇာတ်လမ်းကောင်းတွေရိုက်ကူးလေ့ရှိတဲ့ Yang Yang ကတော့ အနာဂတ်ချစ်သူကောင်မလေးနဲ့ပတ်သက်ပြီး တော်တော်လေး နွေးထွေးတဲ့ ခံယူချက်လေးတွေရှိနေပါတယ်နော်။

Youku Night ပွဲအခမ်းအနားကြီးကတော့ နှစ်တိုင်းကျင်းပလေ့ရှိပြီး ထိပ်တန်းမင်းသား Yang Yang ကလည်း ဆုယူဖို့ပွဲတက်ရလေ့ရှိပါတယ်။ တခါက ဆုယူပြီးတဲ့နောက်မှာ အခမ်းအနားမှူးက Yang Yang ကို အချစ်ရေးနဲ့ပတ်သက်လို့ အင်တာဗျူးပါတော့တယ်။ “မင်းမှာ ချစ်သူကောင်မလေးရှိမယ်ဆိုရင် မင်း ဝမ်းနည်းလာတဲ့အခါတိုင်း နှစ်သိမ့်ဖို့ သူမကို ဘာလုပ်စေချင်လဲ? ဒါမှမဟုတ် ချစ်‌မိတဲ့အခါ စောင့်ဆိုင်းမှာလား/ ကိုယ့်ဖက်က အရင် ခြေလှမ်းစမလား?” ဆိုပြီး မေးခွန်း (၂) ခု မေးခဲ့ပါတယ်။

ဒါကို Yang Yang က အေးအေးဆေးဆေးနဲ့ ယုံကြည်ချက်အပြည့် ပြန်ဖြေပေးခဲ့ပါတယ်။ “ကျွန်တော် ဝမ်းနည်းလာတာမျိုး၊ စိတ်အဆင်မပြေဖြစ်လာတာမျိုးဆိုရင် ကျွန်တော့်ချစ်သူက ထွေထွေထူးထူးလုပ်ပေးဖို့မလိုပါဘူး။ ကျွန်တော့်နားက ထွက်မသွားဘဲ ဒီတိုင်းလေး ငြိမ်ငြိမ်လေး ထိုင်ပေးနေရင်ကို ရပါပြီ။

ကျွန်တော့်ကို တစ်ယောက်တည်းမထားဘဲ အနားမှာပဲရှိပေးနေစေချင်ပါတယ်။ ကျွန်တော်က အခု ချစ်သူကောင်မလေးမရှိဘူးဆိုတော့… တကယ်လို့များ တစုံတယောက်ကို ချစ်မိသွားရင် သူမကိုရဖို့၊ သူမက ပြန်ချစ်လာဖို့ ဘာမဆိုလုပ်မိမှာပါ။ မဟုတ်ရင် ကျွန်တော်ချစ်ရသူကို တခြားသူလက်ထဲ ထည့်လိုက်ရမှာပေါ့။ အဲ့လိုတော့ အဖြစ်မခံပါဘူး” ဆိုပြီး Yang Yang က သေချာပေါက်ကြီး ဖြေပေးခဲ့ဖူးပါတယ်။

အချစ်ဇာတ်လမ်းတွေရိုက်ကူးပြီး အချစ်ရဲ့ ဒဿနတွေကို နောကြေနေတဲ့ Yang Yang ကတော့ ဘယ်သူ့ကို ချစ်မိသွားမလဲဆိုတာ မျှော်လင့်နေရပါပြီ။ လတ်တ‌လော Yang Yang နဲ့ပတ်သက်လို့ ပရိသတ်တွေခန့်မှန်းနေကြတဲ့ Dating သတင်းတွေလည်းရှိနေပါတယ်။ Yang Yang ရဲ့ ချစ်သူကောင်မလေးဖြစ်လာမယ့်သူကတော့ ကံအကောင်းဆုံးမိန်းကလေးဖြစ်လာမယ်ထင်ပါတယ်နော်။

Source: JTN
Photos: Studio
Translated by Ivy